Daw Thazin Kyi Win ''လေ့လာမှတ်သားဥပဒေပညာများ''

  • Home
  • Myanmar
  • Yangon
  • Daw Thazin Kyi Win ''လေ့လာမှတ်သားဥပဒေပညာများ''

Daw Thazin Kyi Win ''လေ့လာမှတ်သားဥပဒေပညာများ'' Sharing is Caring���

23/09/2026

တိုက်ခန်းဝယ်ဖို့ ကြိုးစားနေသူများ၊ တွန့်ဆုတ်နေသူများ ဗဟုသုတ ရရှိစေရန်
🙏🙏🙏🙏🙏🙏🙏
ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။🩷🩷🩷

အိမ်ခြံမြေ ဝယ်ပြီးမှ BCC မပါလို့ စိတ်ပူနေကြသူများနဲ့ ဝယ်ဖို့ တွန့်ဆုတ်နေသူများအတွက် တိုက်ခန်းအမျိုးအစား ၃ မျိုးရဲ့ တရားဝင်မှု အခြေအနေကို အတိုချုံး ရှင်းပြပေးလိုက်ပါတယ်။

၁။ ဒဏ်ကြေးတိုက် (Without တိုက်) ❌
အခြေအနေ: ဂရံမြေမဟုတ်ဘဲ YCDC ခွင့်ပြုမိန့်မရှိဘဲ မိမိသဘောဖြင့် ဆောက်ထားခြင်း။
တရားဝင်မှု: YCDC က တရားစွဲပြီး ဒဏ်ရိုက်ထားသော်လည်း တရားမဝင်ပါ။ တရားသူကြီး ဆုံးဖြတ်ချက်မှာ ပြန်ဖျက်ခိုင်းလေ့ရှိပါတယ်။
သုံးသပ်ချက်: ဘယ်တော့မှ တရားမဝင်သလို နေထိုင်ခွင့်နှင့် တရားဝင်မီတာ လျှောက်ခွင့်လည်း မရှိပါ။

၂။ ဘုတ်စိမ်းတိုက် 🟢
အခြေအနေ: ဂရံမြေ (သို့) အရပ်စာချုပ်မြေပေါ်တွင် YCDC ခွင့်ပြုမိန့်ဖြင့် ဆောက်သော (၃ ထပ်ခွဲ / ၅ ထပ်) တိုက်များ ဖြစ်ပါတယ်။
တရားဝင်မှု: YCDC ၏ ဥပဒေအရ BCC လျှောက်ထားရန် မလိုသည့် အမျိုးအစားဖြစ်၍ BCC ပြစရာ မလိုပါ။
သုံးသပ်ချက်: တရားဝင် နေထိုင်၊ ရောင်းဝယ်နိုင်ပြီး အခန်းတိုင်း တရားဝင် မီတာ ရရှိပါတယ်။
(⚠️ မှတ်ချက် - ယခုအခါ ၄င်းအဆောက်အဦးမျိုး ဆောက်လုပ်ရန် ခွင့်မပြုတော့ပါ။)

၃။ BCC ပါသောတိုက် 💯
အခြေအနေ: ဂရံမြေပေါ်တွင် YCDC ခွင့်ပြုမိန့်ဖြင့် စနစ်တကျ ဆောက်လုပ်ထားသော တိုက်များ။
တရားဝင်မှု: တိုက်ပြီးပါက YCDC မှ လူနေထိုင်ခွင့်လက်မှတ် (BCC) တရားဝင် ထုတ်ပေးပါတယ်။
သုံးသပ်ချက်: အခိုင်မာဆုံး အမျိုးအစားဖြစ်ပြီး တရားဝင် မီတာရရှိခြင်း၊ နေ/ရောင်း/ငှား ပြုလုပ်နိုင်ခြင်းအပြင် ဘဏ်ချိတ်ဖြင့်ပါ ဝယ်ယူနိုင်ပါတယ်။

မိမိဝယ်ယူမည့် တိုက်ခန်း၏ တရားဝင် ခိုင်မာမှုကို သေချာစိစစ်ပြီးမှ ဝယ်ယူကြဖို့ တိုက်တွန်းချင်ပါတယ်။

ဟားခါးမြို့မှ ရှေ့နေရှိရင် ဖုန်းနံပါတ်လေးရချင်ပါတယ်ရှင့်  #ဟားခါးမြို့  #ရှေ့နေ
18/09/2026

