Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ

  • Home
  • Myanmar
  • Yangon
  • Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ

Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ ဒေါ်ချမ်းမိုးမိုးဌေး
အထက်တန်းရှေ့နေ
09773835305
သင်ယူလေ့လာဥပဒေပညါ

တိုင်းရုံးမှာလုပ်ပေးဖြစ်တဲ့မဂ်လာလက်မှတ်ထိုးပွဲလေး🧡 #ဒေါ်ချမ်းမိုးမိုးဌေး #အထက်တန်းရှေ့နေ #09773835305 #လက်ထပ်စာချုပ်
29/01/2026

တိုင်းရုံးမှာလုပ်ပေးဖြစ်တဲ့မဂ်လာလက်မှတ်ထိုးပွဲလေး🧡

#ဒေါ်ချမ်းမိုးမိုးဌေး
#အထက်တန်းရှေ့နေ
#09773835305
#လက်ထပ်စာချုပ်

မေး။     ။ဆရာမရှင့် ငွေချေးစာချုပ်၊ ငွေယုံကြည်အပ်နှံရေးစာချုပ်တို့ ချုပ်ဆိုတဲ့အခါ ငွေယူသူက‌ ငွေပြန်မဆပ်ရင် ထိုစာချုပ်ချု...
22/01/2026

မေး။ ။ဆရာမရှင့် ငွေချေးစာချုပ်၊ ငွေယုံကြည်အပ်နှံရေးစာချုပ်တို့ ချုပ်ဆိုတဲ့အခါ ငွေယူသူက‌ ငွေပြန်မဆပ်ရင် ထိုစာချုပ်ချုပ်ပေးတဲ့ရှေ့နေကိုတရားစွဲလို့ရပါသလား။

ဖြေ။ ။အထက်ကမေးတဲ့အတိုင်း‌သာစာချုပ်ချုပ်ပေးတဲ့ရှေ့နေကို တရားစွဲလို့ရတယ်ဆို ဘယ်ရှေ့နေမှ ငွေချေးစာချုပ်ချုပ်ပေးကြမည် မဟုတ်တော့ပါ။

ရှေ့နေသည် မိမိ၏မိတ်‌ဆွေနစ်နာမှုမရှိစေရန်အတွက်သာ ဥပဒေနဲ့အညီစာချုပ်ချုပ်ဆိုပေးပါတယ်။

တစ်ခုသိရမှာက ရှေ့နေသည်
ငွေယူသူ မဟုတ်ပါ၊ သို့ပေမယ့် ရှေ့နေကနေပြီး အစ်မရေ သူကတော့ယုံကြည်ရတယ်၊ သူ့ကိုငွေချေးပေးလိုက် ကျတော်/ကျမကတော့ သူ့အတွက်အာမခံပါတယ်၊ သူ့ကိုငွေထုတ်ပေးလိုက်ပါလို့ ရှေ့နေကပြောခဲ့ရင်တော့ တရားစွဲလိုကစွဲနိုင်ပါတယ်။

အခုဟာက ရှေ့နေက ငွေယူသူကို ငွေချေးပေးလိုက်ပါတို့၊ ထိုသူကယုံကြည်ရပါတယ်လို့ ပြောခဲ့တာလည်းမရှိ၊ မိမိတို့အချင်းချင်းသာ ငွေပေးငွေယူလုပ်ပြီး ဥပဒေအရခိုင်မာမှုရှိအောင် ရှေ့နေငှားပြီး‌စာချုပ်ချုပ်ဆိုတာကို မိမိငွေပြန်မရတော့မှ ငွေယူသူရော၊ ရှေ့နေကိုပါတရားစွဲလို့ရလားဆိုတော့ မရပါဘူးလို့ဖြေဆိုပါရစေ။

အကယ်၍ မိမိငွေပြန်မရခဲ့ပါက ‌ငွေယူသူကိုသာတရားစွဲဆိုနိုင်ကြောင်းဖြေဆိုပေးလိုက်ပါတယ်ရှင့်။

"အစကောင်းမှ အနှောင်းသေချာ"ဆိုသည့်စကားအတိုင်း အကောင်းဆုံးကတော့ ဥပဒေနားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့သာ တိုင်ပင်ဆောင်ရွက်ပါလို့ ထပ်မံအကြံပြုပါရစေရှင့်။

