Shwe Moe Thet - ရွှေမိုးသက်

Shwe Moe Thet - ရွှေမိုးသက် လက်ထပ်စာချုပ် နှင့် (အိမ်ခြံမြေ)စာချုပ်စာတမ်းများလိုက်ပါဆောင်ရွက်ပေးပါသည်

☎...09 420 214 457

 #တရားဝင်လက်ထပ်ထိမ်းမြားခြင်းဝန်ဆောင်မှု(အစအဆုံးတာဝန်ယူဆောင်ရွက်ပေးခြင်း)💏မဂ်လာလက်ထပ်စာချုပ်လက်မှတ်ရေးထိုးမယ့်စုံတွဲလေးမ...
27/10/2025

#တရားဝင်လက်ထပ်ထိမ်းမြားခြင်းဝန်ဆောင်မှု(အစအဆုံးတာဝန်ယူဆောင်ရွက်ပေးခြင်း)

💏မဂ်လာလက်ထပ်စာချုပ်လက်မှတ်ရေးထိုးမယ့်စုံတွဲလေးများအတွက် တရားရုံးဆိုင်ရာလက်ထပ်ထိမ်းမြားမှု ကိစ္စရပ်များကို တိကျမှန်ကန်စွာဆောင်ရွက်ပေးပါတယ်

ဝန်ဆောင်မှုများ.....
----------------
🔹 လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
ဥပဒေအကြံဥာဏ်များပေးခြင်း
🔹 ရှေ့နေဖြင့် လက်ထပ်စာချုပ်ရေးဆွဲချုပ်ဆိုခြင်း
🔹 ရှေ့နေသက်သေဖြင့် နှစ်ဦးသဘောတူ လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း
🔹 တရားရုံး/တရားသူကြီး ရှေ့ မှောက်တွင် တရားဝင်ကျမ်းကျိန်၍ လက်ထပ်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းစဥ်များ လိုက်ပါဆောင်
ရွက်ပေးခြင်း
🔹 တရားရုံးရှေ့ အဆင်သင့်လက်မှတ်ထိုးရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်းနှင့် တင်ပြပေးခြင်း
🔹အချိန်တိုအတွင်းအမှားအယွင်းကင်းစွာပြီးစီးအောင်ဆောင်ရွက်ပေးခြင်း
💖အမြန်ဆုံးနဲ့ အဆင်ပြေဆုံး ဥပဒေနဲ့အညီ စိတ်ချယုံကြည်ရဆုံး
👩‍❤️‍👩 စုံတွဲတွေအတွက်အမှတ်တရဖြစ်စေဆုံးဖြစ်အောင် အစအဆုံးအသေးစိတ်ဂရုစိုက် ဆောင်ရွက်ပေးပါတယ် လက်မှတ်ထိုးပွဲလေးကို တရားဝင်ခိုင်မာမှုအပြည့်နဲ့
အားဖြည့်ပေးဖို့ ရှိနေပါတယ်ရှင့်

💖 စိတ်အေးချမ်းသာစွာ လက်ထပ်လက်မှတ်ထိုးပွဲလေးစီစဥ်ချင်ရင်တော့ ခုပဲဆက်သွယ်လိုက်ပါနော်


09 420 214 457
09 763 715 361

#လက်ထပ်စာချုပ်
#လက်ထပ်မဂ်လာ
#တရားရုံးလက်ထပ်
#ရှေ့နေသက်သေဖြင့်လက်ထပ်
#ရွှေပြည်သာ #ရန်ကုန်မြို့

 #တစ်လင်တစ်မယားဥပဒေ(ပုဒ်မ-၁၃) ၃၁.၈.၂၀၁၅❇တစ်လင်တစ်မယားစနစ်ကိုချိုးဖောက်ခြင်းဟူသည်✅အိမ်ထောင်သည်တစ်ဦးကမိမိဇနီး/ခင်ပွန်းမဟု...
26/10/2025

#တစ်လင်တစ်မယားဥပဒေ(ပုဒ်မ-၁၃) ၃၁.၈.၂၀၁၅

❇တစ်လင်တစ်မယားစနစ်ကိုချိုးဖောက်ခြင်းဟူသည်

✅အိမ်ထောင်သည်တစ်ဦးကမိမိဇနီး/ခင်ပွန်းမဟုတ်သူနှင့် တရားဝင်လပ်ထပ်ခြင်း(သို့မဟုတ်)
အတူပေါင်းသင်းနေထိုင်ခြင်း(လင်မယားအဖြစ်)ကိုဆိုလိုသည်

✅တရားဝင်မှတ်ပုံတင်ထားသည့် (သို့မဟုတ်)လင်မယားအဖြစ်ပေါင်းသင်းနေထိုင်သည့် အမျိုးသား/အမျိုးသမီးတစ်ဦးက
အခြားအမျိုးသား/အမျိုးသမီး
တစ်ဦးကို ဒုတိယ ဇနီး/ခင်ပွန်းအဖြစ် မှတ်ပုံတင်ခြင်း(သို့မဟုတ်)လင်မယားအဖြစ်
ပေါင်းသင်းနေထိုင်ခြင်း

❇တရားစွဲဆိုနိုင်သူ......

ပုံမှန်အားဖြင့်ထိခိုက်နစ်နာသူ
မူလဇနီး(သို့မဟုတ်)ခင်ပွန်းကသာ တရားစွဲဆိုပိုင်ခွင့်ရှိပါတယ်...

ရဲအရေးပိုင်သောအမှုဖြစ်သည့်အတွက်ရဲစခန်းတွင်တိုင်ကြားနိုင်ပါသည်

❇သက်သေပြရမည့်အချက်...

