Aung Myay Aung Kabar Legal and Corporate Services

Aung Myay Aung Kabar Legal and Corporate Services Legal and Corporate Srevices

05/06/2026

"စာရွက်စာတမ်း ဘာသာပြန်နှင့် နိုတြီ (Notary Public) လက်မှတ်အတွက် စိတ်ချရဆုံး ဝန်ဆောင်မှု" 📄✍️

​နိုင်ငံခြားပညာတော်သင် သွားမည့်သူများ၊ ပြည်ပအလုပ်အကိုင် ကိစ္စရပ်များနှင့် ကုမ္ပဏီ/စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများကို တရားဝင် ဘာသာပြန်ဆိုပြီး နိုတြီပြန်ရန် လိုအပ်နေပါသလား? 🤔
​လူကြီးမင်းတို့ရဲ့ အရေးကြီး စာရွက်စာတမ်းများ အမှားအယွင်းမရှိစေရန်နှင့် အချိန်ကြန့်ကြာမှုမရှိစေရန်အတွက် "အောင်မြေအောင်ကမ္ဘာ" ဥပဒေရေးရာနှင့် အထွေထွေဝန်ဆောင်မှုရုံးတွင် အတွေ့အကြုံရင့် နိုတြီဆရာကိုယ်တိုင် စနစ်တကျ စီစဥ်ဆောင်ရွက်ပေးနေပါပြီ။

​ကျွန်တော်တို့ရုံးတွင် ရရှိနိုင်မည့် Notary & Translation ဝန်ဆောင်မှုများမှာ -
🔹 မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစာရင်းများ
🔹 ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် ကျောင်းစာရွက်စာတမ်းများ
🔹 မွေးစာရင်း၊ အိမ်ထောင်ရေး/လက်ထပ်စာချုပ်နှင့် အလုပ်အကိုင်ထောက်ခံစာများ
🔹 ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်း၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းမျိုးစုံနှင့် အခြားစာရွက်စာတမ်းတို့ကို အင်္ဂလိပ်-တရုတ်-ဂျပန်-ကိုရီးယား ဘာသာပြန် ပြန်ဆိုပေးခြင်းနှင့် (Notary Public) လက်မှတ် ရေးထိုးပေးခြင်းတို့ကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။
​🎯 ကျွန်တော်တို့ရုံးရဲ့ အားသာချက်
​- ဘာသာပြန် အသုံးအနှုန်းနှင့် ဥပဒေအချက်အလက်များ တိကျမှန်ကန်ခြင်း။
​- ချိတ်ဆက်ထားသော နိုတြီဆရာကိုယ်တိုင် တိုက်ရိုက်ဆောင်ရွက်ပေးသဖြင့် အချိန်တိုအတွင်း အမြန်ရရှိခြင်း။
​- လိုအပ်ချက်နှင့် ကိုက်ညီအောင် သေချာစစ်ဆေးပေးခြင်း။
​💡 စာရွက်စာတမ်းတစ်ခုချင်းစီရဲ့ တန်ဖိုးနဲ့ လူကြီးမင်းတို့ရဲ့ အချိန်ကို လေးစားသောအားဖြင့် အကောင်းဆုံးနှင့် စိတ်ချရဆုံး ဝန်ဆောင်မှုကို ပေးစွမ်းသွားပါမည်။

​အသေးစိတ် မေးမြန်းလိုပါက စာရွက်စာတမ်းများကို Messenger (သို့မဟုတ်) Viber မှတစ်ဆင့် ပေးပို့၍ အခမဲ့ တွက်ချက်မေးမြန်းနိုင်သလို၊
ရုံးခန်းသို့လည်း လူကိုယ်တိုင် လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။

​📍 အမှတ် - ၁၄၆၊ သမာဓိ (၄)လမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းနံပါတ်: ၀၉ ၉၄၀၈၂၇၇၈၀
💬 Viber: ၀၉ ၈၉၂၁၉၁၂၂၃

‎Online Shop မောင်နှမများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်း 🚀‎‎​"ကိုယ့်ရဲ့ Online လုပ်ငန်းလေးကို တရားဝင် ...
04/06/2026

‎Online Shop မောင်နှမများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်း 🚀

‎​"ကိုယ့်ရဲ့ Online လုပ်ငန်းလေးကို တရားဝင် လိုင်စင်နဲ့ ရေရှည်ခိုင်မာအောင် လုပ်ချင်တယ်..."

‎"ကိုယ့်အမှတ်တံဆိပ် (Brand) ကို သူများ ခိုးမသုံးနိုင်အောင် ဥပဒေအရ ဘယ်လို ကာကွယ်ရမလဲ..."

‎"SME လုပ်ငန်းကနေ ကုမ္ပဏီအဖြစ် တရားဝင် ပြောင်းလဲချင်တယ်..."
‎​ဒီလိုအစီအစဉ်တွေ ရှိပေမယ့် လုပ်ငန်းစဉ်တွေ ရှုပ်ထွေးမှာ စိုးရိမ်ပြီး အချိန်မပေးနိုင် ဖြစ်နေပါသလား?