ဟားခါးမြို့မှ ရှေ့နေရှိရင် ဖုန်းနံပါတ်လေးရချင်ပါတယ်ရှင့်

#ဟားခါးမြို့
#ရှေ့နေ

 #ဥပဒေပညာဒါန  #မရမ်းကုန်းမြို့နယ်  #ရှေ့နေ
12/09/2026

#ဥပဒေပညာဒါန
#မရမ်းကုန်းမြို့နယ်
#ရှေ့နေ

🤣🤣
06/09/2026

🤣🤣

06/09/2026

#ရာဇသတ်ကြီးဥပဒေပုဒ်မ၃၁၂

🫄ကိုယ်ဝန်ပျက်စေမှု

🧑‍⚖️ မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမ၏ အသက်ကို ကယ်ဆယ်လိုသောသဘောရိုးဖြင့်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်‌စေရန် မိမိအလိုအလျောက်ပြုလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ မိန်းမသည်လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်လျှင် ‌ထိုသူကိုခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

🫄ကိုယ်ဝန်ပျက်စေမှုကို ကိုယ်ဝန်ဆောင်မိန်းမ၏ သဘောတူညီချက်ဖြင့်သော်လည်းကောင်း၊ သဘောတူညီချက်မရှိဘဲနှင့်သော်လည်းကောင်း ပြုလုပ်ကျူးလွန်နိုင်ရာ ဤပုဒ်မသည် သဘောတူညီချက်အရ ကျူးလွန်ခြင်းနှင့်သက်ဆိုင်ပေသည်။

အထက်ပါပုဒ်မနှင့်အကျုံးဝင်ရန်အောက်ပါအင်္ဂါရပ်များရှိရန်လိုပါသည်။

(၁) မိန်းမသည် ကိုယ်ဝန်နှင့်ဖြစ်ခြင်း။

(၂) တရားခံသည် ထိုမိန်းမ၏ ကိုယ်ဝန်ကိုပျက်စေခြင်း။

(၃) တရားခံသည် အလိုအလျောက်ပြုခြင်း။

(၄) ထိုမိန်းမ၏ကိုယ်ဝန်ပျက်ခြင်း။

(၅) ထိုမိန်းမ၏အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့် မဟုတ်ဘဲပြုခြင်း။

🧑‍⚖️ ကိုယ်ဝန်ပျက်စေသည့်အမှုများတွင် မိန်းမ၏သားအိမ်၌ ကိုယ်ဝန်ရှိသည်ဆိုသောအချက်မှာ အရေးကြီးပေသည်။ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ဦးနှင့်တိတ်တဆိတ်မှောက်မှားရာ၌ ပဋိသန္ဓေရှိသည် ထင်မြင်ပြီး ကိုယ်ဝန်ပျက်စေရန် အားထုတ်စေကာမူ ထိုမိန်းမတွင် ကိုယ်ဝန်ပါရှိသည်ဆိုသော အထောက်အထားမရှိက ပြစ်မှုမြောက်မည်မဟုတ်ပေ။

💜 မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်💜

ဒေါ်သဇင်ကြည်ဝင်း
အထက်တန်းရှေ့နေ
09250375399








#ဥပဒေအကြံပေး

06/09/2026

🚸 ကလေးသူငယ်အား ပြစ်မှုဖြင့်အရေးယူခြင်း🚸

🧑‍⚖️ ကလေးသူငယ်နည်းဥပဒေ ၆၄ အရ ရဲအရာရှိ သို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူသည် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရ‌သော ကလေးသူငယ်အား ဖမ်းဆီးလျှင် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်။

(က) ဖမ်းဆီးပြီးလျှင် သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်းပို့အပ်ရမည်။ ရဲစခန်းတွင် ရဲအရာရှိတစ်ဦး၏ ကြီးကြပ်မှုအောက်တွင် ထားရှိရမည်။

(ခ) လက်ထိပ်ခတ်ခြင်း၊ ကြိုးဖြင့်ချည်နှောင်ခြင်းမပြုရ။

(ဂ) လူကြီးတရားခံများနှင့်အတူ ရောနှော၍ထားရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောနှော၍ ပို့ဆောင်ခြင်းမပြုရ။ မိန်းကလေးဖြစ်လျှင် အမျိုးသမီးတစ်ဦး၏ အစောင့်အရှောက်ဖြင့် ထားရှိရမည်။

(ဃ) နှိပ်စက်ညှဉ်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းမပြုရ။

💜 မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်💜

ဒေါ်သဇင်ကြည်ဝင်း
အထက်တန်းရှေ့နေ
09250375399



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး
#ကလေးသူငယ်နည်းဥပဒေ

06/09/2026

အောက်မြန်မာနိုင်ငံ မြို့ပြနှင့်ကျေးရွာအက်ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်သည့်
#ရွာမြေ၊ ယင်းမြေကို #၁၉၅၃ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပါ ပြဌာန်းချက်များအရ တရားဝင် ရောင်းချပိုင်ခွင့်ရှိ-မရှိ ကို အောက်ပါစီရင်ထုံးအားဖတ်ရှု၍ လေ့လာနိုင်ပါသည်။