(၁)တရားဝင်လက်ထပ်ထားမှုရှိခြင်း.......
မူလဇနီး/ခင်ပွန်း၏ လက်ထပ်စာချုပ်/ဓာတ်ပုံ/သက်သေများ

(၂)ဒုတိယအိမ်ထောင်ပြုခြင်း(သို့)
ပေါင်းသင်းနေထိုင်ခြင်း.......
စွပ်စွဲခံရသူ၏ဒုတိယအိမ်ထောင်ပြုခြင်း(သို့)ဇနီးမောင်နှံကဲ့သို့လူသိရှင်ကြားပေါင်းသင်းနေထိုင်ခြင်းကို သက်သေပြနိုင်သော
ဓာတ်ပုံ/နေရာ/လူပုဂ္ဂိုလ်များ

(၃)သက်သေခံအထောက်အထားခိုင်မာခြင်း.......
အခြေအနေအရပ်ရပ်ကို မျက်မြင်ကိုယ်တွေ့သိရှိသူများ၏ ထွက်ဆိုချက်များ

🔎အတူနေထိုင်သည်ဟုသတ်မှတ်ရာတွင် တရားဝင်လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း လင်မယားအဖြစ်လူသိရှင်ကြားပေါင်းသင်းခြင်း /သားသမီးရယူခြင်း စသည့်အချက်များလည်းအကျုံးဝင်ပါသည်

🔴ဤသို့ချိုးဖောက်ပါက ထိုသူသည် အလုပ်နှင့်ထောင်ဒဏ်(၇) နှစ်ထိကျခံရနိုင်သလို ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်

#ဒေါ်မြင့်မြင့်မူ(LL.B)
#အထက်တန်းရှေ့နေ

09 420 214 457
09 763 715 361

💖💖💖ဗဟုသုတရစေရန်ရည်ရွယ်ဖော်ပြပါသည်

#မြန်မာဥပဒေ
#တစ်လင်တစ်မယားဥပဒေ
#ပုဒ်မ၁၃ #ဗဟုသုတ

#တစ်လင်တစ်မယားစနစ်ကိုကာကွယ်ရန် #အမျိုးသမီးများရဲ့အခွင့်အရေး
#ရွှေပြည်သာ
#စာချုပ်စာတမ်း
#လက်ထပ်စာချုပ်
#တရားရုံးကျမ်းကျိန်
#ဂရန်သစ် #ဂရန်အမည်ပေါက်
#မြေပုံမြေရာဇဝင်
#စာချုပ်စာတမ်းရုံး #စည်ပင်

✅အိမ်ခြံမြေဝယ်/ရောင်းလုပ်တော့မလား?✅အန္တရာယ်ကင်းဖို့အရေးကြီးဆုံးကစာချုပ်ပါ✅ပိုင်ဆိုင်မှုအငြင်းပွားစရာမရှိဘဲစိတ်အေးချမ်းသာ...
21/10/2025

✅အိမ်ခြံမြေဝယ်/ရောင်းလုပ်

တော့မလား?

✅အန္တရာယ်ကင်းဖို့အရေးကြီးဆုံး
ကစာချုပ်ပါ

✅ပိုင်ဆိုင်မှုအငြင်းပွားစရာမရှိဘဲ
စိတ်အေးချမ်းသာစွာဝယ်ယူပိုင်
ဆိုင်နိုင်ဖို့ 📝📝📝

✅အိမ်ခြံမြေဝယ်ယူရာမှာအဖြစ်
များတဲ့အမှားတွေမဖြစ်စေဖို့🔴

📝စာချုပ်ရေးသားပုံ မမှန်လို့

စာရွက်စာတမ်းတွေမစစ်ဆေးမိလို့

သိန်းပေါင်းများစွာ နစ်နာဆုံးရှုံးမှု

တွေမဖြစ်ရအောင် ကူညီပါရစေ

💖ဘာတွေဆောင်ရွက်ပေးရမလဲ?

✅လုံခြုံစိတ်ချရသော🔒စာချုပ်
ရေးသားချုပ်ဆိုပေးခြင်း.........

❇ကွန်ဒို/တိုက်ခန်း/မြေကွက်/အိမ်
ခြံမြေ စသည်ဖြင့်ပိုင်ဆိုင်မှုအမျိုး
အစားတိုင်းအတွက် နောင်တစ်ချိန်
အငြင်းပွားမှုမရှိစေမယ့် ခိုင်မာ
သော အရောင်းအဝယ်ကတိစာချုပ်
များရေးသားချုပ်ဆိုပေးခြင်း

✅ တိကျသေချာသော🔎 စာရွက်
စာတမ်းများစစ်ဆေးပေးခြင်း

❇ဂရန်/ပါမစ်နှင့်မြေစာရင်း
ဆက်စပ်စာရွက်စာတမ်းများအား
လုံးကို အမည်ပေါက်မှန်ကန်မှု/
အရှုပ်အရှင်းကင်းရှင်းမှု ရှိ/မရှိ
သေချာစွာစိစစ်ပေးခြင်း

✅ဥပဒေနှင့်အညီ ခိုင်မာသော
အရောင်းအဝယ်စာချုပ်များကို
တိကျသေချာစွာရေးသားချုပ်ဆို
ဆောင်ရွက်ပေးပါတယ်📝📝📝

💖အားမနာတမ်းဆက်သွယ်
မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

☎ ဖုန်း
09 420 214 457
09 763 715 361

#စာချုပ်စာတမ်း
#တိုက်ခန်းအရောင်းအဝယ်
#ကွန်ဒိုအရောင်းအဝယ်
#မြေကွက်အရောင်းအဝယ်
#အိမ်ခြံမြေအရောင်းအဝယ်
#ဂရန်မြေ #ပါမစ်မြေ....
#ရွေပြည်သာ #ရန်ကုန်

💑 ချစ်သူနှစ်ဦးရဲ့ဘဝခရီးလမ်းကို တရားဝင်အတူလျှောက်လှမ်းဖို့ စိတ်ကူးထားပြီလား?❣ဝါကျွတ်ကာလဟာ မဂ်လာကိစ္စအတွက် အထူးမြတ်ဆုံးအခ...
08/10/2025

💑 ချစ်သူနှစ်ဦးရဲ့ဘဝခရီးလမ်းကို တရားဝင်အတူလျှောက်လှမ်းဖို့ စိတ်ကူးထားပြီလား?

❣ဝါကျွတ်ကာလဟာ မဂ်လာကိစ္စအတွက် အထူးမြတ်ဆုံးအချိန်ပါ...

