Visa Bawdar - ဗီဇာဘော်ဒါ

Visa Bawdar - ဗီဇာဘော်ဒါ ဘော်ဒါတို့အတွက် "ဗီဇာဘော်ဒါ"

University Language Program ထုတ်ရောင်းပေးနေတဲ့ University တွေက အဆင့်မြင့်ပညာရေးဝန်ကြီးဌာနလက်အောက်ကဖြစ်လို့ အရင်နှစ်က စပြ...
07/09/2026

University Language Program ထုတ်ရောင်းပေးနေတဲ့ University တွေက အဆင့်မြင့်ပညာရေးဝန်ကြီးဌာနလက်အောက်ကဖြစ်လို့ အရင်နှစ်က စပြီး Visa ကို ၁ နှစ်တုံး တစ်ခါတည်း မပေးဘဲ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့အတိုင်း ၆ လတစ်ဖြတ်ပဲ ပေးခွင့် ရှိပါတယ်။

ဒါကြောင့် ချင်းမိုင်ကျောင်းက Visa တွေက အသစ်လျှောက်ထားတာအတွက် ၃ + ၆ + ၆၊ သက်တမ်းတိုးတာအတွက်ဆို ၆ + ၆ တစ်ဖြတ်စီ ခွဲရတာဖြစ်ပါတယ်။

❗️ College တွေက လက်ရှိမှာ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနလက်အောက်က မဟုတ်ဘဲ နယ် Immigration တွေမှာ ၁ နှစ်တုံး တစ်ခါတည်း ပေးနေတာကြောင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနဲ့ ဗဟို Immigration ဘက်က အရေးပေါ်စစ်ဆေးရေး ဝင်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

❗️ ယခင်နှစ်ကလည်း ဒီလိုသတင်းတွေ ထွက်ပြီး မကြာခင်မှာ NCU ကျောင်းရဲ့ Visa တွေ Dismissal ဖြစ်လာတဲ့အတွက် အလားတူကိစ္စတွေ ဖြစ်လာနိုင်ခြေရှိတာကြောင့် ဘူရီယမ်နဲ့ ခွန်ကန်ကျောင်းရဲ့ ED Visa ဝန်ဆောင်မှုများကို မိမိတို့ Page တွင် ရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

🔺 ဘူရီယမ်နှင့် ခွန်ကန်ကျောင်းများမှ ED Visa ကို Agent များမှ တစ်ဆင့်​ရယူထားပါက မိမိဝန်ဆောင်မှုရယူထားသည့် Agent များထံတွင် စုံစမ်းနိုင်ပါသည်။ 🔺

#ဗီဇာဘော်ဒါ

ED Visa ယူပြီး အပြင်အတန်းတွေကို ကျောင်းထိ ကိုယ်တိုင်သွားတက်နေရမှာ စိတ်ပူနေတဲ့ ဘော်ဒါတွေရှိလား? 🤔💭အေးဆေးပါ... Visa Bawdar...
04/09/2026

ED Visa ယူပြီး အပြင်အတန်းတွေကို ကျောင်းထိ ကိုယ်တိုင်သွားတက်နေရမှာ စိတ်ပူနေတဲ့ ဘော်ဒါတွေရှိလား? 🤔💭

အေးဆေးပါ... Visa Bawdar က ED Visa ကိုသာ ယူမယ်ဆို Online Class လေး တက်လိုက်ရုံပဲ။
🎯 ထိုင်းစာနဲ့ အင်္ဂလိပ်စာ ရွေးချယ်လို့ရတဲ့ ချင်းမိုင်ကျောင်းက Premium University ED Visa နဲ့ ခွန်ကန်ကျောင်းက 15-month ED Visa
🎯 ထိုင်းစာတစ်မျိုးတည်းကို လေ့လာနိုင်တဲ့ ဘူရီယမ်ကျောင်းက 15-month ED Visa ဘယ်ကျောင်းကိုပဲရွေးရွေး