Daw Chan Moe Moe Htay
09773835305



#စာချုပ်ရှေ့နေ





#ဒေါ်ချမ်းမိုးမိုးဌေး
#ရှေ့နေ
#ဥပဒေအကြံပေး

🍉ဂရန်မြေဝယ်ယူသူများအတွက် သတိပြုသင့်သည့်အချက်ဂရန်မြေ ဝယ်ယူမည်ဆိုပါက ထိုဂရန်၏ သက်တမ်းကို မဖြစ်မနေ စစ်ဆေးရန် အရေးကြီးပါသည်။...
16/01/2026

🍉ဂရန်မြေဝယ်ယူသူများအတွက် သတိပြုသင့်သည့်အချက်

ဂရန်မြေ ဝယ်ယူမည်ဆိုပါက ထိုဂရန်၏ သက်တမ်းကို မဖြစ်မနေ စစ်ဆေးရန် အရေးကြီးပါသည်။ ဂရန် သက်တမ်း ကုန်ဆုံးသွားသည့်အခါ ဂရန်ရရှိထားသူ (ရောင်းသူ) သည် ထိုမြေအပေါ် အသုံးပြုပိုင်ခွင့် အခွင့်အရေး တစ်စုံတစ်ရာ မရှိတော့ပါ။ ထို့ကြောင့် ကျူးကျော်သူများ ဝင်ရောက် နေထိုင်ပါကလည်း သက်တမ်းကုန်ဆုံးနေသော ဂရန်မြေကို အကြောင်းပြု၍ တရားစွဲဆိုခြင်းသည် အောင်မြင်နိုင်မည် မဟုတ်ပါ။
(အထက်ပါအချက်ကို ဦးဝင်းမောင်ပါ ၂ နှင့် ဒေါ်ငွေခိုင်(ခ)ဒေါ်လှမေ၊ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ - ၁၆၇ မှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

 #အများသိစေရန်ကြေညာခြင်း #၁၀.၉.၂၀၂၆ရက်စွဲပါ #ကြေးမုံသတင်းစာ #စာ၂၃  #ဒေါ်ချမ်းမိုးမိုးဌေး  #အထက်တန်းရှေ့နေ  #ဥပဒေ
10/01/2026

#အများသိစေရန်ကြေညာခြင်း
#၁၀.၉.၂၀၂၆ရက်စွဲပါ
#ကြေးမုံသတင်းစာ
#စာ၂၃
#ဒေါ်ချမ်းမိုးမိုးဌေး
#အထက်တန်းရှေ့နေ
#ဥပဒေ

 #လုပ်ငန်းအမှတ်တံဆိပ်အမည်အမှတ်အသားမှတ်ပုံတင်သွင်းမြွတ်ဟကြေညာခြင်း #ဒေါ်ချမ်းမိုးမိုးဌေး  #အထက်တန်းရှေ့နေ  #09773835305
16/12/2025

#လုပ်ငန်းအမှတ်တံဆိပ်အမည်အမှတ်အသားမှတ်ပုံတင်သွင်းမြွတ်ဟကြေညာခြင်း
#ဒေါ်ချမ်းမိုးမိုးဌေး
#အထက်တန်းရှေ့နေ
#09773835305

 #သတိပြုရန်(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝ...
17/10/2025

#သတိပြုရန်

(၁) အိမ်ငှါးရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၂) ကျူးကျော်သူ ရှိတဲ့ အိမ်ကို မဝယ်နဲ့။
(၃) မြေရှင်က အခမဲ့ထားတဲ့ အိမ်ကို မဝယ်နဲ့။
(၄) ယခင် အိမ်ရှင်ကို ဝယ်ပြီးရင်မထားနဲ့။
(၅) ယခင် အိမ်ရှင်ကို အိမ်ငှါးပါတယ်လို့လဲ စာချုပ်မချုပ်နဲ့။

အဘယ်ကြောင့်ဆိုသော်:-

(၁) အိမ်ငှါးနေထိုင်နေသည့် အိမ်နှင့်မြေကို မည်သို့မျှ မဝယ်နှင့်။ လက်ရောက်ရယူတယ်လို့ မခေါ်နိုင်။ အရောင်းအဝယ်စာချုပ် မမြောက်။ ဝယ်တဲ့သူက အိမ်ငှါးကို ဖယ်လို့မရ။ ဟန်ဆောင်စာချုပ်လို့ သတ်မှတ်နိုင်။ ရောင်းတဲ့သူကသာ အိမ်ငှါးကို ဖယ်ရှားခွင့်ရှိ။