❣ရိုးရှင်းတဲ့လက်ထပ်ပွဲမဟုတ်ဘဲ
သင့်ရဲ့ထာဝရကတိကို ဥပဒေအရ
ခိုင်မာစေမယ့် အခမ်းအနားလေးဖြစ်ပါစေ

ကျွန်မတို့ရဲ့''Shwe Moe Thet Legal Service"ကနေပြီး

✅ လက်ထပ်စာချုပ် အပြီးအစီး
စီစဥ်ဆောင်ရွက်မှု

✅ အခွင့်ရတရားသူကြီးရှေ့မှာလက်မှတ်ရေးထိုးနိုင်ဖို့စီစဥ်ပေးခြင်း

✅ လိုအပ်သော စာရွက်စာတမ်းများနဲ့ ဥပဒေလုပ်ငန်းစဥ် အားလုံးကို ခေါင်းမရှုပ်ရအောင်ဆောင်ရွက်ပေးခြင်း

ရှုပ်ထွေးတဲ့စာရွက်စာတမ်းတွေကြားမှာ ပျော်ရွှင်မှုတွေပျောက်ဆုံးမနေစေရပါဘူး မောင်လေး/ညီမလေးတို့ရဲ့ ချစ်ခြင်းမေတ္တာကိုသာအာရုံစိုက်ပါနော်😍😍😍

ကျန်တာအားလုံး ကျွန်မတို့တာဝန်ယူပါမယ်ရှင့် 📝📝📝

မောင်လေး/ညီမလေးတို့ရဲ့
အထူးရက်မြတ်နေ့အတွက်❣💑

📞ဖုန်း..09 420 214 457 ကို
ဟယ်လို လိုက်ပါနော်

#ဝါကျွတ်မဂ်လာ #လက်ထပ်စာချုပ် #တရားဝင်လက်ထပ်ခြင်း

30/08/2025

#ကြိုပွိုင့်တိုက်ခန်း ဝယ်တော့မယ်ဆို သိထားသင့်တဲ့အချက် (၆) ချက်

(၁) မြေအရှုပ်အရှင်း ရှိ/မရှိ
တစ်ဦးတည်းပိုင်၊ အများပိုင်၊ မိသားစုပိုင် ဆိုပြီးရှိတတ်သလို ကန်ထရိုက်တာတွေနဲ့ အရင်တုန်းက ဆောက်ဖို့ လုပ်ထားသေးလားဆိုတဲ့ နောက်ကြောင်းတွေပါသိအောင် လုပ်ထားသင့်ပါတယ်

(၂) ကြိုပွိုင့်တိုက်ခန်းကို ရောင်းတဲ့သူက ဘယ်သူလဲမြေရှင်/ ကန်ထရိုက်တာ/ Developer တွေကြားက စာချုပ်အမျိုးမျိုးကြောင့် ကိုယ်က ဘယ်သူ့ဆီက ဝယ်တာလဲ သိအောင် သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်

(၃)စည်ပင်မှာရော ဘယ်အဆင့် ရောက်နေပြီလဲစည်ပင်ဌာနရဲ့ လုပ်ငန်းရပ်အဆင့်ဆင့်တွေကို ဘယ်နှစ်ဆင့်လုပ်ထားလဲ၊ ခွင့်ပြုမိန့်ကျတာမကျတာ၊ ကျပြီး မဆောက်တာ၊ ဆောက်ပေမယ့် ကန့်ကွက်ခံရတာစသဖြင့် သိထားရမယ့်အပိုင်း ဖြစ်ပါတယ်

(၄) ကြိုပွိုင့်တိုက်ခန်း အရောင်းအဝယ်စာချုပ်ဆိုတာ တရားဝင်/မဝင်
မြေရှင်နဲ့ ကန်ထရိုက်တာတို့ရဲ့ စာချုပ်သာမက စည်ပင်က ခွင့်ပြုမိန့်ပါရပြီးမြေပြင်မှာလည်း အဆောက်ဦဆောက်လုပ်နေပါပြီဆိုမှပဲ တရားဝင် အရောင်းအဝယ်လုပ်လို့ ရပါတယ်။ လိုအပ်ချက်တစ်ခုခုရှိနေရင်တော့ တရားမဝင်ဘူးနော်

(၅)အရောင်းအဝယ် ပဋိညာဉ်မြောက်/ မမြောက်
စာချုပ်တံဆိပ်ခေါင်း/မြေအရှုပ်အရှင်း/ စည်ပင်ကိစ္စ/ မြေပြင်အနေအထားအချက်(၄)
ချက်လုံး ပြည့်စုံကောင်းမွန်ရင် စာချုပ်ဟာ ခိုင်မာပြီး ပဋိညာဥ်
မြောက်ပါတယ်

(၆) စာချုပ်ပယ်ဖျက်နိုင်တဲ့အခြေအနေ လိမ်တာ၊ မမှန်တင်ပြတာ၊ မှားယွင်းဖော်ပြတာ၊ အနိုင်ထက်ပြုတာ၊ မလျှော်ဩဇာသုံးတာတို့လို မမှန်မကန်ကိစ္စရပ်တွေနဲ့ မတရားမှုတွေပါလာရင် စာချုပ်ကို အချိန်မရွေးဖျက်သိမ်းလို့ရပါတယ်။ ဒါ့အပြင် သတ်မှတ်ချိန်ကကျော်တဲ့အထိမဆောက်ဘူးဆိုရင် စာချုပ်ကို ပယ်ဖျက်လို့ ရပါတယ်၊ လျှော်ကြေးပါတောင်းလို့ရပါတယ်။ စာချုပ်ကိုအပြည့်အဝဖျက်သိမ်းတာမျိုးလဲ ရှိတတ်သလို နှစ်ဖက်ညှိနှိုင်းပြီး စာချုပ်ပြန်ပြင်ချုပ်နိုင်တာတွေလဲ ရှိပါတယ်

မိတ်ဆွေအနေဖြင့် ကြို့ပွိုင့်တိုက်ခန်းမဖြစ်မနေဝယ်တော့မည်ဆိုလျင်

✅စရံပေးစာချုပ်ချုပ်ထဲက မြေရှင်က်ိုအကြောင်းကြားပါ

✅သတင်းစာကြော်ငြာပါ

✅တိုက်ခန်းဘယ်အထပ်ပြီးမှစရံဘယ်လောက်ပေးရမည်ကို စာချုပ်ထဲထည့်ချုပ်ပါ

✅မြေရှင်နဲ့ကန်ထရိုက်စာချုပ်မူရင်းတောင်းကြည့်ပြီး၊
မိတ္တူတောင်းပါ [အထောက်ထားအနေနဲ့]

✅ ကန်ထရိုက်အကြောင်းစုံစမ်းပါ

✅စာချုပ်ထဲတွင်တိုက်ခန်းပြီးရမည့်နေ့ ၊တိုက်ခန်းအပ်မည့်နေ့၊လူနေထိုင်ခွင်BCC ရရှိမည့်နေ့အတိအကျ (သို့မဟုတ်) ခန့်မှန်းနေ့စွဲထည့်ပါ

✅စာချုပ်ပါစည်ကမ်းချက်ချိုးဖောက်သူမှခံရသူသို့ပေးရန်အဖိုးစားနားပါပါစေ

✅ဖြစ်နိုင်ရင်တော့မိတ်ဆွေအနေ
ဖြင့် ရှေ့နေ ဖြင့်ဝယ်ယူရင်တော့အကောင်းဆုံးပါ........

