Phyoe Myat Lawfirm

Phyoe  Myat Lawfirm Real estate &legal advice

14/01/2024

အကျိုးတူများဆက်သွယ်ပေးပါ ညရပ်ကွက် ထဲ ပေ20 ပေ60 စလစ်ပေါက်ရောင်းချင်လို့ပါ
ဈေး350ခေါ်ထားပါတယ်
09941015636

အထူးစပါယ်ရှယ် အဌား ထပ်လာပါပီလိုင်စင်ကြီးပဲအဌားပါFL 12 ကိုမှ မင်္ဂလာဒုံ နှင့် ကြည့်မြင်တိုင် ၂စောင်ဌားပေးပါအုန်းမယ်ဗျအသေး...
30/12/2023

အထူးစပါယ်ရှယ် အဌား ထပ်လာပါပီ
လိုင်စင်ကြီးပဲအဌားပါ
FL 12 ကိုမှ မင်္ဂလာဒုံ နှင့် ကြည့်မြင်တိုင် ၂စောင်ဌားပေးပါအုန်းမယ်ဗျ
အသေးစိတ်အတွက်ဆက်သွယ်ရန်
09941015636
#ယစ်မျိုးလိုင်စင်အမည်ပြောင်းတည်နေရာပြောင်း

နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ လိုင်စင်အပါ ဆိုင်ခုံဆင်းအဌားလေးပါ ယုံကြည်စိတ်ချစွာဌားယူသွားသော အမနဲ့ ဆိုင်ပိုင်ရှင်အကိုတို့လည်း ...
29/12/2023

နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ လိုင်စင်အပါ ဆိုင်ခုံဆင်းအဌားလေးပါ ယုံကြည်စိတ်ချစွာဌားယူသွားသော အမနဲ့ ဆိုင်ပိုင်ရှင်အကိုတို့လည်း ရောင်းပမ်းသာလို့ ဝယ်ပမ်းလှပါစေလို့ ကျွန်တော်တို့ Real Liquor Service မှဆုတောင်းပေးပါတယ်ခဗျာ
လူကြီးမင်းတို့ရဲ့ ယစ်မျိုးလိုင်စင်များနှင့် ဆိုင်ခန်းအိမ်ခန်းများ ရောင်းလိုဝယ်လို ပါက ကျွန်တော်တို့ကိုသတိရလိုက်ပါခဗျာ မှန်ကန်တိကျစိတ်ချရပါမည်။
အသေးစိတ်ဆက်သွယ်မေးမြန်းလိုလျင်
09941015636 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
#ယစ်မျိုးလိုင်စင်အမည်ပြောင်းတည်နေရာပြောင်း


ိုင်စင်

တောင်ဥက္ကလာပမြို့နယ် FL-17 ယစ်မျိုးလိုင်စင် အမည်ပြောင်းတည်နေရာပြောင်းအထိပါဝယ်ယူသွားသော ညီငယ်များလည်း ရောင်းပမ်းသာလို့ဝယ်...
27/12/2023

တောင်ဥက္ကလာပမြို့နယ် FL-17 ယစ်မျိုးလိုင်စင် အမည်ပြောင်းတည်နေရာပြောင်းအထိပါဝယ်ယူသွားသော ညီငယ်များလည်း ရောင်းပမ်းသာလို့ဝယ်ပမ်းလှပါစေ လူကြီးမင်းတို့ Liquor ဆိုင်များအတွက် လိုင်စင်အမျိုးမျိုး အားရောင်းချင်လို့ပဲဖြစ်ဖြစ် ဝယ်ယူချင်လို့ပဲဖြစ်ဖြစ် ဌားရမ်းချင်လို့ပဲဖြစ်ဖြစ် စိတ်ချလက်ချနဲ့ လုပ်ငန်းအပ်နှံ လိုပါက Real Liquor Service ကိုသတိရလိုက်ပါလို့ပြောချင်ပါတယ်
အသေးစိတ်စုံစမ်းရန်
Ph-09941015636
#ယစ်မျိုးလိုင်စင်အမည်ပြောင်းတည်နေရာပြောင်း

