Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd

  • Home
  • Myanmar
  • Yangon
  • Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd

Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd, Lawyer & Law Firm, Buil21, Kamarkyi Housing , TharKayTa Township, Yangon.

 #ဆိုက်ဘာလုံခြုံရေးဥပဒေ  The Cyber Security Law ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့မှ စပြီး အာဏာတည်စေရမည်ဟု အမိန့် ကြော်ငြ...
01/08/2025

#ဆိုက်ဘာလုံခြုံရေးဥပဒေ The Cyber Security Law ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့မှ စပြီး အာဏာတည်စေရမည်ဟု အမိန့် ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၅ နှင့် ထုတ်ပြန်လိုက်ပါတယ်


service

09/04/2024
၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား အတည်ပြု ထုတ်ပြန်ခဲ့သည်။
30/03/2024

၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား အတည်ပြု ထုတ်ပြန်ခဲ့သည်။

25/03/2024

#မြေကွက်ဝယ်တော့မယ်ဆိုရင်သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

လူတစ်ယောက်အတွက်၊ မိသားစုအတွက် နေထိုင်စရာ ကျောတစ်ခင်းစာ နေရာဟာ မရှိမဖြစ် ဖန်တီးဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးအသပြာလေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင်

(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit-ဥပဒေရေးရာ

Baydar

22/03/2024

🙏မင်္ဂလာပါ ရှင်🙏

လူကြီးမင်းတို့၏ လုပ်ငန်းများ ပိုမိုလျှင်မြန် လွယ်ကူ စေရန် Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd မှ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဝန်ဆောင်မှုပေးပါရစေ …🤝🤝🤝

Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd မှ အကျိုးဆောင်ပေးသော ဝန်ဆောင်မှု များ ………👇

🔷 Company လိုင်စင်မှတ်ပုံတင်ခြင်း (One Stop Service)

🔷 ကုမ္ပဏီ အမည်ပြောင်းခြင်း ၊ ဒါရိုက်တာစာရင်း ပြောင်းခြင်း၊ ကုမ္ပဏီ အစုရှယ်ယာများ ပြောင်းခြင်းကုမ္ပဏီရုံးခန်း လိပ်စာများ ပြောင်းလဲခြင်း

🔷 ကုန်ပစ္စည်း အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း

🔷 သွင်းကုန်၊ ထုတ်ကုန် ကုန်သွယ်မှု တရားဝင်လက်မှတ်လိုင်စင်များလျှောက်ထားခြင်း

🔷 ကသခ (၂) လျှောက်လွှာတင်ခြင်း၊ ကသခ (၃၁) လျှောက်လွှာတင်ခြင်း ၊ Company နှစ်စဉ် ဘဏ္ဍာရေးစာရင်း( Annual Return) ၊ (၃)လ တစ်ကြိမ် အစီရင်ခံစာ ( Quarterly Return) ၊ နှစ်ချုပ်အကြောင်းကြားစာ၊

🔷 Bank Lone

🔷 အိမ်ခြံမြေ တိုက်ခန်း ရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားခြင်းစာချုပ်များ၊
🔷မိသားစုစီမံစာချုပ်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်များ၊
🔷ပိုင်ဆိုင်မှု့ လွှဲပြောင်းခြင်း စာချုပ်များ၊
🔷GP (အထွေထွေ)၊ SP (အထူး) ကိုယ်စားလှယ်လွှဲစာ များ မှတ်ပုံတင်ပေးခြင်း၊ ပယ်ဖျက်ပေးခြင်း၊
🔷ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်းစာချုပ်များ
🔷သတင်းစာ ကြေငြာအမျိုးမျိုး ကြေငြာခြင်း

စသည့် ကိစ္စရပ်များအတွက် Myanmar Golden Sapphire Company သို့ ဆက်သွယ် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

📱 09792564113

📧 Email Address - [email protected]
















#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကြော်ငြာခြင်း

Address

Buil21, Kamarkyi Housing , TharKayTa Township
Yangon
11231

Website

Alerts

Be the first to know and let us send you an email when Myanmar Golden Sapphire Law Firm & Legal Consultant Service Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share