[ယခုအချိန်ထိ ကန်ထရိုက်တိုက်ခန်းများအားနာမည်ဂုဏ်သတင်းကောင်းစွာဖြင့်ဆက်လက်ဆောက်လုပ်လျက်ရှိသောကန်ထရိုက်တာအများအပြားရှိပါတယ်]

မိတ်ဆွေများအမှားကင်းစွာဖြင့်ဝယ်ယူနိုင်ကြပါစေ


#ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍
လေးစားစွာဖြင့်ကူးယူဖော်ပြပါသည်

မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းမေတ္တာဖြင့်အပိုင်ပေးကမ်းအထမြောက်ရန်အတွက်——(၁) ပေးကမ်းသူနှင့်လက်ခံသူရှိရမည်။(၂) မေတ္တာဖြင့်ပ...
11/08/2025

မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်း

မေတ္တာဖြင့်အပိုင်ပေးကမ်းအထမြောက်ရန်အတွက်——
(၁) ပေးကမ်းသူနှင့်လက်ခံသူရှိရမည်။
(၂) မေတ္တာဖြင့်ပေးသည့်ပစ္စည်းသည်လက်ရှိဖြစ်ရမည်။ မိမိကိုယ်ပိုင်ပစ္စည်းကိုသာလွှဲပြောင်းပေးရမည်။
(၃) ပေးကမ်းသူ သည် အဖိုးစားနား မပါရှိပဲ ပေးကမ်းခြင်းဖြစ်ရမည်။
နောက်အနာဂတ်မှပေါ်ထွက်လာမည့်ပစ္စည်းကိုကြိုတင်ပေးကမ်းခြင်းမပြုနိုင်ပါ။

�ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း သာမက မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း များတို့ကိုပါပေးကမ်းနိုင်သည်။
�ရွှေ့ပြောင်းနိုင် သည့် ပစ္စည်းဖြစ်ပါက (ဥပမာ-စိန်/ရွှေ/ငွေ) လက်ရောက်ပေးပြီး လျှင် ပေးကမ်းခြင်း အထမြောက်ပါသည်။ သို့ရာတွင် ပေးကမ်းသော ပစ္စည်းသည် ပေးကမ်းသူက မိမိအမှန်တကယ်လက််ရှိ ပိုင်ဆိုင်သော ပစ္စည်းဖြစ်ရန်လိုအပ်ပြီး လက်ခံသူထံ လက်ရောက်ပေးအပ်ရန် လိုအပ်ပါသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းအားပေးကမ်းလျှင် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပေဒ ပုဒ်မ -၁၂၂ အရ မှတ်ပုံတင်စာချုပ်စာတမ်းပြုလုပ်၍ပေးကမ်းရပါမည်။
အထူးသတိထားရမည့်အချက်မှာ—-

�မြန်မာ့ဓလေ့ထုံးတမ်းအရ သားသမီးများအားလုံးအနက် သားသမီးတစ်ဦးတည်းအားအမွေပစ္စည်းအား၎င်းတို့သက်ရှိထင်ရှားရှိစဉ်ပေးကမ်းခြင်းအားမည်သူမျှမကန့်ကွက်နိုင်သော်လည်း မိဘများကွယ်လွန်သွားပြီးအချိန်မှစတင်ပြီး ပြသနာပေါ်ပေါက်လာနိုင်ပါသည်။ကွယ်လွန်သွားတဲ့မိဘတွေရဲ့အမွေကို ကျန်သား၊သမီးများက တစိုးတစမှမရတော့လျှင် အဆိုပါပေးကမ်းခြင်းသည် အလိုအလျောက်ပျက်ပြယ်သည်။
စီရင်ထုံး—-(၁၉၆၄ ၊စာ-၅၅၉၊ ဒေါ်ခင်ထွေးပါ ၅ နှင့် ဒေါ်ခင်ခင်လေးပါ ၄ )
လင်မယားနှစ်ဦးပိုင် ပစ္စည်း အား တစ်ဦးတစ်ယောက်ထည်းသဘောဆန္ဒဖြစ်စာချုပ်စာတမ်းမှတ်ပုံတင်ဖြင့်ပေးကမ်းသော်လည်းထိုပေးကမ်းသူ၏ ဝေစုသာ အတည်ဖြစ်ပါသည်။


#ဗဟုသုတရစေရန်ပြန်လည်ကူးယူဖော်ပြပါသည်

#စာချုပ်စာတမ်းနှင့်အိမ်ခြံမြေဥပဒေဝန်ဆောင်မှု

 #စလစ်မြေ❇စလစ်မြေဆိုတာ မြို့နယ်တိုးချဲ့တဲ့အခါ မြေကွက်များဖော်ဆောင်ပြီး မြေစလစ်ထုတ်ပေးပါတယ် (တိုးချဲ့ မြို့မြေ) လယ်ယာမြေအ...
10/08/2025

#စလစ်မြေ
❇စလစ်မြေဆိုတာ မြို့နယ်တိုးချဲ့တဲ့အခါ မြေကွက်များဖော်ဆောင်ပြီး မြေစလစ်ထုတ်ပေးပါတယ် (တိုးချဲ့ မြို့မြေ) လယ်ယာမြေအစား အစားထိုးချပေးတဲ့မြေနဲ့ မြို့နယ် မြေစာရင်းက စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခွင့်ရထားတဲ့မြေ ပဲဖြစ်ပါတယ် ။