(ဒေါ်ကြည် နှင့် ဒေါ်ပြုံး (၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူ ဦးအေးကြိုင်၊ ၁၉၉၅ ခုနှစ်၊ မ.တ.စ၊ စာ- ၁၁)

💜 မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်💜



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး

06/09/2026

#သက်သေခံအက်ဥပဒေပုဒ်မ၇၀ တွင် #အသိသက်သေလက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက်သည် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံရုံမျှသာ ဖြစ်၍ မလုံလောက်ပေ။ အသိသက်သေလက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုခဲ့သည်ဟု ဝန်ခံမှသာ လုံလောက်သည့်ဝန်ခံချက်ဖြစ်သည်။ စာချုပ်ကို သက်သေများ၏ မျက်ကွယ်တွင် ချုပ်ဆိုကြောင်း မှတ်ပုံတင်ရာတွင်လည်း ‌သက်သေများမပါဝင်ကြောင်း ပေါ်ပေါက်နေသော အမှုတွင် သက်သေခံအက်ဥပဒေပုဒ်မ ၇၀ အရ စာချုပ်ကို ဝန်ခံရုံဖြင့် လုံလောက်သော သက်သေခံချက်မဖြစ်ပေ။

(ဦးစိုးအောင် နှင့် ဒေါ်ခင်ခင်လှပါ ၂၊ ၂၀၀၀ ပြည့်နှစ်၊ မ.တ.စ၊
စာ- ၇၃)

💜 မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်💜



#စာချုပ်ရှေ့နေ






#ဥပဒေ
#ရှေ့နေ
#ဥပဒေအကြံပေး

06/09/2026

ငွေကြေးအခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစု ပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် (ဟန်ဆောင်စာချုပ်) နဲ့ ချုပ် ဆိုခဲ့ပါတယ် ။ ကျွန်တော် ရန်ကုန်မှာ အလုပ်သွားလုပ်နေတုန်း ငွေချေးစာချူပ်သက်တမ်းမပြည့်ခင် ၈ လအကြာ မှာ ငွေရှင်က ကျွန်တော့်ခြံဝန်း သော့ နဲ့ အိမ်သော့ကို ဖျက်ဆီးပြီး ဝင်ရောက်နေထိုင်နေပါတယ် ။ ဥပဒေအရ ဘယ်လိုဆက်လုပ်ရမလဲ ၊ ချေးထားတဲ့ ငွေ နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဖြစ်နိုင်သလဲ ဆိုတာကို သိပါရစေ ။
====================================

အဓိကအားဖြင့်တော့ အရောင်းအဝယ်လုပ်တယ်ဆိုတာ မှတ်ပုံတင်မှ တရားဝင်တာပါ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေက မှတ်ပုံတင်ရပါတယ်။ တချို့တွေက အရောင်းသာပြထားတာ လက်ရောက်ပြမထားပါဘူး။ အကျိုး သက်ရောက်အောင် မလုပ်ထားရင် ဟန်ဆောင်စာချုပ်ပဲ။ ဒါက တစ်ကဏ္ဍ ပေါ့။

ခုကသူ မရှိတဲ့အချိန်မှာဝင်ပြီးနေတော့ ရာဇဝတ်မှုမြောက်သွားပါပြီ။ အိမ်တံခါးတွေဖျက်တယ်၊ သော့ဖျက်တယ် ဆိုတော့ အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇၊ ၄၂၈ အကြုံးဝင်သွားတာပေါ့။ (၄၂၇) က တန်ဖိုး ၅၀ နဲ့အောက် ဖျက်ဆီးမှု ဖြစ်ပြီး၊ (၄၂၈)က တန်ဖိုး ၅၀နှင့်အထက် အကျိုးဖျက်ဆီးမှုပါ။ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုလည်းဖြစ်ပါတယ်။ အိမ်ထဲဝင်ပြီ၊ ခြံထဲဝင်ပြီဆိုတာနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇)ဆိုတဲ့ ကျော်နင်းမှုဖြစ်ပါတယ်။ အိမ်ထဲအထိ ကျူးလွန်ပြီဆိုရင်(၄၄၈) ကျော်နင်းမှုဖြစ်ပါပြီ။

ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိစ္စ၊ အရောင်းဝယ်ကိစ္စက တစ်ကဏ္ဍ ရှင်းရမှာပါ။ ဒါက “တရားမ” ကြောင်းနဲ့ရှင်းရမယ့် ကိစ္စပါ။ ဒါကို လက်ရှိ ရှိနေတဲ့သူရဲ့ခွင့်ပြုချက်မရဘဲနဲ့ အတင်းဖျက်ဆီးပြီး ဝင်တယ်ဆိုတာ ရာဇဝတ်မှု ဖြစ် သွားပါပြီ။ ရာဇဝတ်မကင်းတဲ့ကျော်နင်းမှုဖြစ်သွားတဲ့အတွက်ကြောင့် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် အရေးယူလို့ရပါတယ်။ ကျန်တဲ့ကိစ္စကတော့ ငွေရေးကြေးရေးကိစ္စ၊ “တရားမ”ကြောင်းအရ ရှင်းရမယ့်ကိစ္စ ဖြစ် တယ်လို့ပဲ ဖြေရပါ့မယ်။