‎​မိဘပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် Online Shop မောင်နှမများ ကြုံတွေ့ရလေ့ရှိသည့် လုပ်ငန်းလိုင်စင်နှင့် ဥပဒေရေးရာ ကိစ္စရပ်များကို တစ်နေရာတည်းတွင် စိတ်ချယုံကြည်စွာဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် "အောင်မြေအောင်ကမ္ဘာ" ဥပဒေရေးရာနှင့် အထွေထွေဝန်ဆောင်မှုရုံး မှ အနီးကပ် ဝန်ဆောင်မှုပေးနေပါပြီ။

‎​ကျွန်တော်တို့ "အောင်မြေအောင်ကမ္ဘာ" တွင် -
‎🔹 Online Shop လိုင်စင် လျှောက်ထားပေးခြင်း
‎🔹 ကုမ္ပဏီမှတ်ပုံတင်ခြင်း (Company Registration)
‎🔹 ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံတင်ခြင်းနှင့် ကာကွယ်ခြင်း
‎🔹 YCDC လုပ်ငန်းလိုင်စင်အမျိုးမျိုး လျှောက်ထားပေးခြင်းတို့ကို
‎​အတွေ့အကြုံရှိ တရားလွှတ်တော်ရှေ့နေများကိုယ်တိုင် ဥပဒေနှင့်အညီ တိကျသေချာစွာ အစအဆုံး ဆောင်ရွက်ပေးနေပါသည်။
‎​💡 လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင် အောင်မြင်တိုးတက်ဖို့ ခိုင်မာတဲ့ ဥပဒေအကာအကွယ်နဲ့ စတင်လိုက်ပါ။

‎​အသေးစိတ် သိရှိလိုသည်များကို Messenger မှတစ်ဆင့် ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ စိတ်ကြိုက် ဆွေးနွေးတိုင်ပင်နိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

‎​📍 လိပ်စာ: အမှတ် - ၁၄၆၊ သမာဓိ (၄)လမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

‎📞 ဖုန်းနံပါတ်: ၀၉ ၉၄၀၈၂၇၇၈၀
‎💬 Viber: ၀၉ ၈၉၂၁၉၁၂၂၃

"အောင်မြေအောင်ကမ္ဘာ" ဥပဒေရေးရာနှင့် အထွေထွေဝန်ဆောင်မှုရုံးမှ နွေးထွေးစွာ ကြိုဆိုပါသည်။မိဘပြည်သူများ၊ စီးပွားရေးလုပ်ငန်းရ...
01/06/2026

"အောင်မြေအောင်ကမ္ဘာ" ဥပဒေရေးရာနှင့် အထွေထွေဝန်ဆောင်မှုရုံးမှ နွေးထွေးစွာ ကြိုဆိုပါသည်။
မိဘပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် Online Shop မောင်နှမများ ကြုံတွေ့ရလေ့ရှိသည့် ဥပဒေရေးရာကိစ္စရပ်များနှင့် အထွေထွေလုပ်ငန်းလိုင်စင်ကိစ္စရပ်များကို တစ်နေရာတည်းတွင် စိတ်ချယုံကြည်စွာဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် "အောင်မြေအောင်ကမ္ဘာ" မှ အနီးကပ် ဝန်ဆောင်မှုပေးသွားတော့မည် ဖြစ်ပါသည်။
ကျွန်တော်တို့ “အောင်မြေအောင်ကမ္ဘာ” ဥပဒေရေးရာနှင့် အထွေထွေဝန်ဆောင်မှုရုံးတွင် ရရှိနိုင်မည့် ဝန်ဆောင်မှုများမှာ -
• ပြစ်မှု၊ တရားမ ဥပဒေရေးရာ၊
• အခွန်နှင့် ဥပဒေရေးရာ အကြံပြုပေးခြင်း၊
• အိမ်ခြံမြေအရောင်းအဝယ်စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုပေးခြင်း၊
• (GP/SP) ဝန်ဆောင်မှုများပေးခြင်း၊
• လက်ထပ်စာချုပ်အမျိုးမျိုးနှင့် တရားရုံးလက်ထပ်ထိမ်းမြားခြင်း၊
• ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကုန်အမှတ်တံဆိပ်နှင့် Online Shop လိုင်စင်များနှင့်
• YCDC လုပ်ငန်းလိုင်စင်အမျိုးမျိုးလျှောက်ထားပေးခြင်းတို့ကို
အတွေ့အကြုံရှိ တရားလွှတ်တော်ရှေ့နေများ ကိုယ်တိုင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အသေးစိတ်သိရှိလိုသည်များကို Messenger (သို့မဟုတ်) လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ရန်လည်း ဖိတ်ခေါ်အပ်ပါသည်။
📍 လိပ်စာ: [အမှတ် - ၁၄၆၊ သမာဓိ (၄)လမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။] 📞 ဖုန်းနံပါတ်: [၀၉ ၉၄၀၈၂၇၇၈၀ ၊ Viber : ၀၉ ၈၉၂၁၉၁၂၂၃]

ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့်..ပြည်သူ့စစ်မှုထမ်းကိစ္စက ခုတလော အတော်လေးကို လူပြောများပြီးတော့ကုမ္ပဏီတွေအတွက်လည်း ဝန်ထမ်း...
06/02/2025

ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့်..
ပြည်သူ့စစ်မှုထမ်းကိစ္စက ခုတလော အတော်လေးကို လူပြောများပြီးတော့ကုမ္ပဏီတွေအတွက်လည်း ဝန်ထမ်းအင်အားဆိုင်ရာတွေကို စီစဉ်နေကြရတာမို့ မသိမဖြစ်အကြောင်းအရာတစ်ခုအနေနဲ့ ဒီအကြောင်းနဲ့စပ်လျဉ်းပြီး ပြောပြလိုပါတယ်ဗျ။
မကြာမီရက်ပိုင်းက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ကလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) နဲ့ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီနည်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းခြင်းကို ကင်းလွတ်ခွင့်တောင်းခြင်း၊စစ်မှုထမ်းရမည့် ကာလကို လျှော့ပေါ့ပေးရန် နှင့်ကာလအပိုင်းအခြားကို ရွှေ့ဆိုင်းပေးပါရန် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားတာတွေ့ရှိရပါတယ်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်လျှင်အောက်ပါအဆင့်တွေအတိုင်းဆောင်ရွက်ရပါမယ်-
(၁) မြို့နယ်အဖွဲ့မှ ဆေးစစ်ရန်ဆင့်ခေါ်မယ်။
(၂) ဆေးစစ်ပြီး ဆေးအောင်လျှင် သတ်မှတ်ရက်အတွင်းတွင် ကင်းလွတ်ခွင့်လျှောက်ထားနိုင်ပါတယ်။ (စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်/ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးခွင့်/သီးခြားဖော်ပြထားသောကာလအပိုင်းအခြားအထိရွှေ့ဆိုင်းခွင့် စသည်တို့ကို လျှောက်ထားနိုင်တယ်။)
(၃) မြို့နယ်အဖွဲ့သည် လျှောက်ထားတင်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိရန် စိစစ်ပြီး လျှောက်ထားသူ၏ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ဆေးစစ်ဆေးတွေ့ရှိချက်၊ မိမိ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို ပူးတွဲလျက် အထက်အဆင့်ဆင့်ကို တင်ပြပေးပါလိမ့်မယ်။
(၄) အထက်ဌာနများမှ စိစစ်၍ ခွင့်ပြုချက်ရရှိပါက (စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်/ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးခွင့်/သီးခြားဖော်ပြထားသောကာလအပိုင်းအခြားအထိရွှေ့ဆိုင်းခွင့်) တခုခုကို ခံစားနိုင်ပါတယ်။
ထို့ကြောင့် မိမိကို ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ခံရပြီး ဆေးစစ်ပြီးစီးချိန်တွင် ဖော်ပြပါ ကင်းလွတ်ခွင့်များဖြစ်သော "စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်/ စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးခွင့်/သီးခြားဖော်ပြထားသောကာလအပိုင်းအခြားအထိရွှေ့ဆိုင်းခွင့် တို့ကို လျှောက်ထားနိုင်ပါကြောင်း" နှင့် သက်ဆိုင်ရာကုမ္ပဏီများ/ လုပ်ငန်းများမှလည်း ထောက်ခံချက်များရေးသား၍ သက်ဆိုင်ရာတာဝန်ရှိသူများထံပေးပို့၍ ရနိုင်ပါတယ်။
လျှောက်ထားရသော အကြောင်းအရာများကို ခိုင်လုံစွာရေးသားနိုင်ပြီး သက်ဆိုင်ရာစာရွက်စာတမ်းများကို ပူးတွဲတင်ပြနိုင်ပါလျှင် နည်းဥပဒေများအရ ကင်းလွတ်ခွင့်များရရှိနိုင်ပါတယ်။
*စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် (အပြာရောင်စာရွက်)
*စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးခွင့် (အဝါရောင်စာရွက်)
*သီးခြားဖော်ပြထားသောကာလအပိုင်းအခြားအထိရွှေ့ဆိုင်းခွင့် (အစိမ်းရောင်စာရွက်) တို့တွင်ပါရှိသောလျှောက်လွှာပုံစံ Formများတွင်ဖြည့်စွက်၍ လျှောက်ထားနိုင်ကြပါတယ်။
(မှတ်ချက်။ ဒီစာက ကင်းလွတ်ခွင့် ပေး/မပေးဆိုတဲ့ ရှုထောင့်က ရေးသားထားခြင်းမဟုတ်ဘဲ မလွဲမရှောင်သာ ဆင့်ခေါ်ခံရ၍ ဆေးစစ်ခဲ့ရလျှင်တောင် ကင်းလွတ်ခွင့်/ သက်သာခွင့်/ လျှော့ပေါ့ခွင့် စသည်တို့ လျှောက်ထား၍ ရနိုင်ပြီဖြစ်ကြောင်းဆိုတဲ့ သိစေလိုတဲ့ ရှုထောင့်ကသာ ရေးသားထားခြင်းဖြစ်ပါတယ်။ ကျနော်နဲ့ ဆက်စပ်သော ကုမ္ပဏီတွေကတော့ ဒီလိုအခြေအနေတွေဖြစ်ပေါ်လာရင် ကင်းလွတ်ခွင့်ပြုနိုင်ပါရန် ထောက်ခံစာကို သက်ဆိုင်ရာဝန်ထမ်းမှတောင်းခံလာပါက လူမှုရေး၊ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေကိုဖော်ပြ၍ သေချာစွာရေးပေးနေကြပြီဖြစ်ပါကြောင်း ခင်ဗျာ။)

 #ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းခြင်းခရစ်ယာန်ဘာသာ၀င်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်းပြုလုပ်ခွင့်မရှိပေ။ခရစ်ယာန်ဘာသာ၀င်မျ...
06/02/2025

#ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းခြင်း

ခရစ်ယာန်ဘာသာ၀င်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်းပြုလုပ်ခွင့်မရှိပေ။
ခရစ်ယာန်ဘာသာ၀င်များအတွက်ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရသာကွာရှင်းခွင့်ရခြင်းဖြစ်ပါသည်။ ပျက်ပြယ်စေခြင်း။
၁။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း။
၂။ ထိမ်းမြားမှု
၃။ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း။ စသည်အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်းဒေသကြီးတရားလွှတ်တော်တို့တွင်သာ တရားစွဲဆိုရမည်ဖြစ်ပါသည်။
ထိမ်းမြားမှု ပယ်ဖျက်ခြင်းကိစ္စ -
အောက်ပါအကြောင်းပြချက်များဖြင့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် ခရိုင်တရားမရုံး သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
(၁) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး ယောကျာ်းနှင့်ဖောက်ပြားကျူးလွန်ပါသည်ဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၂) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ်ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၃) သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်းအကြောင်းပြချက်ဖြင့်ဖြစ်စေ ၊
(၄) နောက်မယားယူခြင်းနှင့်ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၅) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ၊
(၆) မုဒိမ်းမှု၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှုကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၇) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သော ရက်စက်မှုကျူးလွန်ခြင်းဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၈) မိန်းမတစ်ဦးနှင့်ဖောက်ပြန်ခြင်းအပြင် ၄င်းအား (၂) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ စသည့်အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန်လျှောက်ထားနိုင်ပါသည်။
ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -
အောက်ပါအကြောင်းများဖြင့် ထိမ်းမြားမှုပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါရှိနေကြောင်း ၊
(၂) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း၊
(၃) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံံ့သူဖြစ်ကြောင်း၊
(၄) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ်အသက်ရှင်လျက်ရှိကြောင်း နှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေလျက်ရှိကြောင်း၊ စသည့်အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။
ခရိုင်တရားမတရားသူကြီးက ထိမ်းမြားမှုပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက်ရရန်လိုအပ်ပါသည်။
တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း -
အောက်ပါအကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်းကို ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) လင်ယောကျာ်း(သို့) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း၊
(၂) ရက်စက်မှုကျူးလွန်ခြင်း
(၃) လုံလောက်သောအကြောင်းတစ်စုံတစ်ရာမရှိဘဲ (၂) နှစ်သို့မဟုတ် (၂) နှစ်အထက်စွန့်ပစ် ထားခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။
credit

Bona Fide Legal Services & IP Law Firm
09892191223, 09940827780
No. 339, Pyitharya (2) St, Thingangyun, Yangon.

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားရယူရန် လိုအပ်သည့် အချက်များအား ဖော်ပြအပ်ပါသည်။ပြည်ပအလုပ်အကိုင် အကျိုး...
04/02/2025

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားရယူရန် လိုအပ်သည့် အချက်များအား ဖော်ပြအပ်ပါသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်လိုအပ်ပြီး #ပြည်ပအလုပ်အကိုင်ဆိုင်ရာအကျိုးဆောင် လိုင်စင်မရှိဘဲ အလုပ်လုပ်ကိုင်သူအား ၁၉၉၉ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဉပဒေ ပုဒ်မ ၂၆ အရ ထောင်ဒဏ် ၇ နှစ် အပြင် ငွေဒဏ်လည်း ချမှတ်အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့်လည်း ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နိုင်ငံအလိုက်ဝန်ဆောင်စရိတ်ကောက်ခံမှုနှုန်းထားများအတိုင်း ကောက်ခံရမည်ဖြစ်ပြီး ပိုမိုတောင်းခံပါက ယင်းဉပဒေပုဒ်မ ၂၇ အရ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

👉 ဉပဒေဆိုင်ရာ အကြံဉာဏ်များရယူလိုပါက Bona Fide Legal Services & IP Law Firm မှ
တရားလွှတ်တော်ရှေ့နေများဖြင့် ဆက်သွယ်ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါသည်။

Bona Fide Legal Services & IP Law Firm မှ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။

📌 ဆက်သွယ်လိုပါက...
Bona Fide Legal Services & IP Law Firm

☎ Hotline:
09892191223, 09940827780, 09940827790, 09403999717
💌 [email protected]
Office: အမှတ်(၃၃၉)(ဒု-ထပ်)၊ ပြည်သာယာ (၂) လမ်း၊ ဇ/မြောက်ရပ်ကွက်၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။









�ရွာမြေ ၊ဥယျာဉ်ခြံမြေအကြောင်း တစေ့တစောင်း။�နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင...
15/01/2025

�ရွာမြေ ၊ဥယျာဉ်ခြံမြေအကြောင်း တစေ့တစောင်း။

�နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။

�ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။ မိတ်ဆွေဟာ နယ်ဘက်မှာ ခြံဝယ်မယ်၊ အိမ်ဆောက်မယ်ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက -

( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူပဲလား?
( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား? ဆိုတာပါပဲ။

နံပါတ် ( ၁ ) အချက် - ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။
ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေရပ်ကွက်အတွင်းက မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင် ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန်သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။

နံပါတ် ( ၂ ) အချက် - ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ လယ်၊ တောင်ယာ၊ ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးရန်အတွက်သာ အကျုံးဝင်ပါတယ်။ ဒါပေမယ့် မြို့နီး၊ ရွာနီး၊ လူနေရပ်ကွပ်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့ ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။ ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား? အရင်ဥပဒေတွေအရတော့ ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်အတည်တကျ ဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။

�ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား? လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့် လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီး ရွာမြေဆိုရင်လည်း ရွာမြေမှန်ကန်ရဲ့လား၊ ဥယျာဉ်ခြံမြေဆိုရင်လည်း လူနေရပ်ကွက်အသိုင်းအဝိုင်းကြားမှာ တည်ရှိရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

လေးစားစွာ

#အိမ်ခြံမြေ

 #ဆိုက်ဘာလုံခြုံရေးဉပဒေ- ဗီပီအန် (VPN) ဆိုတဲ့စာသား ပါလာပါတယ်- ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဗီပီအန်ထူထောင်ခြင်း...
03/01/2025

#ဆိုက်ဘာလုံခြုံရေးဉပဒေ
- ဗီပီအန် (VPN) ဆိုတဲ့စာသား ပါလာပါတယ်
- ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဗီပီအန်ထူထောင်ခြင်း၊ ဗီပီအန်ဝန်ဆောင်မှုပေးခြင်း ဆိုတာလည်း ထူးခြားချက်ပါ
- အွန်လိုင်းလောင်းကစားစနစ်တည်ဆောင်ခြင်းရဲ့ အဓိပ္ပါယ်ဖော်ပြချက်တွေပါ ပါလာပါတယ်