❇မြေစလစ် ကတော့ ဘယ်လိုမျိုးလဲဆိုရင်... စလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ ဌာန ဥပမာ မြို့ရွာ နှင့်အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အမည်တံဆိပ်အဝိုင်း နှင့် တာဝန်ခံ အရရှိရဲ့လက်မှတ်ပါရှိပါတယ် ။

❇စလစ်မြေဝယ်ယူမည်ဆိုရင်တော့ သေသေချာချာစုံစမ်းဖို့တော့လိုပါတယ်


❇စလစ်မြေမဝယ်ခင် စလစ်မှာ ပါတဲ့ အမည်ကို ဘယ်သူအမည်ပေါက်လဲ နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ စိပ်ဆက်စာချုပ်အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။

❇စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ
တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့် နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ပါတယ်။

❇မြေကွက်တည်နေရာကိုလည်းသေချာစွာကြည့်ရှုလေ့လာဖို့လိုပါတယ် ရောင်းမယ့်မြေကွက်ထဲမှာ ဆောက်လုပ်နေထိုင်ကျူးကျော်နေသူတွေရှိတတ်လို့ပါ

❇စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်..

❇စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါဘူး၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။

❇စလစ်မြေကိုဝယ်ပြီးရင်တော့ ဂရမ်မြေပြောင်းတာအကောင်းဆုံးပါပဲ

❇ စလစ်မြေကို အမည်တိုက်ရိုက်တော့ပြောင်းလို့မရပါဘူး ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ် အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။

❇ဂရန်မြေကစျေးများတာ ရယ် အမည်ပြောင်းဝယ်ခွန်ဆောင်ရတာရယ်ကြောင့် အချို့က စလစ်မြေကိုရွေးချယ် ဝယ်ယူကြတာတွေလည်းရှိပါတယ် ။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါ သည်။

#လေးစားစွာဖြင့်
#ဗဟုသုတရစေရန်ပြန်လည်ကူးယူဖော်ပြပါသည်....

#စာချုပ်စာတမ်းနှင့်အိမ်ခြံမြေဥပဒေဝန်ဆောင်မှုလုပ်ငန်း

အိမ်ခြံမြေ အရောင်း၊အဝယ်ပြုလုပ်ကြမိ လုပ်ငန်းရှင်မိတ်ဆွေများ အရောင်းမှား၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ်စာတမ်းများ မဖ...
29/07/2025

အိမ်ခြံမြေ အရောင်း၊အဝယ်ပြုလုပ်ကြမိ လုပ်ငန်းရှင်မိတ်ဆွေများ အရောင်းမှား၊ အဝယ်မှား နှင့် မခိုင်မာသည့် စာချုပ်စာတမ်းများ မဖြစ်စေရန် နှင့်

အရောင်းမှန်၊ အဝယ်မှန်ပြီး ခိုင်မာအားကောင်းသော စာချုပ်စာတမ်း ဖြစ်စေရန် ---
ငွေမလွန်ခင် ကြိုတင်သိရှိပြင်ဆင်ထားရမည့် အရေးကြီး အချက်အလက်များ---

၁။ မိမိဝယ်ယူမိ အိမ်ခြံမြေ၏ မြေရာဇဝင်ကို မြို့နယ်မြေစာရင်းရုံးတွင်
မြေရာဇဝင်နှင့် မြေအမျိုးအစားကို
တရားဝင်မေးမြန်နိုင်ပါသည်

-( မြို့မြေ၊ဂရမ်မြေ ဟုတ်၊မဟုတ်)
-(ရောင်းသူအမည်ပေါက် ဟုတ်၊မဟုတ်)
-(ကိုယ်စားလှယ်လွှဲထားခြင်း ရှိ၊မရှိ)
-ဝရမ်းကပ်ထားခြင်းရှိ၊မရှိ
-ကန့်ကွက်လွှာတင်ထားခြင်း ရှိ၊မရှိ
စသည့် အရူပ်အရှင်း ရှိမရှိ နှင့် လက်ရှိရောင်းမည့်သူ ရောင်းပိုင်ခွင့် ရှိ၊မရှိကို
ကနဦး အနေဖြင့် ငွေမလွန်ခင် အရင်စစ်ဆေးကြပါ။

၂။ မြေရာဇဝင်၏ အရူပ်အရှင်း နှင့် ပိုင်ရေးဆိုင်ခွင့်အရ မည်သို့ ရောင်းဝယ်လျင် ဥပဒေအရ အကျုံးဝင်မည်----

မလွဲသာ၊မရှောင်သာ တစ်ဖက်ဖက်မှ ဖောက်ပြန်ခဲ့သည်ရှိသော နစ်နာသူမှ နစ်နာသည့် အခကြေးငွေ ကို ပြန်လည်ရရှိရန် နှင့် အမူအခင်းဖြစ်လာပါက
သက်သေခံစာရွက်စာတမ်းတစ်ခုအနေဖြင့် ရုံးတော်သို့ တင်ပြခွင့်၊ တင်သွင်းခွင့် ရရှိစေရန်-
အသက်ရှိသည့် ပျက်ပြယ်မူမရှိသည့် ခိုင်မာအားကောင်းသည့် စာချုပ်စာတမ်းတစ်ခု ဖြစ်စေရန် - ရေးသားနိုင်သူများမှာ ဥပဒေအကျိုးဆောင်ရှေ့နေများသာ စွမ်းနိုင်သည့် ကိစ္စ ဖြစ်သည်ကို နားလည်းထားရပါမည်။
( "အတွေ့အကြုံရှိသော"
မိမိချုပ်ဆိုပေးသည့် စာချုပ်ပါ စကားရပ်များကို အဘယ်ကြောင့်ထိုသို့ရေးသားချုပ်ဆိုပေးရသည်ကို ၊ အသေးစိတ်ရှင်းလင်း‌ပြောပြ‌ ပေးနိုင်သော သူ)

၃။ မိမိအရောင်းအဝယ်ပြုလုပ်မိမြေအမျိုးအစားပေါ်မူတည်၍
ရပ်ကျေးအုပ်လက်မှတ် ပါရန်လို နှင့် ပါရန် မလို ကို
ကနဦ သိထားသင့်ပေသည်။