(၂) ရောင်းသူက အိမ်ရောင်းသည် သို့ပေမဲ့ ကျန်းမာရေးမကောင်းလို့ မဖယ်ပေး။ လက်ရောက်မရသေး ရင် နှင်လိုမှုစွဲလို့မရ။ လက်ရှိဖြစ်မှ သီးခြားသက်သာခွင့် (၉) အရ လက်ရောက်ရယူလိုမှုစွဲလို့ရ။ အိမ်ရှင်ကို အိမ်ပေါ်မထားရ။

(၃) မြေကွက်တစ်ကွက်ကို ဦးဖြူကပိုင်ပြီး၊ ထိုမြေကွက်ကို ဦးမဲကကျူးကျော်နေထိုင်သည်။ ထိုအချိန်တွင် ဦးဖြူက ဦးပြာကိုရောင်းချသည်။ မှတ်ချက် မူလပိုင်ရှင် ဦးဖြူကသာ ကျူးကျော်သူကို နှင်လို့ရသည်။

(၄) မြေရှင်က မြေကွက်ပေါ်မှာ အခမဲ့ နေထိုင်ခွင့်ပေးထားသည်။ ယခုလို မြေမျိုး မဝယ်ပါနှင့်။ ဝယ်တဲ့သူက နှင်လို့မရ။ ဖယ်ရှားလို့မရ။ နှင်မည်ဆိုက ခွင့်ပြုချက်ပေးသူကသာ နှင်လို့ရ။

(၅) အိမ်ရှင်ထံမှ ဝယ်ပြီး၊ အိမ်ရှင်ကို အိမ်ငှါးအဖြစ် ပြန်လည်စာချုပ်ချုပ်ဆိုမည့် အိမ် မဝယ်နဲ့။ မြေပေါ်မှာ ပိုင်ရှင်ကို မထားနဲ့။ ပျက်ပြယ်လိုက ပျက်ပျယ်ခွင့်ရှိ။

(၆) ရောင်းသူက အိမ်ထောင်ရှိလျှင် လင်/မယား နှစ်ဦးလုံးကို လက်မှတ်ထိုးဝယ်ရန်။ အမည်မပေါက်တဲ့သူကို သက်သေနေရာက ရေးထိုးထားပါ။

Credit 🥰

© ဆရာဦးခင်ဇော် (မရမ်းကုန်း)
© ဦးမောင်မောင်မင်းခေါင် (တရားလွှတ်တော်ရှေ့နေ)

"မိသားစု စီမံမှု စာချူပ်စာတမ်း"" မိသားစုစီမံမှု" တစ်ခုကို ပြုလုပ်ကြမယ်ဆိုပါရင် အမွေဆိုင်အားလုံးရဲ့သဘောတူညီချက် ရရှိဖို့က...
14/10/2025

"မိသားစု စီမံမှု စာချူပ်စာတမ်း"

" မိသားစုစီမံမှု" တစ်ခုကို ပြုလုပ်ကြမယ်ဆိုပါရင် အမွေဆိုင်အားလုံးရဲ့သဘောတူညီချက် ရရှိဖို့ကတော့ အထူးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အမွေဆိုင်တွေထဲက တစ်ယောက်ကျန်၊ နှစ်ယောက်ကျန်နဲ့ စီမံမှု ကို လုပ်လို့မရပါဘူး။ (တောင်မင်းနှင့် ရန်ကူမာရမ်၊အေအိုင်အာ၊ ၁၉၁၄။ရန်ကုန်-၁၇၆)