✔️ အသစ်လျှောက်မဲ့ ဘော်ဒါတွေအတွက်ဆို “၁၅ လ”
✔️ ED to ED တိုးမဲ့ ဘော်ဒါတွေအတွက်ဆို “၁၂ လ” Visa သက်တမ်းအပြည့်ရမှာမို့ Online အတန်းတက်ပြီး တစ်နှစ် Visa အေးဆေးယူဖို့ ဘော်ဒါနဲ့ သင့်တော်မဲ့ကျောင်းကို Visa Bawdar မှာ အခုလာတိုင်ပင်လိုက်ပါ။

#ဗီဇာဘော်ဒါ

ဘော်ဒါတို့ Visa ကိစ္စတွေကို ဆွေးနွေးပေးဖို့ Visa Bawdar ရဲ့ “Baw Baw” ရှိနေပြီ။ 😎✌🏻Baw Baw တို့ Visa Bawdar မှာ⚡️ TR Vis...
02/09/2026

ဘော်ဒါတို့ Visa ကိစ္စတွေကို ဆွေးနွေးပေးဖို့ Visa Bawdar ရဲ့ “Baw Baw” ရှိနေပြီ။ 😎✌🏻

Baw Baw တို့ Visa Bawdar မှာ
⚡️ TR Visa
⚡️ University ED Visa
⚡️ 15-month ED Visa
⚡️ ED to ED Extension ဒီလို Visa ဝန်ဆောင်မှုတွေအပါအဝင်
⚡️ One Month Extension နဲ့
⚡️ Laos Visa Run ဒီလို Service တွေပါ ရနေပြီနော်။

Visa နဲ့ပတ်သက်ပြီး မသိတာရှိရင် မေးလို့ရသလို၊ မရှင်းတာရှိရင်လည်း တိုင်ပင်လို့ရတာမလို့ ထိုင်း Visa အတွက်ဆို Baw Baw ရဲ့ Visa Bawdar Page မှာ လာမေးလိုက်ပါ။ 😉👋🏻

#ဗီဇာဘော်ဒါ

Exciting job opportunities are here!As we continue to grow our business and community in Myanmar, we're looking for pass...
31/08/2026

Exciting job opportunities are here!

As we continue to grow our business and community in Myanmar, we're looking for passionate individuals to join our team in Yangon. Please review the requirements for each role in the images below. Qualified candidates are invited to apply.
💼 Salary: We offer a competitive, negotiable salary based on your skills and experience.

📩 Send your CV to: [email protected]
#ဗီဇာဘော်ဒါ

ကြာချိန် “နာရီပိုင်း"သာပေး ED to ED တစ်နှစ်တိုးခြင်းVisa Bawdar က ဘော်ဒါတွေကတော့ အချိန် “၁” ရက်ပဲပေးပြီး “၁” နှစ် Visa တ...
28/08/2026

ကြာချိန် “နာရီပိုင်း"သာပေး ED to ED တစ်နှစ်တိုးခြင်း

Visa Bawdar က ဘော်ဒါတွေကတော့ အချိန် “၁” ရက်ပဲပေးပြီး “၁” နှစ် Visa တုံး တန်းရသွားကြပြီ။ 🥳

လက်ရှိကိုင်ထားတဲ့ ED Plus/ ED Visa ကနေ ED Visa နောက်တစ်နှစ်ထပ်ယူဖို့အတွက် ဘူရီယမ်ကျောင်းကိုသာရွေးမယ်ဆိုရင် အရင်ကျောင်းက Visa ကို Cancellation “အခမဲ့” လုပ်ပေးမဲ့အပြင် အသွားအပြန်ကားနဲ့ နေ့လယ်စာကိုပါ စီစဉ်ပေးဦးမှာနော်။ 🕶️

🙌🏻 အချိန် “၁” ရက်ကိုမှ နာရီပိုင်းပဲကြာမဲ့အပြင် ကိုယ်တိုင်ဘာမှစီစဉ်စရာမလိုဘဲ “၁” နှစ် Visa တန်းရမှာမလို့ စိတ်ဝင်စားရင် အခုပဲလာစုံစမ်းလိုက်ပါ။