(အမည်မပေါက်သေး သည့် မြို့မြေ ဖြစ်ပါက ရပ်ကျေးအုပ်များ နှင့် ချုပ်ပါ)

ဂရမ်အမည်ပေါက်ထားသည့် မြေဖြစ်ပါက
မလိုအပ်ပါ။

တစ်ခုသိထားရမည်မှာ
မြေနှင့်ပတ်သက်လာလျှင်
မြေစာရင်းဦးစီးဌာန သည်သာ 100%
အဓိက ခရာဖြစ်သည်ကို
သဘောပေါက်ထာကြရပါမည်။
မည်သည့်မြေ အမျိုးအစားပင်ဖြစ်‌နေစေကာမူ
မြေစာရင်းဦးစီးဌာန မှ ကန့်ကွက်ထားပါက ရောင်းဝယ်ခွင့် မရှိပါ။
(တည်ဆဲဥပဒေများအရအရေးယူခြင်း ခံရမည်)

ထို့အတွက်ကြောင့်
ရပ်ကျေးရုံးရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူများ၏ လက်မှတ်ထိုးခြင်း၊
လက်မှတ်မထိုးခြင်း မှာ
မြေယာ အရောင်း၊အဝယ်ပိုင်ဆိုင်မူ အတွက် 100% အထောင့်အပံ့
မဖြစ်နိုင်ပါ။

သို့သော်
ရပ်ကျေးအုပ် ‌အနေဖြင့်
"မောင်ဖြူ"- မှ - "မောင်မဲ" သို့
ကျွန်ုပ်၏ ရှေ့မှောက်တွင်
အောက်ပါအသိသက်သေများ ရှေ့၌
အမှန်တကယ် ငွေပေး၊ငွေယူ၍ အရောင်းအဝယ် ပြုလုပ်သွားသည်မှာ မှန်ကန်ကြောင်းသာ ---- သက်သေထွက်ဆိုပေးနိုင်ရန် - သက်သေတစ်ဦးအနေဖြင့်တော့ အားကိုးနိုင်သည်။

✅✅✅အရေးကြီးသည် မှာ
အမှန်တကယ် ရောင်းဝယ်၍ ရ၊မရ ကို မြို့နယ်မြေစာရင်းရုံးတွင် အတည်ပြုပြီး-

ခိုင်မာအားကောင်းသည့်၊ အသက်ရှိနေသည့် စာချုပ်၊ စာတမ်း တစ်စောင် ဖြစ်ဖို့ရန် မှာ ပို၍ အရေးကြီးလှပါသည်။

ခိုင်မာအားကောင်းသည့်
စာချုပ်စာတမ်းမဖြစ်ဘဲ၊
ပျက်ပြယ်ပြီးတာ စာချုပ်စာတမ်းဖြစ်နေပါက

ရပ်ကျေးအုပ် သည်လည်း
ကယ်နိုင်မည်မဟုတ်ပါ။

#ဥပဒေရေးရာ
#တဆင့်ပြန်လည်ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်

01/06/2025
👩‍❤️‍👨လင်မယားကွာရှင်းပေးစေလိုမှု (Divorce)👩‍❤️‍👨👥မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်နှင့်မယား ကွာရှင်းပြတ်စဲရန်အကြောင်း (၃) မျိ...
16/01/2025

👩‍❤️‍👨လင်မယားကွာရှင်းပေးစေလိုမှု (Divorce)👩‍❤️‍👨

👥မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်နှင့်မယား ကွာရှင်းပြတ်စဲရန်အကြောင်း (၃) မျိုးရှိသည်။၎င်းတို့မှာ-
🪷၁။နှစ်ဦးသဘောတူကွာရှင်းခြင်း
🌷၂။လင်ဖြစ်သူရဟန်းပြုခြင်း နှင့်
🌻၃။အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်းတို့ဖြစ်သည်။

🪷၁။နှစ်ဦးသဘောတူကွာရှင်းခြင်း

မြန်မာဗုဒ္ဓဘာသာလင်နှင့်မယားတို့သည် နှစ်ဦးသဘောတူလျှင် မည်သည့်အချိန်အခါ၌မဆို ကွာရှင်း ခွင့်ရှိပါသည်။ နှစ်ဦးသဘောတူကွာရှင်းလျှင်စာချုပ်စာတမ်းရေးသားချုပ်ဆိုရန် မလိုပါ။
နှစ်ဦးသဘောတူကွာရှင်းလျှင် လင်မယားကွာရှင်းသည့်စာချုပ်ကို ရေးရမည်ဟူ၍ ဓလေ့ထုံးတမ်းဥပဒေတွင်သော်လည်းကောင်း ၊ ယခုခေတ် ဥပဒေများတွင်သော်လည်းကောင်း ပြဌာန်းထားခြင်းမရှိပါ။
"လင်မယားနှစ်ဦး သဘောတူညီချက်အရကွာရှင်းလျှင် လင်ခန်းမယားခန်း လုံးဝပြတ်စဲသည် " ဟု
🌹(ဒေါ်အမ နှင့် ဒေါ်ခင်တင့် ၊၁၉၆၄ ၊ မတစ ၊ စာ-၃၁၄)
🏵️(ဦးစံလှ နှင့် မလှချစ် ၊၁၉၆၆ ၊ မတစ၊ စာ-၅၁၃) စီရင်ထုံးများတွင် တွေ့ရှိရပါသည်။

နှစ်ဦးသဘောတူ ကွာရှင်းလျှင် တရားရုံး၏အမိန့်ဒီကရီမပါဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲသည် ဆိုသည့်အချက်ကိုလည်း🌼 (မမယ်လှ နှင့် မောင်ဖိုးသုန် (၇ ရန်ကုန် ၉၈)🌼တွင် တညီတညွတ်တည်း စီရင်ထုံးဖွဲ့ထားသည်ကို တွေ့ရှိရပါသည်။