သဘောတူညီမှုစုံလျှင် ပြီးပါသည်။ လူစုံရန် မလိုပါ။
ဒီကိစ္စကို ဥပမာနှင့်ပြောရရင်တော့ မိသားစုတစ်စုမှာ အမွေဆိုင်(၅)ဦးရှိတယ် ဆိုပါစို့ " မိသားစုစီမံမှု " ပြုလုပ်ကြတဲ့အခါ (၄)ဦးပဲ ရှိတယ် ။ကျန် (၁) ဦးကပြည်ပမှာ အလုပ်လုပ်ကိုင်နေတယ်ဆိုရင်လည်း ရပါတယ်။
ဒါပေမဲ့ အဲ့ဒိတစ်ယောက်က သူရရှိမယ့် ခွဲဝေမှု (မြေနှင့်တိုက်) ကို သဘောတူ လက်ခံဖို့နဲ့ ကျန်သူ(၄)ဦးရယူကြမယ့် မြေနှင့်တိုက်(အမွေ) တွေကို သိရှိ သဘောတူဖို့တော့ လိုပါတယ်။ ဒါမျိုးကို သဘောတူပါတယ်လို့ စာနဲ့လက်မှတ်ရေးထိုးပေးပို့ရင်လည်း ရပါတယ်။ တကယ်လို့ တယ်လီဖုန်းနှင့် ပြည့်ပြည့်စုံ စုံပြောမယ်ဆိုရင်လည်း လက်ခံနားထောင်သူကတရားရုံးကျမ်းကျိန်လွှာနှင့်ဖော်ပြပြီး ပါဝင်ချုပ်ဆိုလို့ ရပါတယ်။ (ဖြစ်နိုင်ရင် အမွေဆိုင်တဲ့အထဲက သူက နားထောင်/ကျမ်းကျိန်လျှင် ပိုပြီး အဆင်ပြေပါတယ်။
(ဦးထွန်းရင်ပါ-၂ နှင့် မဝင်းရီပါ-၈ ၊၁၉၉၄၊ မတစ-၇၄)

အမွေဆိုင်မဟုတ်သူ ပါဝင်ချုပ်ဆို၍ မရပါ။
"မိသားစုစီမံမှု " စာချုပ်စာတမ်းပြုလုပ်ချုပ်ဆိုကြတဲ့အခါမှာ တရားဝင် အမွေဆိုင် မဟုတ်ဘူး၊ တစ်ဦးတစ်ယောက်က ပါဝင်ချုပ်ဆို အမွေခွဲဝေမှု ခံယူခြင်း ပြုလုပ်ခဲ့ရင် မိသားစုစိမံမှု (သဘောတူစာချုပ်) ဟာ ပျက်ပျယ်ပါတယ်။
အမွေဆိုင် မဟုတ်သူကို အမွေခွဲဝေ ပေးလို့ မရဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
(ညွှန့်မောင်နှင့် ဒေါ်မြရွှေ ၊ ၁၉၇၄၊ တရားမအယူခံ-၃၃)

အမွေရှင်မသေမီ တရားစွဲတောင်းဆို၍ မရပါ။
" မိသားစု စီမံမှု " တစ်ခုကို မည်မျှပင် ခိုင်မာအောင် ပြုလုပ်ထားပါစေ ထိုခိုင်မာသော မိသားစုစိမံမှုမှာ " သဘောတူစာချုပ်" (သို့) စိမံမှုတွင် ပါရှိချက်များကို အမွေရှင်သေဆုံးပြီးမှသာ စီမံခန့်ခွဲကြရမည်ဖြစ်ပါတယ်။ " အမွေရှင် " မသေမီ အချိန်မှာ အမွေဆိုင်ထဲက တစ်ဦးတစ်ယောက်ဖြစ်စေ တစ်ဦးတစ်ယောက်ထပ်ပိုပြီးဖြစ်စေ၎င်းတို့က မိမိရရှိမယ့် အမွေပုံကို ကြိုတင်တောင်းခံပိုင်ခွင့် မရှိပါဘူး။ မသေမီ အမွေကြိုတောင်းလို့ မရဘူး။
(မအေးမြနှင့် မကွန်း ၊ ၂ ယူဘီအာ ၁၈၉၂/၁၈၉၆-၁၀၂)

အမွေရှင် သေဆုံးပြီးချိန်၌ ပယ်ဖျက်နိုင်ခွင့် မရှိပါ။
" မိသားစု စီမံမှု" ကို ပြုလုပ်သည့်အမွေရှင် သေဆုံးပြီးချိန်တွင် ထိုမိသားစုစီမံမှု( သဘောတူစာချုပ်) ပါ အချက်အလက်များကို ပယ်ဖျက်လိုပါသည်ဟု တင်ပြတောင်းဆိုခွင့်မရှိပါဘူး။ ဒိအချက်က အရေးကြီးပါသည်။ အမွေဆိုင်အားလုံးသဘောတူညီထားပြီးလည်းဖြစ်၊ အမွေရှင်က ကျေနပ်ထားပြီးလည်း ဖြစ်တဲ့ " မိသားစုစီမံမှု" တစ်ခုကို အမွေရှင် ကွယ်လွန်ချိန်မှာ ပယ်ဖျက်ကြမည်ဆို၍ မရနိုင်ပါ။
(မအေးမြနှင့် မကွန်း ၊ ၂ ယူဘီအာ ၁၈၉၂/၁၈၉၆-၁၀၂) စီရင်ထုံး၌ပင်။