ကျွန်မအမျိုးသားက အွန်လိုင်းကတဆင့် ရည်းစားထားပြီး အပျိုကောင်မလေးတစ်ယောက်ကို ခိုးယူ ထွက်ပြေး ပါတယ် ။ ကျွန်မတို့နှစ်ယောက် ပ...
20/12/2024

ကျွန်မအမျိုးသားက အွန်လိုင်းကတဆင့် ရည်းစားထားပြီး အပျိုကောင်မလေးတစ်ယောက်ကို ခိုးယူ ထွက်ပြေး ပါတယ် ။ ကျွန်မတို့နှစ်ယောက် ပေါင်းသင်းစဉ်ကတည်းက ယောက္ခမဖြစ်သူက သဘောမတူပါ ။ နောက်တစ်ယောက် ခိုးပြေးတော့ ယောက္ခမကလည်း သားရှင်မိဘအနေနဲ့ နယ်အထိလိုက်သွားပြီး မင်္ဂလာပွဲ လုပ်ပေးခဲ့ပါတယ် ။ ကျွန်မအမျိုးသားကို တစ်လင်တစ်မယားဥပဒေနဲ့ တရားစွဲနိုင်တယ်ဆိုတာကို နားလည်ပါ တယ် ။ ဒါပေမဲ့ တရားဝင်မယားရှိရက်သားနဲ့ နောက်မိန်းမတောင်းပေးတဲ့ ယောက္ခမကို အရေးယူ လို့ ရ မရ ဆို တာကို သိပါရစေ ။
===========================

ဒီနေရာမှာ ဥပဒေပြဿနာကို နည်းနည်းပြောချင်ပါတယ်။ ပထမတစ်ချက်က တစ်လင်တစ်မယားစနစ် ဥပဒေ သည် အိမ်ထောင်ရှိတဲ့ လူတွေကိုပဲ ဖောက်ဖျက်တာကို စွဲလို့ရသလား ။ အိမ်ထောင်မရှိတဲ့ အပျိုလူပျိုတွေကော ဒီဥပဒေနဲ့ စွဲလို့ရမရဆိုတဲ့ ပြဿနာတွေရှိပါတယ်။ ကျွန်တော်ဖက်ကတော့ ပြတ်ပြတ်သားသား ကျွန်တော်အယူ အဆကို တင်ပြချင်ပါတယ်။ တစ်လင်တစ်မယားစနစ် ဥပဒေမှာ ပုဒ်မ ၁၀ဆိုတာရှိပါတယ်။ ပုဒ်မ၁၀ က အိမ်ထောင်ပြုပြီးတော့မှ နောက်ထပ်အိမ်ထောင်ပြုတဲ့ပုဂ္ဂိုလ်ပေါ့ ။ အဲ့ဒီပုဂ္ဂိုလ်က ယောကျာ်းလည်း ဖြစ်ချင် ဖြစ် မယ်၊ မိန်းမလည်း ဖြစ်ချင်ဖြစ်မယ် ။ ဆိုလိုတာက အိမ်ထောင်ရှိတဲ့သူက ပြုလိုက်တာ ။

နောက်တစ်ခုက ပုဒ်မ ၁၀။ ပုဒ်မ၁၀ ကတော့ မည်သူမဆိုပဲ ။ သူကဘာလဲဆိုတော့ ပထမအိမ်ထောင်ရှိပြီး တော့ ထပ်မံ အိမ်ထောင်ပြုမယ်ဆိုရင်တော့ ခုနကပြောသလိုပဲ အပျိုလူပျိုလဲပါတယ်။ အပျိုလူပျိုလဲ ပုဒ်မ ၁၂ အရ ပေါ့နော် ။ ၁၂ထဲမှာ ငြိတယ်။ ဘာဖြစ်လို့လဲဆိုတော့ .. ခက်တာက အပျိုလူပျိုဆိုသော်လည်း ပဲတစ်ခါ တစ်ခါကျတော့ တစ်လင်တစ်မယားစနစ်ဥပဒေရဲ့ရည်ရွယ်ချက်က အိမ်ထောင်တစ်ခုကို မြဲစေချင်တဲ့အခါကျ တော့ ခုနကပြောတဲ့ လူလွတ်တဲ့ပုဂ္ဂိုလ်တွေက မရရအောင် ဒီအိမ်ထောင်ရှင်ယောကျာ်းကိုသော်လည်းကောင်း၊ အိမ်ထောင်ရှင်မိန်းမကိုသော်လည်းကောင်း နည်းမျိုးစုံနဲ့ကြိုးစားပြီးတော့ လုပ်တဲ့ကိစ္စမျိုးတွေကို သူတို့ကို ချန်လှပ်ထားခဲ့လို့တော့ မဖြစ်ဘူး။ မဖြစ်ဘူးဆိုတဲ့အခါကျတော့ ဘာပဲပြောပြော.. တစ်လင်တစ်မယားစနစ်ကို ကျူးလွန်တဲ့အခါမှာ မသိလို့ပြုလိုက်တာကိုလည်း ဥပဒေအရ အကာအကွယ်ပေးထားတယ်။ ဒီဟာ သိလို့လုပ် မယ်ဆိုရင်တော့ တစ်ဖက်က အိမ်ထောင်ရှိခဲ့တယ်ဆိုရင်တော့ တဖက်က လူလွတ်တို့ဘာတို့ အိမ်ထောင်မရှိတဲ့ သူတို့တွေကို အရေးယူလိုရတယ်လို့ ကျွန်တော်အနေနဲ့ ပုဒ်မ ၁၂ သည် ၁၀ နဲ့ခြားနားမှု လိုရင်းအဓိပ္ပာယ် လို့ ယူဆပါတယ်။