လင်မယားနှစ်ဦး ကွာရှင်းလျှင် ပစ္စည်းခွဲဝေလေ့ရှိကြသောကြောင့် ကွာရှင်းမှုများကို ရပ်ရွာလူကြီးများအားအသိသက်သေထား၍ ပြုလုပ်လေ့ရှိကြပါသည်။ အမှန်စင်စစ်မှာ "နှစ်ဦးသဘောတူ ကျေကျေနပ်နပ် ကွာရှင်းလိုလျှင် စာချုပ်စာတမ်းပြုလုပ်ရန်လည်းမလို ၊ ရပ်ရွာလူကြီးများကိုပင် အသိသက်သေ ပြုရန်မလိုပေဟု 🌻(မအမိကြီး နှင့် မောင်မှတ် {၂ ယူဘီအာ (၁၈၉၇-၀၁) ၃၇} တွင် စီရင်ထုံးဖွဲ့ထားသည်ကို တွေ့ရှိရပါသည်။

သို့ရာတွင် စာချုပ်စာတမ်းရှိပါက ခိုင်လုံသည့်သက်သေအထောက်အထားဖြစ်၍ ကွာရှင်းမှုကို စာချုပ်စာတမ်းရေးသားချုပ်ဆိုသင့်ပါသည်။
လင်မယားကွာရှင်းသည့် စာချုပ်ရေးလျှင် တံဆိပ်ခေါင်း အက်ဥပဒေဇယား ၁ အပိုဒ် ၂၉ အရ ၂၅၀၀ ကျပ်တန် အခွန်တော်ခေါင်းစာရွက်နှင့် ရေးသားချုပ်ဆိုရန်လိုပါသည်။

လင်ဖြစ်စေ ၊မယားဖြစ်စေ အိမ်ထောင်ရေးပြစ်မှုကျူးလွန်ပါက အပြစ်မရှိသူက လင်မယားကွာရှင်းပေးစေလိုမှု စွဲဆိုခွင့်ရှိပါသည်။ ယင်းသို့တရားစွဲဆိုလိုလျှင် ရုံးခွန်ဥပဒေနောက်ဆက်တွဲဇယား ၂ အပိုဒ် ၁၇ ( ၆ ) အရ ပုံသေရုံးခွန် ကျပ်၁၀၀၀၀ တိတိထမ်းဆောင်ရပါမည်။

🌷၂။လင်ဖြစ်သူရဟန်းပြုခြင်း

လင် သို့မဟုတ် မယားတစ်ဦးတည်းဆန္ဒဖြင့် အကြောင်းမဲ့ကွာရှင်းခြင်း သို့မဟုတ် တစ်ဖက်သတ်ကွာရှင်းခြင်းမပြုနိုင်ပါ။
အကယ်၍ လင်ဖြစ်သူ ရဟန်းဘောင်သို့ အပြီးအပိုင်ကူးပြောင်းလျှင် လင်ခန်းမယားခန်း ပြတ်စဲနိုင်သည်။
ရဟန်းပြုသည်ဆိုရာ၌လည်း ရက်အပိုင်းအခြားမျှ ရဟန်းပြုသည့် ဒုလ္လဘရဟန်းပြုခြင်းမျိုးနှင့် မသက်ဆိုင်ပါ။
လူ့လောကကိုစွန့်ခွာရန်ရည်ရွယ်ချက်မရှိဘဲ ဘေးဥပဒ်အန္တရာယ်များ ပပျောက်စေရန် ရည်ရွယ်ပြီး ဂြိုလ်ပြေနံပြေသဘော ရဟန်းပြုခြင်းနှင့်မသက်ဆိုင် ၊
မယားဖြစ်သူကသဘောတူခွင့်ပြု၍ လူ့လောကကိုစွန့်ခွာကာ ရဟန်းဘောင်သို့အပြီးအပိုင်ကူးပြောင်းခြင်းကိုဆိုလိုသည်။
"လူတစ်ယောက်သည် ဒုလ္လဘရဟန်း ပြုရန်မဟုတ်ဘဲ လူ့လောကကို စွန့်ခွာရန်ရည်ရွယ်ချက်ဖြင့် ရဟန်းပြုရာတွင် အထူးသဖြင့် မယားဖြစ်သူက သဘောတူခွင့်ပြုလျှင် လင်ခန်းမယားခန်း ပြတ်စဲသည် "
ဟု🍂 (မောင်ညွန့်တင် နှင့် မပု (1954 B.L.R (H-C)P-76)
စီရင်ထုံးတွင်တွေ့ရှိရပါသည်။

🌻၃။အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းခြင်း

အိမ်ထောင်ရေးပြစ်မှုများကို စိစစ်သော် "သာမန်အိမ်ထောင်ရေးပြစ်မှု (၅) မျိုး " နှင့် " "ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု ( ၂) မျိုး" ဟူ၍တွေ့ရပေသည် ။
သာမန်ပြစ်မှုနှင့် ကြီးလေးသောပြစ်မှုဟူ၍ နှစ်မျိုးနှစ်စားခွဲခြားရခြင်းမှာ လင်မယားကွာရှင်းလို၍ ပစ္စည်းခွဲဝေလျှင် ကျူးလွန်သည့်ပြစ်မှုကိုအခြေပြု၍ ခွဲဝေရသည်ဖြစ်ရာ ပြစ်မှုခွဲခြားရေးမှာ များစွာအရေးကြီးကြောင်း တွေ့ရမည်ဖြစ်ပါသည်။

သာမန်အိမ်ထောင်ရေးပြစ်မှု (၅)မျိုးမှာ-
🍂(1)ရက်စက်မှု
🌼(2)လင်၏ဖောက်ပြန်မှု
🏵️(3)ဒုတ်ိယမယားယူမှု
🪷(4)စွန့်ပြစ်မှု နှင့်
🌸(5)လည်ဆည်မှု တို့ပင်ဖြစ်ပါသည်။

ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုမှာ-
🌻(1)မယား၏ဖောက်ပြန်မှု နှင့်
🌴(2)ကြီးလေးသောရက်စက်မှု တို့ဖြစ်ပါသည်။