29/06/2023

💯 ခိုင်မာမှုလည်းရှိရမယ် စျေးလည်းသင့်တင့်ရမယ် စိတ်ချမ်းသာမှုကိုပဲ ဦးစားပေးပါတယ်ဗျ 💯
🏫 သိန်း ၁၀၀ကျော်ကျော်လောက်နဲ့ 10 x 60 ပေကို ပါမစ်မူရင်း အိုးအိမ်မှာစစ်ပီးသား စျေးတန်တန်လေးနဲ့ နေရာအကွက်ကွင်းကောင်းပြီး စျေးဆိုင်ခန်း ဖွင့်လို့ရမယ်ဆိုရင် စိတ်ဝင်စားပီး ဝယ်မဲ့သူရှိလားဗျ မြေကြီးပဲဆိုတော့ ဘယ်လိုစိတ်ကူးနဲ့ပဲဆောက်ဆောက်ပေါ့ ကျွန်တော်ကတော့အဲ့နေရာလေးကိုကြွေနေပီ ခိုင်မာမှုရှိနေတော့ ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးပဲဗျ
ကဲလာမေးတဲ့သူတွေထဲက အရင်ဆုံးဝယ်တဲ့သူကိုလည်း စျေးလျော့ပေးအုန်းမှာဆိုတော့ 😱ကဲအခုပဲတန်းစီလို့ရပါပီဗျ
ဖုန်းဆက်ပီးအသေးစိတ်မေးမြန်းမယ်ဆိုရင် စိတ်ရှည်ရှည်နဲ့အမြဲဖြေပေးတက်တဲ့ ကျွန်တော့်ဖုန်းနံပတ်လေးကိုဆက်ပြီး‌ အသေးစိတ်မေးမြန်းပေးပါခဗျာ
👉🏫နေရာကတော့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ထဲမှာပဲဖြစ်ပါတယ်ခဗျာ
📲 09-941015636,09-43185519


စလစ်မြေစလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွ...
04/06/2023

စလစ်မြေ

စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်။

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်။

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

Credit to: ဈေးကွက်ဂျာနယ်
Photo.crd

29/05/2023

မိတ်ဆွေတစ်ဦးက အကူအညီတောင်းလို့ စာချုပ်နဲ့ ငွေသိန်းတစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးပေးခဲ့ပါတယ် ။ သူ့အိမ်ရဲ့ ဂရမ်မူရင်းကိုလည်း အာမခံအဖြစ် ပေးထားခဲ့ပါတယ် ။ နှစ်လလောက်ပဲ အတိုးပေးပြီး နောက်ပိုင်း အဆက်အသွယ်မလုပ်တော့ပါ ။ လိမ်လည်မှုနဲ့ တရားစွဲလို့ရမလား ။ ပြန်မဆပ်တော့ဘူးဆိုရင် အိမ်ကိုသိမ်းလို့ရ ပါသလား ။
=================================

ချေးစဉ်တုန်းက စာချုပ်ချုပ်တဲ့နေရာက အရေးကြီးပါတယ်။ ဥပမာ- ငွေချေးတဲ့ကိစ္စဆိုရင် ငွေချေးတာကို ချုပ် ထားမယ် ၊ ဂရန်အပ်ထားတာ မပါဘူး။ ဂရန်ကို သီးသန့် အပ်ထားတယ်ဆိုပါတော့။ ငွေပြန်မပေးရင် ချေးငွေရ လိုမှုနဲ့ တောင်းရမှာပါ။ အိမ်ကို အပိုင်သိမ်းလို့မရပါဘူး။ တကယ်လို့ ငွေပြန်မပေးနိုင်တဲ့အချိန် အိမ်လိုချင်တယ်ဆိုရင် စာချုပ်မှာ တစ်ခါတည်း ထည့်ချုပ်ရမယ်။