" မိသားစုစီမံမှု" အရ ခွဲဝေမှုပြုပြီးလျှင်ဖောက်ဖျက်/ငြင်းဆို၍ မရပါ။
အမွေရှင်ကွယ်လွန်ပြီး မိသားစုစီမံမှုအရ အမွေဆိုင်များကို အမွေခွဲဝေပြီး ဖြစ်လျှင် ထိုခွဲဝေမှုကို မကျေနပ်ပါဟူ၍ ဖောက်ဖျက်လိုခြင်း၊ ငြင်းဆိုခြင်းစသည်တို့ ပြုလုပ်ခွင့် မရှိပါ၊ ကိုယ့်မိသားစုတစ်စုထဲမှာ မိမိတို့ သဘောဖြင့် ပြုလုပ်ထားသော " မိသားစုစီမံမှု" တစ်ခုသာဖြစ်သော်လည်း တရားဥပဒေအရ အလွန်ခိုင်မာသော အစီအမံတစ်ခု ဖြစ်နေပါသည်ဆိုတာကိုတော့ သတိထားကြရပါသည်။
(မပန်းစိနှင့် မလှရင်၊ ၁၉၆၃ ၊ မတစ -၈၀၀/၈၀၈)

"မိသားစုစီမံမှု" တစ်ခု၏ ခွဲဝေမှုမှာ ဥပဒေနှင့် မညီသော်လည်း ခိုင်မာသည်။
မိသားစုစီမံမှုဆိုသည်မှာ မိမိမိသားစု အချင်းချင်း ကျေနပ်သဘောတူကြ၍ မိသားစုတစ်စုအတွင်း ပြုလုပ်ကြသည့် စီမံမှု(ခွဲဝေမှု)သာဖြစ်ပါသည်။ သို့ပါ၍ ဥပဒေအရ /ဥပဒေပညာရှင်များဖြင့် ခွဲဝေသည့်အမွေပုံ အချိုးကျရရှိခြင်းနှင့်တော့ တူညီမည် မဟုတ်ပါ။
ထိုသို့ တူညီမှုရှိနေရန် မလိုပါ။မိသားစုတစ်စုအတွင်း ကျေနပ်စွာ ခွဲဝေမှု ပြုလုပ်ပြီး ဖြစ်သည့်အတွက် "မိသားစုစီမံ"မှာ ခိုင်မာမှုအပြည့်အဝရှိပါသည်။
(ဦးမြတ်ဖြုနှင့် မစောရှင် ၊ ၁၉၄၉ မတစ(လွှတ်တော်)၄၉၂)

" မိသားစုစီမံမှု" အရ ခွဲဝေပြီးလျှင် မိသားစုအတွင်း အမွေမှု မဖြစ်တော့ပါ။

အထက်ကရေးသားဖော်ပြခဲ့တဲ့ ခိုင်မာမှု အလွန်ပြည့်စုံပါတဲ့ " မိသားစုစီမံမှု" ဖြင့် အမွေပုံကို ခွဲဝေပြီးဖြစ်သွားပါလျှင် ထိုမိသားစုအတွင်း အမွေမှု ထပ်မံဖြစ်ပွားရန်အကြောင်းမရှိတော့ပါ။ဒီလောက်ကို ခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။(ဦးထွန်းမြင့်နှင့် ဒေါ်ငွေကြည် ၊ ၁၉၈၃ ၊မတစ ၁၀၁ )