သူမေးတဲ့မေးခွန်းကို ထောက်ကြည့်မယ်ဆိုရင်တော့ ယောက္ခမကိုယ်တိုင်ကိုက အစကတည်းကိုက သဘော မတူဘူး။ သဘောမတူလို့ ပြီးတော့မှ သူက ဒီဟာကို နောက်ထပ်အိမ်ထောင်တစ်ခုကို တောင်းရမ်းပေးတယ်။ ခမ်းခမ်းနားနား မဟုတ်သည်တိုင်အောင် မင်္ဂလာဆောင်ပေးတယ်.. ဆိုတဲ့အပေါ်မှာ တစ်ဖက်က အမြင်နဲ့ကြည့် လိုက်ရင် .. အားပေးတဲ့သဘောမျိုးဖြစ်တယ်။ အားပေးတယ်ဆိုတဲ့သဘောမျိုးမှာ ဥပဒေအရ သူ့ကို အားပေး ကူညီမှုနဲ့ ဝင်မဝင်ပေါ့ ။ ဝင်မဝင် ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ဥပဒေရဲ့သဘောတရားအရ ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အတွေးအခေါ်အရ အားပေးကူညီတာသည် crime ။ သူလဲပြစ်မှုပဲ ။ ဒါကြောင့်မို့လို့ ရာဇသတ်ကြီး မှာလဲ အားပေးကူညီမှုကို ထည့်သွင်းပြီးတော့ ပြဋ္ဌာန်းထားတယ်။ တစ်ကယ်လို့အားပေးကူညီတဲ့ပုဂ္ဂိုလ်သည် ဘယ်လောက်အတိုင်းအတာသည် အပြစ်ပေးနိုင်တယ်ဆိုရင် မူရင်းပုဒ်မမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ပြစ်မှုအတိုင်း ပဲအပြစ်ပေးနိုင်တယ်။ ဟိုမှာ ထောင်တစ်သက်ဆိုရင်လည်း ဒီမှာလည်း အားပေးကူညီမှုကို ထောင်တစ်သက် ။ ပြစ်မှုရဲ့အယူအဆသဘောတရားအရ ကြည့်မယ်ဆိုရင် ပြစ်မှုတိုင်း..ပြစ်မှုတိုင်မှာ ခုနက ပြောတဲ့အားပေး ကူညီ တဲ့ပုဂ္ဂိုလ်တို့ ၊ ပူးပေါင်းကြံစည်တဲ့ပုဂ္ဂိုလ်တို့ ဆိုတာတွေက ရှိတယ်။

ဒီနေရာမှာ တစ်ချို့ကပြောတာပေါ့ ။ ဒီအထဲမှာ အားပေးကူညီမှုကို အရေးယူရမယ်လို့ ပြဋ္ဌာန်းထားတာမရှိဘူးလို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ကယ်လို့ အားပေးကူညီတဲ့ပုဂ္ဂိုလ်မျိုးကို အရေးမယူစေချင်ရင် ဒီအထဲမှာထည့် .. ဥပမာ မယားခိုးမှု ၊ မယားခိုးမှုမှာကျတော့ ယောကျာ်းကိုစွဲလို့ရတယ်။ မိန်းမကပြစ်မှုမရောက် ဘူးလို့ ဥပဒေထဲမှာကို ထည့်ရေးထားတာ။ မယားကိုတော့ မယားခိုးမှုမှာ အားပေးကူညီမှု နဲ့ စွဲလို့မရဘူးလို့ ထည့်ရေးထားတယ်။ တစ်ကယ်လို့ အားပေးကူညီတဲ့ပုဂ္ဂိုလ်ကို အခုလို ဥပဒေတွေမှာ မစွဲစေချင်ရင် ဥပဒေတွေ ထည့်ပြီးပြဋ္ဌာန်း ထားဖို့တော့ လိုတယ်။ သို့မဟုတ် မစွဲရဘူးလို့ တားမြစ်ထားတဲ့ဟာ ရှိဖို့လိုတယ်။ တားမြစ်ထား တာ မရှိဘူး ဆိုရင်တော့ ကျင့်ထုံးဥပဒေအရ သွားမယ်။ ရာဇသတ်ကြီးဥပဒေအရ သွားမယ် ဆိုရင်တော့ ကုဒ်ကတော့ ဒီကျင့်ထုံးကိုပဲ လုပ်ရတာ။ ဆန်ကျင်မှုဖြစ်ခဲ့ရင်တော့ အထူးဥပဒေအရ လွှမ်းမိုးချင်ရင်လွှမ်းမိုး မယ်။ သို့သော် ဟိုထဲမှာ တိတိကျကျ မပြဋ္ဌာန်းဘူးဆိုရင်တော့.. ဒါကဥပဒေအရ ပြောတာပါ။ ယောက္ခမကို အားပေးကူညီမှုနဲ့ စွဲဖို့မဟုတ်ပါဘူး။ သို့သော်လည်း စွဲမယ်ဆိုရင်တော့ စွဲလို့ရပါတယ်။ တရားရုံးကနေပြီးတော့ သူရဲ့စဉ်းခြင်တုံ တရားအရ သူက အခြေအနေကြည့်ပြီးတော့ အမှုကို ဆန်းစစ်ပြီး ကွန်ပရိုမိုက်လုပ်ချင်လည်း လုပ်မှာပေါ့။ တရားရုံးက ညှိနှုန်းဖျန်ဖြေတဲ့ အပိုင်းလေးတွေလဲလာပါတယ်။ ဒီလိုအမှုတွေက ညှှိုနှိုင်းဖျန်ဖြေမှုနဲ့ သွားဖို့ကောင်းပါတယ်။

#တစ်လင်တစ်မယာ #အားပေးကူညီမှု

💡 ငွေကြေးဆိုင်ရာ အတွေးအမြင်လေး မျှဝေပါရစေ...သင့်ရဲ့ ပိုင်ဆိုင်မှုတွေက သင့်ကို ငွေပြန်ရစေတဲ့ Assets တွေလား၊ ငွေကုန်စေတဲ့ ...
20/12/2024

💡 ငွေကြေးဆိုင်ရာ အတွေးအမြင်လေး မျှဝေပါရစေ...