လင်ဖြစ်သူသည် တစ်ကြိမ်တစ်ခါမျှ ရက်စက်မှု ကျူးလွန်လျှင်ပင် မယားဖြစ်သူ၌ ကွာရှင်းခွင့်ရနိုင်ပေသည်။ရက်စက်မှု ဆိုသည်မှာ နည်းအမျိုးမျိုး ၊ပုံစံအမျိုးမျိုး နှင့်ဖြစ်နိုင်ပေရာ အချို့သော စိတ်ဒုက္ခခံစားရမှုများသည် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းခံစားရမှုထက်ပင် ဆိုးရွားသည်များရှိသည်။
ထို့ကြောင့် စိတ်ဆင်းရခြင်းဖြစ်အောင် ရက်စက်မှုပြုကျင့် လျှင်လည်း ကွာရှင်းခွင့်ရသည်။
🔰(တီမာလန်ဒူးဂို့(ရှ်) နှင့် မစ္စ်ပရိုတီမာဂို့(ရှ်) ၊၁၉၆၃ မတစ ၅၉၈)🔰

လင်ဖြစ်သူသည် မယားကြီးသဘောတူညီချက်မရဘဲ မယားငယ်ယူလျှင် မယားကြီးဖြစ်သူ၌ ကွာရှင်းခွင့်ရနိုင်သည်။
💐(မောင်ဆက်မောင် နှင့် မကြင်သွေး ၁၉၆၃ ၊မတစ ၊၂၉၅)💐
ယခုအခါ ၂၀၁၅ ခုနှစ် ၊သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်မှပြဌာန်းသော ဥပဒေအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၃ ပြဌာန်းချက်မှလွှမ်းမိုးပါသည်။
မယားဖြစ်သူသည် လင်ငယ်နေလျှင်လည်း ဤအသစ်ပြဌာန်းသောဥပဒေအရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

လင်ကမယားအား သုံးနှစ်တိုင်တိုင် အဆက်အသွယ် မပြုဘဲ စွန့်ပစ်ပြီး မယားကိုထောက်ပံ့ခြင်း မပြုလျှင် မယားကကွာရှင်းခွင့်ရသည်။အလားတူပင် မယားဖြစ်သူက လင်ဖြစ်သူအား တနှစ်တိုင်တိုင်စွန့်ပစ်လျှင် လင်သည်ကွာရှင်းခွင့်ရသည်။
၎င်းနှစ်အပိုင်းခြားအတိုင်း စွန့်ပစ်ထားရုံမျှဖြင့် ထိမ်းမြားမှုမှာအလိုလို မပြတ်စဲ မပျက်ပြယ်ပါ။
စွန့်ပစ်ခြင်းခံရသူက ထိမ်းမြားမှုကိုပျက်ပြယ်လိုလျှင် ပျက်ပြယ်အောင် ပြုနိုင်ခွင့်ပေးထားခြင်းမျှသာဖြစ်ပါသည်။
ပြစ်မှုကျူးလွန်သူ သို့မဟုတ် စွန့်ပစ်ထွက်ခွာသွားသူက ၎င်း၏ဆန္ဒတစ်ခုတည်းဖြင့် ကွာရှင်းနိုင်ခွင့်မရှိပါ။
စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုမှသာလျှင် ကွာရှင်းနိုင်မည်ဖြစ်ပါသည်။


#ဒေါ်မြင့်မြင့်မူ(LL.B)
#အထက်တန်းရှေ့နေ

ယနေ့(၄.၁.၂၀၂၅)ရက်နေ့တွင် ရှေ့နေသက်သေဖြင့်နှစ်ဦးသဘောတူ လက်ထပ်စာချုပ်လက်မှတ်ရေးထိုးသောမဂ်လာမောင်နှံသတို့သားလေးနှင့် သတို့...
10/01/2025

ယနေ့(၄.၁.၂၀၂၅)ရက်နေ့

တွင် ရှေ့နေသက်သေဖြင့်

နှစ်ဦးသဘောတူ လက်ထပ်

စာချုပ်လက်မှတ်ရေးထိုးသော

မဂ်လာမောင်နှံသတို့သားလေး

နှင့် သတို့သမီးလေး 😍😍😍

အရမ်းလိုက်ဖက်ပြီးချစ်စရာ

ကောင်းသော မောင်လေးနှင့်

ညီမလေးတို့ အိုအောင်မင်းအောင်

ပေါင်းဖက်ရပါစေ စိတ်ချမ်းသာ

ကိုယ်ကျန်းမာစွာနဲ့ ဘဝကိုအသက်

ထက်ဆုံး ပျော်ပျော်

ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပါစေလို့

ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

😍😍😍

#ဒေါ်မြင့်မြင့်မူ(LL.B)
#အထက်တန်းရှေ့နေ
#စာချုပ်စာတမ်းနှင့်အိမ်ခြံမြေဥပဒေဝန်ဆောင်မှုလုပ်ငန်း

#အိမ်ခြံမြေအရောင်းအဝယ်စာချုပ်
#တိုက်ခန်းအရောင်းအဝယ်စာချုပ်
#ကွန်ဒိုအရောင်းအဝယ်စာချုပ်
#မြေကွက်အရောင်းအဝယ်စာချုပ်
#သတင်းစာကြော်ငြာအမျိုးမျိုး
#လက်ထပ်စာချုပ်
#ကွာရှင်းစာချုပ်
#နိုင်ငံခြားသားလက်ထပ်
#ဘာသာခြားလက်ထပ်
#နို့တစ် #အကြောင်းကြားစာအမျိုးမျိုး #ကျမ်းကျိန်လွှာအမျိုးမျိုး
#အထွေထွေကိုယ်စားလှယ်လွှဲစာ
#အထူးကိုယ်စားလှယ်လွှဲစာ
#နိုထွီ

#ရာဇဝတ်မှု #တရားမမှု
#ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးခြင်း
#လူတွေ့တိုင်ပင်ဆွေးနွေးခြင်း
#ရွှေပြည်သာမြို့နယ်

✅လူကြီးမင်းတို့၏အိမ်ခြံမြေ

ဝယ်ယူရာတွင်လိုအပ်သော

စာရွက်စာတမ်းများလိုက်ပါ

စစ်ဆေးခြင်းများ

ဆောင်ရွက်ပေးပါသည်ရှင့်

ဆက်သွယ်မေးမြန်းစုံစမ်းလိုပါက

☎ 09 420 214 457(viber)
09 763 715 361
📝📝📝📝📝📝📝📝📝📝📝

Address

(16)quater, Shwepyithar Township
Yangon

Telephone

+959420214457

Website

Alerts

Be the first to know and let us send you an email when Shwe Moe Thet - ရွှေမိုးသက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Moe Thet - ရွှေမိုးသက်:

Share