ဘယ်လိုထည့်ချုပ်ရမလဲ ဆိုတော့ သူက ဂရန်ကို အာမခံအနေ နဲ့ပေးထားတယ်၊ ငွေကို ပြန်မပေးနိုင်ဘူးဆိုရင် ငွေထုတ်ချေးပေးတဲ့သူက ဒီမြေကြီးနဲ့ ပက်သက်ပြီး ပိုင် ဆိုင်ခွင့် ကို တောင်းဆိုပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ထည့်ထားပေးရပါမယ်။ အဲဒါဆိုရင် သူငွေပြန်မပေးနိုင်ရင် တရားစွဲ တဲ့အခါမှာ ချေးငွေရလိုမှု၊ မပေးနိုင်ရင် မြေကြီးပါ စာချုပ်ပါအတိုင်း လက်ရောက်ပေးအပ်စေလိုမှု၊ ပိုင်ဆိုင်ခွင့်ကို အတည်ဖြစ်စေအောင် ဥပဒေ ပုဒ်မ ၁၂ အရ တရားစွဲ တောင်းဆိုလို့ ရပါတယ်။ ဒါကြောင့် သူက စာချုပ် စချုပ်ကတည်းက အဲဒီအချက်တွေကို ပြည့်ပြည့်စုံစုံ ထည့်ချုပ်ထားမယ်ဆိုရင် ဒီအခွင့်အရေးကိုတောင်းဆိုနိုင်ပါတယ် ဆိုတာဖြေကြားပေးချင်ပါတယ်။

#လိမ်လည်မှု #ငွေချေးစာချုပ်

21/05/2023

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..

အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။
နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။
မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံမလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြားကပ် တာ ကောင်းပါ တယ်။
နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မလောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ တော့ ဘူး၊အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။
ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေအက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာလို့ရ ပါ တယ် ။၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာတစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရတာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များလာ တာ ပေါ့ ။
ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်ထပ် လုံး မြေထဲ ရောက် သွားတယ်။အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာအင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမားတွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြတာ ။
၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံးရှုံး မယ်။
အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။

အမွေမီမြေးများဘိုးဘွားများကွယ်လွန်ပြီးနောက်မှ ကွယ်လွန်သောသားသမီး၏ သားသမီးများ။အမွေမီမြေးများသည် ဘိုးဘွား၏အမွေကို မိမိ မိ...
16/05/2023