သင့်ရဲ့ ပိုင်ဆိုင်မှုတွေက သင့်ကို ငွေပြန်ရစေတဲ့ Assets တွေလား၊ ငွေကုန်စေတဲ့ Liabilities တွေလား❓ ကျွန်တော်တို့ တွေးကြည့်ရအောင်။

လူအများစုဟာ ကိုယ့်ကိုကိုယ် ချမ်းသာတယ်လို့ ထင်နေကြပါတယ်။ ကားကြီးစီး၊ ကွန်ဒိုမှာနေ၊ ဘဏ်စာရင်းထဲ သိန်းထောင်ချီရှိ... ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့က ဆင်းရဲနေကြတာပါ။ 🤔

ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးက Liabilities တွေချည်းပဲ ဖြစ်နေလို့ပါ။

ကားကြီးဆို အရစ်ကျပေးရတယ်၊ ဆီဖိုးကုန်တယ်၊ ပြင်ခကုန်တယ်။ ကွန်ဒိုဆို လစဉ်ကြေးပေးရတယ်၊ ပြုပြင်စရိတ်ကုန်တယ်။ ဘဏ်ထဲက ငွေတွေက ငွေဖောင်းပွမှုကြောင့် တန်ဖိုးကျနေတယ်။ 💸

Liability ဆိုတာ ကိုယ့်အိတ်ထဲက ငွေတွေ ထွက်သွားစေတဲ့ ပိုင်ဆိုင်မှုတွေပါ။ ဥပမာ - ကိုယ်နေတဲ့အိမ်က ကိုယ်ပိုင်ဆိုရင်တောင် Liability ပါပဲ။ သာယာရေးခတွေ ပေးရတယ်၊ ပြုပြင်စရိတ်ကုန်တယ်၊ မီးဘေလ် ရေဘေလ်တွေ ပေးရတယ်။ တန်ဖိုးကြီး ဖုန်းတွေ၊ ရုပ်မြင်သံကြားတွေ၊ အဝတ်အစားတွေ အားလုံးဟာ Liabilities တွေပါပဲ။

တကယ်တမ်း ချမ်းသာတဲ့သူတွေက ဘာတွေလုပ်လဲသိလား? သူတို့က Assets တွေကိုပဲ စုဆောင်းကြတယ်။

Assets ဆိုတာ ငွေပြန်ရစေတဲ့ ပိုင်ဆိုင်မှုတွေပါ။ ငှားရမ်းလို့ရတဲ့ တိုက်ခန်း၊ အမြတ်ရနေတဲ့ စတိုးဆိုင်၊ ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်း၊ အစုရှယ်ယာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပေါ့။ 📈

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေ ပြောပြချင်ပါတယ်။ ချမ်းသာတဲ့သူတွေဟာ သူတို့ရဲ့ ဝင်ငွေကို အဓိက ၃ ပိုင်း ခွဲသုံးကြပါတယ်။

၁) Assets တွေ ဝယ်ယူဖို့
၂) မရှိမဖြစ် Liabilities တွေအတွက်
၃) ပျော်ရွှင်မှုအတွက် သုံးစွဲဖို့

အဲဒီထဲမှာ Assets တွေ ဝယ်ယူဖို့က အများဆုံးပါ။ တချို့က ဝင်ငွေရဲ့ ၇၀% လောက်တောင် Assets တွေ ဝယ်ယူဖို့ သုံးကြပါတယ်။ 💰

💡 ဥပမာ - သင့်မှာ ငွေ ၁၀ သိန်းရှိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ စျေးကွက်ထဲ iPhone 15 Pro Max အသစ်ထွက်နေပြီ။ ဈေးကလည်း ၅၀ သိန်းကျော်။ အရစ်ကျစနစ်နဲ့ဆို ၁၀ သိန်း ကနဦးပေးသွင်းပြီး တစ်လ ၃ သိန်းကျ ၁၅ လ အရစ်ကျပေးရမယ်တဲ့။ 📱

ဒါဆိုရင်...

လမ်းကြောင်း (၁) - Liability ဘက်ကို ဦးတည်
- ၁၀ သိန်းကို iPhone အတွက် ကနဦးငွေအဖြစ် သုံးလိုက်မယ်
- လစဉ် ၃ သိန်းကို အရစ်ကျပေးရမယ်
- ဖုန်းကို သုံးလို့ကောင်းပေမယ့် တန်ဖိုးကျဆင်းနေမယ်
- နောက်ထပ် မော်ဒယ်အသစ်ထွက်လာရင် စျေးပိုကျမယ်
- ဖုန်းပျက်စီးရင် ပြင်ခကုန်မယ်

လမ်းကြောင်း (၂) - Asset ဘက်ကို ဦးတည်
- ၇ သိန်းကို လုပ်ငန်းငယ်လေး စမယ်
- ၃ သိန်းကို သင့်တင့်တဲ့ဖုန်းတစ်လုံး ဝယ်မယ်
- အရစ်ကျပေးစရာ မလိုတော့
- လုပ်ငန်းက တစ်လ အနည်းဆုံး ၁ သိန်းလောက် ပြန်ရနိုင်
- နှစ်အကြာမှာ ရင်းထားတဲ့ငွေ နှစ်ဆသုံးဆ တိုးလာနိုင်