#တရားမ

(Zawgyi)

ငွေကြေးအခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစု ပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် (ဟန်ဆောင်စာချုပ်) နဲ့ ချုပ် ဆိုခဲ့ပါတယ် ။ ကျွန်တော် ရန်ကုန်မှာ အလုပ်သွားလုပ်နေတုန်း ငွေချေးစာချူပ်သက်တမ်းမပြည့်ခင် ၈ လအကြာ မှာ ငွေရှင်က ကျွန်တော့်ခြံ၀န်း သော့ နဲ့ အိမ်သော့ကို ဖျက်ဆီးပြီး ၀င်ရောက်နေထိုင်နေပါတယ် ။ ဥပဒေအရ ဘယ်လိုဆက်လုပ်ရမလဲ ၊ ချေးထားတဲ့ ငွေ နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဖြစ်နိုင်သလဲ ဆိုတာကို သိပါရစေ ။
====================================

အဓိကအားဖြင့်တော့ အရောင်းအဝယ်လုပ်တယ်ဆိုတာ မှတ်ပုံတင်မှ တရားဝင်တာပါ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေက မှတ်ပုံတင်ရပါတယ်။ တချို့တွေက အရောင်းသာပြထားတာ လက်ရောက်ပြမထားပါဘူး။ အကျိုး သက်ရောက်အောင် မလုပ်ထားရင် ဟန်ဆောင်စာချုပ်ပဲ။ ဒါက တစ်ကဏ္ဍ ပေါ့။

ခုကသူ မရှိတဲ့အချိန်မှာဝင်ပြီးနေတော့ ရာဇဝတ်မှုမြောက်သွားပါပြီ။ အိမ်တံခါးတွေဖျက်တယ်၊ သော့ဖျက်တယ် ဆိုတော့ အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇၊ ၄၂၈ အကြုံးဝင်သွားတာပေါ့။ (၄၂၇) က တန်ဖိုး ၅၀ နဲ့အောက် ဖျက်ဆီးမှု ဖြစ်ပြီး၊ (၄၂၈)က တန်ဖိုး ၅၀နှင့်အထက် အကျိုးဖျက်ဆီးမှုပါ။ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုလည်းဖြစ်ပါတယ်။ အိမ်ထဲဝင်ပြီ၊ ခြံထဲဝင်ပြီဆိုတာနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇)ဆိုတဲ့ ကျော်နင်းမှုဖြစ်ပါတယ်။ အိမ်ထဲအထိ ကျူးလွန်ပြီဆိုရင်(၄၄၈) ကျော်နင်းမှုဖြစ်ပါပြီ။

ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိစ္စ၊ အရောင်းဝယ်ကိစ္စက တစ်ကဏ္ဍ ရှင်းရမှာပါ။ ဒါက “တရားမ” ကြောင်းနဲ့ရှင်းရမယ့် ကိစ္စပါ။ ဒါကို လက်ရှိ ရှိနေတဲ့သူရဲ့ခွင့်ပြုချက်မရဘဲနဲ့ အတင်းဖျက်ဆီးပြီး ဝင်တယ်ဆိုတာ ရာဇဝတ်မှု ဖြစ် သွားပါပြီ။ ရာဇဝတ်မကင်းတဲ့ကျော်နင်းမှုဖြစ်သွားတဲ့အတွက်ကြောင့် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် အရေးယူလို့ရပါတယ်။ ကျန်တဲ့ကိစ္စကတော့ ငွေရေးကြေးရေးကိစ္စ၊ “တရားမ”ကြောင်းအရ ရှင်းရမယ့်ကိစ္စ ဖြစ် တယ်လို့ပဲ ဖြေရပါ့မယ်။

အမွေ #ဥပဒေပညာဒါနသင်တန်း    #ဥပဒေအကြံပေး  #ရှေ့နေ
05/09/2026

အမွေ
#ဥပဒေပညာဒါနသင်တန်း

#ဥပဒေအကြံပေး
#ရှေ့နေ

Address

Mingaladon
Yangon
19941125

Telephone

+959250375399

Website

Alerts

Be the first to know and let us send you an email when Daw Thazin Kyi Win ''လေ့လာမှတ်သားဥပဒေပညာများ'' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Daw Thazin Kyi Win ''လေ့လာမှတ်သားဥပဒေပညာများ'':

Shortcuts

Share