အမွေမီမြေးများ
ဘိုးဘွားများကွယ်လွန်ပြီးနောက်မှ ကွယ်လွန်သောသားသမီး၏ သားသမီးများ။
အမွေမီမြေးများသည် ဘိုးဘွား၏အမွေကို မိမိ မိဘရရန်ရှိသည့် ဝေစုအတိုင်း ရရှိသည်။
အမွေမမီမြေးများ
ဘိုးဘွားတစ်ယောက်ဖြစ်စေ၊နှစ်ယောက်လုံးဖြစ်စေ မကွယ်လွန်မီ ကွယ်လွန်သွားသောသားသမီးများမှ မွေးဖွားသည့် ထိုဘိုးဘွား၏မြေးများ။
-ဘိုးဘွားတို့၏အမွေကို သြရသနှင့်အကြီးဆုံးသားသမီးမှ မွေးဖွားသည့် အမွေမမီမြေးများနှင့် ၎င်းတို့၏ ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေးတို့သည် အညီအမျှရသည်။
-အခြားသားသမီးမှမွေးဖွားသည့် အမွေမမီမြေးများသည် ဘိုးဘွားကွယ်လွန်စဥ် မိမိတို့မိဘများအသက်ရှားရှိခဲ့ရင် ရမည့်ဖြစ်သည့်ဝေစု၏ လေးပုံတစ်ပုံကို ရသည်။
ဥပမာ-----
ဦးဖြူတွင် သားသမီးA၊B၊Cနှင့်Dတို့ (၄)ဦးထွန်းကားရာ C မှာဦးဖြူ မကွယ်လွန်မီ ကွယ်လွန်ခဲ့သည်။ထို့ကြောင့် C ၏သားသမီးများမှာ အမွေမမီမြေးများဖြစ်ကြသည်။ထို့အတွက် C ၏သားသမီးများသည် C အသက်ရှိမည်ဆိုပါက ရရှိမည့်အမွေဝေစု၏ လေးပုံတစ်ပုံသာ ခံစားခွင့်ရှိမည်။
ဦးဖြူတွင် ငွေသိန်း(၈၀၀)ကျန်ရှိခဲ့မည်ဆိုပါက Cသည် အသက်ရှိထင်ရှားရှိမည်ဆိုရင် သိန်း(၂၀၀)ရရှိမည်။C ၏သားသမီးများသည် အမွေမမီမြေးများဖြစ်သည့်အတွက် သိန်း(၂၀၀)၏ လေးပုံတစ်ပုံ ဖြစ်သော သိန်း(၅၀)ကို ရရှိသည်။
ABD တို့သည် ကျန်သိန်း(၇၅၀)ကို အညီအမျှခွဲဝေယူကြရမည်။ထို့ကြောင့် ABD တို့သည် သိန်း(၂၅၀)စီရရှိမည်ဖြစ်သည်။
အမွေမမီမြေးအတွက် အပုံရေတွက်နည်း
- ညီအကိုမောင်မ လေးဦးဖြစ်သဖြင့် ၁/၄
- အမွေမမီမြေးဖြစ်သည့်အတွက်
၎င်းမိဘရရှိမည့် အမွေ၏ လေးပုံတစ်ပုံ ၁/၄
၁/၄ ၁/၄= ၁/၁၆
ထို့ကြောင့် C ၏သားသမီးများသည် ၁/၁၆ ပုံရရှိမည်ဖြစ်သည်။
( အကယ်၍အမွေရှင်တွင်သားသမီး၅ယောက်ရှိရင်၁/၅ဖြစ်မည်။ထိုသို့ဆိုရင်အမွေမမီမြေးသည် ၁/၅၁/၄= ၁/၂၀ပုံရရှိမည်)
#ပုံ၁ (၁၉၉၈၊ မတစ၊ စာ-၂၂၇)
#ပုံ၂ (၁၉၉၈၊ မတစ၊ စာ-၈၁ (၈၄) )
#ပုံ၃ (၁၉၉၈၊မတစ၊ စာ-၈၁ (၈၅) )
လေးစားစွာဖြင့်
မောင်မောင်ကဲ

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )" တာဝန်နှစ်ခု "=========မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်မင်းတို့ရဲ့ဘဝကိုမင်းတို့မိဘတွ...
15/05/2023

( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့

" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........

ဆရာကြီးအားလေးစားလျက်ပါ။

Credit:

15/05/2023

ရွာမြေ၊ ဥယျာဉ် ခြံမြေတို့ကို ဝယ်မည်ဆိုလျှင်

ရွာမြေ ဆို တာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။

အဲ့နှစ်ခုဘာကွာပါသလဲ?

''လွယ်လွယ်နဲ့ ခပ်ရှင်းရှင်း ပြောရရင်တော့ ရွာမြေ ဆိုတာ လူနေရပ်ကွက်အတွင်းမှာရှိနေတဲ့ ရွာမြေ ကွက် ကို ရွာမြေလို့လွယ်လွယ်ကူကူခေါ်လိုက်ကြတာဘဲ”

နိုင်ငံတော်က တရားဝင်ချပေးထားတဲ့ မြေအဆင့်တော့ မရောက်သေးဘူး ပေါ့။ ဒါပေမယ့် တစ်နေ့တော့ဂရန် မြေ ဖြစ်လာနိုင်တာပေါ့လေ”

ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်လို့ နိုင်ငံတော်က ပြန်လည်သိမ်းတာ၊ နှင်တာတွေ မဖြစ်နိုင်ဘူးပေါ့နော်'

''စိတ်ချရတဲ့ သဘောတော့ ရှိတာပေါ့ကွာ၊ တရားဝင် နေထိုင်ခွင့်ရနိုင်တဲ့ မြေလို့ ပြောရမှာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေအားလုံးကတော့ နိုင်ငံတော်ပိုင် မြေဖြစ်တယ်။

လူနေမြေမဟုတ်ဘဲနဲ့ လယ်ယာမြေအဖြစ် သတ်မှတ်အကျုံးဝင်တဲ့ မြေတွေလည်း ရှိသေးတယ်''

၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်းမန် စိုက်ပျိုးသည့် ခြံမြေ၊ မြေနုကျွန်းမြေ ဟု သတ်မှတ်သည့် မြေများကို ဆိုလိုတယ်။

ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ မပါဝင်ရဟု သတ်မှတ်ထားပါတယ်။

ဒါကြောင့် ဥယျာဉ်ခြံမြေတွေက လယ်ယာမြေထဲမှာ ပါဝင်ပြီး လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေ၊ ရွာမြေတွေကတော့ လယ်ယာမြေ အမျိုးအစားထဲမှာ မပါဝင်ဘူး''

'တချို့လည်း ဥယျာဉ် ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေကြတာပဲ မဟုတ်လား''

မြေစာရင်းဌာနမှာ ဥယျာဉ် ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေတဲ့ မြေကွက်တွေလည်းရှိတယ်။

ရှင်းပြရမယ်ဆိုရင် ဒေါ်ကြည်ကြည် (၎င်း၏ အခွင့်ရ ကိုုယ်စားလှယ် ဦးမင်းဟန်)နှင့် ဦးကင်စူး (၄င်း၏ အထူးကိုယ်စား လှယ်စာရသူ ဒေါ်ဖြူဖြူဝင်း) ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁ဝ၉ အမှုမှာအချင်းဖြစ်မြေသည် မြေစာရင်းဦးစီးဌာန၌ ဥယျာဉ်ခြံမြေဟု အမည်ပေါက်ဆဲ ဖြစ်သော်လည်းအချင်းဖြစ်မြေကွက်တည်ရှိရာ မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ရှိပြီး၊ လူနေရပ်ကွက်ဖြစ်ကြောင်း သက်သေခံချက်များအရ ပေါ်ပေါက်သည်။

ထို့ပြင် ဦးကင်စူး အမည်ဖြင့် စည်ပင်သာယာမှ အိမ်ခွန်စည်းကြပ်ထားသည်ကိုလည်း တွေ့ရသဖြင့် အချင်းဖြစ် မြေသည် လယ်ယာမြေတွင် အကျုံးမဝင်ဟု ဆုံးဖြတ်ထားတာကို တွေ့ရတယ်။

ဒါကြောင့် မြို့ရွာရပ်ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေတွေ ကတော့ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်တယ်''

ဘာပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို အရင်စုံစမ်းဖို့ လိုမယ်။ လယ်ယာမြေ အဖြစ် သတ်မှတ်ထားခြင်း ရှိ၊မရှိ ဦးစွာ စုံစမ်းရမယ်။''

စာရင်းဦးစီးဌာနမှာ ဝယ်မယ့် မြေကွက်အနေနဲ့ မြို့ရွာ ရပ်ကွက်အတွင်းရှိ မြို့မြေစာရင်းထဲမှာ ပါနေပြီဆိုရင်တော့ ဝယ်သင့်တယ်လို့ ပြောရမှာဘဲ။

မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေထဲ ပါနေရင်တော့ မဝယ်တာ ပိုကောင်းမယ် ထင်တယ်နော်''

မြို့နယ် မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေစာရင်းထဲ ပါနေတယ်ဆိုပေမယ့်

မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှာ ဝယ်မယ့်မြေကွက်ဟာ ရပ်ကွက်ထဲ ရှိနေပြီး ဟုတ်၊မဟုတ် စုံစမ်းလို့မြို့နယ်ရပ်ကွက်အတွင်းရှိပြီး အဆောက်အအုံပါရှိမယ် ဆိုရင်တော့ ဝယ်သင့်တဲ့ မြေနဲ့ အိမ် လို့ပဲ
အကြံပေးချင်တယ်”

ထီယု(ဥပဒေအတိုင်ပင်ခံ)

Address

Yangon
YANGON

Telephone

+959782511359

Website

Alerts

Be the first to know and let us send you an email when Phyoe Myat Lawfirm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phyoe Myat Lawfirm:

Share

Category