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ကြရပါမည်။

"မိသားစုစီမံမှု" တစ်ခုပြုလုပ်ရာမှာ " မရွေ့မပြောင်းနိုင်သောပစ္စည်း" များအပြင် ရွေ့ပြောင်းနိုင်သော ပစ္စည်းများကိုပါ ထည့်သွင်းစီမံ၍ ရပါသည်။ သို့သော် တကယ့်လက်တွေ့တွင် ရွေ့ပြောင်းနိုင်သောစိန်၊ ရွှေ ကဲ့သို့ ပစ္စည်းများမှာ လက်ရောက်ပေးအပ် အမွေပေးကြမည်ကသာ များပါသည်။
" မရွေ့မပြောင်းနိုင်သောပစ္စည်း" ဖြစ်သည့် အိမ်ခြံမြေတိုက်ခန်းတို့ကို အမွေပေးကြရသည် ဖြစ်ပါ၍ စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ(၁၇) အရ စာချုပ်စာတမ်း မှတ်ပုံတင်ကြဖို့မှာ မေ့လျော့၍ မဖြစ်သော အကြောင်းအရာတစ်ခုဖြစ်ပါကြောင်း အထူးသတိပေးလိုပါသည်။
(ဦးအောင်ညွှန့်နှင့် မောင်အုန်းမြင့် ၊ ၁၉၈၁၊ မတစ ၁၂၁)

အမွေရှင်သေဆုံးပြီးမှ " မိသားစုစီမံမှု" ပြုလုပ်လိုပါသလား။
ရပါတယ်။အမွေဆိုင်အားလုံး၏ သဘောတူညီမှု ရရှိဖို့ လိုအပ်ပါတယ်။သို့သော် အခြားဥပဒေများကို ဆန့်ကျင်၍ မရတော့ပါ။ ဒါကြောင့် အမွေရှင်မသေဆုံးမှီပြုလုပ်သော " မိသားစုစီမံမှု" ကဲ့သို့ ခိုင်မာမှု မရှိတော့ပါ။
(၁၉၃၇၊ မြန်မာ၊ ဗုဒ္ဓဘာသာဥပဒေ ၊စာ-၁၁၉)
Credit


သို့သော်

မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးနောက်
သားသမီးတစ်ဦးဦးမိဘအရင်ဦးစွာ
ကွယ်လွန်လျှင် ။

မိသားစုစီမံမှုဆိုတာက မိဘများသက်ရှိထင်ရှားရှိစဉ်
နောင်အချိန်တွင် အမွေကိစ္စအငြင်းမပွားကြစေဘဲ
သားသမီးများကိုအမွေခွဲဝေယူနိုင်ရန်အတွက်ပြုလုပ်
သည့်ပဋိညာဉ်စာချုပ်ဖြစ်သည်ကိုအများသိကြပြီးဖြစ်
ပါတယ် ။
မိသားစုစီမံမှု့စာချုပ်ကိုပြုလုပ်ချုပ်ဆိုရာတွင်မရွှေ့မ
ပြောင်းနိုင်သောပစ္စည်း ကျပ်တသိန်းအထက်တန်ဘိုးရှိ
ပစ္စည်းပါဝင်ပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှတ်ပုံတင်
မှသာတရားဝင်ပါတယ် ။
မိသားစုစီမံမှု့စာချုပ်မှာလတ်တလောအကျိုးသက်
ရောက်မှု့မရှိဘဲ ၊ အမွေရှင်မိဘများကွယ်လွန်ပြီးမှသာ
အကျိုးသက်ရောက်မှု့ရှိပါတယ် ။ မိဘများအသက်ရှိ
စဉ်မှာတော့ "ပေးကားပေး၏မရ " ဆိုရမည်ဖြစ်ပါတယ်။
ဒါကြောင့်မိသားစုစီမံမှုကိုအကြောင်းပြုပြီးမြန်မာ့ဓလေ့
ထုံးတန်းဥပဒေအရ အမွေဆက်ခံရေးမူများပြောင်းလဲ
စေခြင်းမရှိနိုင်ပါ ။
အထက်ကမေးထားသည့်မေးခွန်းကိုဖြေဆိုရမည်ဆိုက-
မိခင်ကွယ်လွန်ပြီးနောက် ဖခင်နှင့်သားသမီး ၄ ယောက်
ကျန်ရှိခဲ့သည် ။ မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးနောက်
ပိုင်း ဖခင်မကွယ်လွန်မီ သားအလတ်ကွယ်လွန်သွားပြီး
ထိုသားတွင် သားတယောက် သမီးတယောက်ကျန်ရစ်
ခဲ့ပါသည် ။
ယခုအခါအမွေရှင်ဖခင်ကြီးကွယ်လွန်သွားသဖြင့် အမွေ
ခွဲဝေကြရာအငြင်းပွားမှုပေါ်ပေါက်လာခြင်းဖြစ်သည် ။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင်ကွယ်လွန်
ပြီးနောက်မှသာ အမွေဆက်ခံခွင့်ပေါ်ပေါက်သည့်အ
အတွက် မိသားစုစီမံမှု့စာချုပ်ချုပ်ဆိုထားသော်လည်း
မိဘများသက်ရှိထင်ရှားရှိစဉ် မိသားစုစီမံမှုစာချုပ်ကို
အကြောင်းပြု၍အမွေခွဲပေးရန်တောင်းဆိုခွင့်မရှိခြင်း
ဖြစ်ပါတယ် ။
ထို့ကြောင့် မိသားစုစီမံမှုစာချုပ်ပြုလုပ်ထားသော်လည်း
မိဘထက်ဦးစွာကွယ်လွန်သည့်သားသမီးများကမွေးသူ
များသည် အမွေမမှီမြေးသာဖြစ်၍ ဦးလေး အဒေါ် ဘကြီး ဘထွေးတို့နှင့်ထပ်တူအမွေရခွင့်မရှိဘဲ အမွေမ
မှီမြေးဝေစုသာရခွင့်ရှိပါမည် ။ ဦးလေးအဒေါ်စသူတို့
နှင့်တန်းတူအမွေရခွင့်ရှိမည်မဟုတ်ပါ ။ မိသားစုစီမံမှု့
စာချုပ်သည်လတ်တလောအမွေခွဲဝေခြင်းမဟုတ်ဘဲ
နောင်အနာဂါတ်ကာလအတွက်ပြုလုပ်ခြင်းဖြစ်၍ ကြား
ကာလ၌ပေါ်ပေါက်လာသည့် မိသားစုအတွင်းအပြောင်း
အလဲများပေါ်မူတည်၍ အမွေဝေစုများလည်းပြောင်းလဲ
သွားနိုင်သည်ကိုသတိပြုရန်ဖြစ်ပါတယ် ။
ထိုကြောင့် မိဘထက်ဦးစွာကွယ်လွန်သွားသည့်သားမှ
ကျန်ရစ်သည့်မြေးနှစ်ယောက်သည် ဖခင်သက်ရှိထင်
ရှားရှိလျှင်ရရှိမည့် အမွေဝေစု၏ ၄ပုံ ၁ပုံကိုသာရရှိမည်
ဖြစ်ပါတယ် ။ စီမံမှု့စာချုပ်အတိုင်းရရှိနိုင်မည်မဟုတ်ပါ။
အလားတူပင် မိသားစုစီမံမှုပြုလုပ်ပြီးနောက်ကျန်ရစ်သူ
မိဘနောက်ထပ်အိမ်ထောင်ပြုသွားလျင်လည်း မိသားစု
စီမံမှုစာချုပ်ပါအခွင့်အရေးများမှာပြောင်းလဲသွားမည်
ဖြစ်ပါတယ် ။