အဲအချိန် ရွေးချယ်မှုက သင့်လက်ထဲမှာပါ။ နောက်ဆုံးပေါ် နည်းပညာကို ပိုင်ဆိုင်ချင်တဲ့ စိတ်ဆန္ဒနဲ့ ငွေကြေးလွတ်လပ်မှုဆီ ရောက်ချင်တဲ့ ရည်မှန်းချက်။ ဘယ်ဘက်ကို ဦးတည်မလဲဆိုတာ သင်ပဲ ဆုံးဖြတ်ရမှာပါ။ 🤔

ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ ဘဝသင်ခန်းစာတွေထဲမှာ ဒီအကြောင်းတွေ မပါခဲ့ပါဘူး။ ကျောင်းမှာလည်း မသင်ခဲ့ရပါဘူး။ အိမ်မှာလည်း မကြားခဲ့ရပါဘူး။

လူအများစုက လစာရရင် အရင်ဆုံး ကိုယ်ကြိုက်တာတွေ ဝယ်တယ်။ ပျော်ရွှင်မှုအတွက် သုံးတယ်။ နောက်မှ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတယ်။ ဒါဟာ မှားယွင်းတဲ့ နည်းလမ်းပါ။ 🚫

ဒီနေရာမှာ ပြောစရာရှိတာက Assets တွေဝယ်ဖို့ ငွေအများကြီး လိုတယ်လို့ မထင်ပါနဲ့။ သင့်မှာရှိတဲ့ ငွေနဲ့ စလို့ရပါတယ်။ ငွေ ၁ သိန်းပဲရှိရင် ၁ သိန်းနဲ့ လုပ်လို့ရတဲ့ Assets တွေရှိပါတယ်။

ဥပမာ - Online Shop လေး စလုပ်နိုင်တယ်။ အွန်လိုင်းကနေ ရောင်းလို့ရမယ့် ပစ္စည်းလေးတွေ ဝယ်ထားနိုင်တယ်။ စတော့ရှယ်ယာတွေ စဝယ်နိုင်တယ်။ 📚

အဲဒါတွေက စလို့ရတဲ့ နည်းလမ်းတွေပါ။ နောက်ပိုင်း ပိုများလာတဲ့အခါ ပိုကြီးတဲ့ Assets တွေကို ဝယ်ယူနိုင်ပါတယ်။ တိုက်ခန်းတွေ၊ မြေကွက်တွေ၊ စီးပွားရေးလုပ်ငန်းတွေပေါ့။

ဒါပေမယ့် ဒီနေ့ကစပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်သုံးသပ်ကြည့်ပါ။ ကိုယ်ဝယ်မယ့် ပစ္စည်းတိုင်းကို စဉ်းစားပါ။ Assets လား? Liability လား? ငွေပြန်ရမှာလား? ငွေကုန်မှာလား? 🤓

ဒီလိုစဉ်းစားတတ်လာရင် သင့်ရဲ့ ငွေကြေးဆိုင်ရာ အမြင်တွေ ပြောင်းလဲလာပါလိမ့်မယ်။ ဝယ်ချင်တိုင်း မဝယ်တော့ဘဲ ရွေးချယ်တတ်လာပါလိမ့်မယ်။

Liabilities တွေကိုလည်း လုံးဝမဝယ်ရဘူးလို့ မဟုတ်ပါဘူး။ မရှိမဖြစ် Liabilities တွေတော့ ဝယ်ရမှာပါပဲ။ ဒါပေမယ့် Assets တွေကို ဦးစားပေးပြီးမှ Liabilities တွေကို စဉ်းစားသင့်ပါတယ်။

အခုပဲ စာရင်းလုပ်ကြည့်လိုက်ပါ။ သင့်မှာရှိတဲ့ Assets နဲ့ Liabilities တွေကို ခွဲခြားကြည့်လိုက်ပါ။ အံ့သြစရာကောင်းလောက်အောင် ကွာခြားချက်ကို တွေ့ရပါလိမ့်မယ်။

ချမ်းသာချင်ရင် Assets တွေကို စုဆောင်းပါ။ Liabilities တွေကို လျှော့ချပါ။ ဒါဆိုရင် တဖြည်းဖြည်းချင်း သင့်ရဲ့ ဘဏ္ဍာရေးဘဝ ပြောင်းလဲလာမှာ အသေအချာပါပဲ။ 💪

ဒါ့အပြင် တစ်ခုသတိပြုရမှာက အချိန်ဆိုတာလည်း အရေးကြီးတဲ့ Asset တစ်ခုပါ။ ငယ်ငယ်ကတည်းက စတင်စုဆောင်းလေ၊ ချမ်းသာဖို့ အခွင့်အလမ်း ပိုများလေပါပဲ။ ဒါကြောင့် စောစောစ စတင်ဖို့ အရေးကြီးပါတယ်။ ⏰

နိဂုံးချုပ်အနေနဲ့ ပြောရရင် ချမ်းသာတဲ့သူတွေနဲ့ ဆင်းရဲတဲ့သူတွေကြား အဓိက ကွာခြားချက်က Assets တွေနဲ့ Liabilities တွေကို ဘယ်လို စီမံခန့်ခွဲသလဲဆိုတာပါပဲ။ ကိုယ့်ဘဝမှာ Assets တွေ များများရှိလေ၊ ငွေကြေးလွတ်လပ်မှု ပိုရလေပါပဲ။

#ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးလိုတွေးပါ

Address

No. 146, Thamardi 4st, Sa/Ka Ward, Thingangyun Township
Yangon
11071

Telephone

+959892191223

Website

Alerts

Be the first to know and let us send you an email when Aung Myay Aung Kabar Legal and Corporate Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Myay Aung Kabar Legal and Corporate Services:

Share