credit Original Writer

14/10/2025

#ချေးငွေကို အိမ်အရောင်းအဝယ်စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် #ဟန်ဆောင်စာချုပ်အပေါ် အခြေခံစွဲဆိုသော အမှုတွင် ဟန်ဆောင်ချုပ်ဆိုထားသော စာချုပ်နှင့်ပတ်သက်၍ စွဲဆိုသော အမှုကို ခိုင်မာသောအ‌ခြေခံမရှိသဖြင့် ပလပ်ရန်ဖြစ်သည်။

(ဦးခွေး နှင့် ဦးအေး ပါ-၂၊ ၁၉၆၅ ခုနှစ်၊ မ.တ.စ၊ စာ- ၁၁၁၆။)

💜 မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်💜

Daw Chan Moe Moe Htay
📲 09 773 835 305 📲

ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခ...
29/08/2025

ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ့အကြုံကိုရေးတာပါ။)

အရောင်းအဝယ် စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1️⃣ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2️⃣စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာလျှင် စရန်ချပါ။

3️⃣စရန်ချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်ပါ ၄-မျိုး ရမှငွေပြေချေပါ။

1️⃣အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2️⃣မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3️⃣မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4️⃣မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် အောက်ပါ ၃-ဆင့်။

1️⃣ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2️⃣ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

4️⃣ အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

credit -ဆရာ ကြည်စိုးIC
#ဆရာကိုလေးစားလျက်
ကျေးဇူးတင်ပါတယ်ရှင့်

Address

Yangon

Telephone

+959773835305

Website

Alerts

Be the first to know and let us send you an email when Daw Chan Moe Moe Htay -အထက်တန်းရှေ့နေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category