#ဗီဇာဘော်ဒါ

ဘတ်ဖွင့်မဲ့ကာလမှာ ED Visa ဆက်ယူမလား❓ Non-LA Visa ပြောင်းမလား❓Visa နှစ်မျိုးလုံးက ရေရှည်ဗီဇာတွေဆိုပေမဲ့ ကုန်ကျစရိတ်နဲ့ Vi...
27/08/2026

ဘတ်ဖွင့်မဲ့ကာလမှာ ED Visa ဆက်ယူမလား❓ Non-LA Visa ပြောင်းမလား❓
Visa နှစ်မျိုးလုံးက ရေရှည်ဗီဇာတွေဆိုပေမဲ့ ကုန်ကျစရိတ်နဲ့ Visa အမျိုးအစားကတော့ ကွာခြားပါတယ်။

Non-LA Visa ဆိုတာ မြန်မာ၊ လာအို၊ ဗီယက်နမ် ၃ နိုင်ငံက Migrant Worker တွေအတွက် ထုတ်ပေးထားတဲ့ Visa အမျိုးအစားဖြစ်ပြီး 🇲🇲🇱🇦🇻🇳
ဒါကိုယူထားမယ်ဆိုရင်တော့ နေထိုင်ခွင့်အရ အဆင်ပြေနိုင်သလို အလုပ်လုပ်ကိုင်မယ်ဆိုရင်လည်း Work Permit မှာပါတဲ့သူဌေးအောက်ကနေ
သတ်မှတ်အလုပ်အမျိုးအစားတွေ (Blue-collar Jobs) ကို လုပ်ကိုင်နိုင်မှာပါ။ 💼👷‍♂️

Non-ED Visa ဆိုတာကတော့ Education Visa အမျိုးအစားဖြစ်ပြီး Online Class တက်ရင်း နေထိုင်ခွင့်အဆင်ပြေအောင် ထုတ်ထားပေးတဲ့ Visa မျိုးပါ။ 🎓
နေထိုင်ခွင့်အတွက်ပဲ ထုတ်ထားပေးတာဖြစ်လို့ ဒီ Visa နဲ့ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။ ❌

ကုန်ကျစရိတ်အရ ကွာခြားတယ်ဆိုပေမဲ့ 💸 Non-LA Visa လျှောက်တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ် ထိုင်းအစိုးရနဲ့ အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုပေးတဲ့
ဘတ်ဖွင့်ချိန်ကို စောင့်ဖို့လိုပြီး ⏳ ED Visa တွေကတော့ အချိန်မရွေးလျှောက်ထားနိုင်ပါတယ်။

Third Country Visa တွေ လျှောက်ဖို့ ခိုင်မာတဲ့ Visa အမျိုးအစားတစ်ခုရထားချင်တယ်၊ ✈️ Visa ရဖို့ အချိန်တွေ မစောင့်ချင်ဘူးဆိုရင်တော့
ဘော်ဒါတို့နဲ့ ED Visa က ပိုသင့်တော်စေမှာပါ။ 👌

ED Visa အတွက် "Visa Bawdar" မှာ
📍 ချင်းမိုင်ကျောင်း
📍 ဘူရီယမ်ကျောင်း နဲ့
📍 ခွန်ကန်ကျောင်းဆိုပြီး
ရွေးချယ်စရာ Option ၃ မျိုးရှိလို့ အဆင်ပြဆုံးကို ရွေးချယ်ဖို့ Page Messenger မှာ အခုလာတိုင်ပင်လိုက်ပါ။ 📥💬

#ဗီဇာဘော်ဒါ

“၁”နှစ်တာ နေထိုင်ခွင့်အတွက် ကြာချိန် “၁”ရက်သာED to ED နောက်တစ်နှစ်အတွက် Visa Bawdar ရဲ့ ခွန်ကန်ကျောင်းမှာ အပ်သွားတဲ့ ဘော...
24/08/2026

“၁”နှစ်တာ နေထိုင်ခွင့်အတွက် ကြာချိန် “၁”ရက်သာ

ED to ED နောက်တစ်နှစ်အတွက် Visa Bawdar ရဲ့ ခွန်ကန်ကျောင်းမှာ အပ်သွားတဲ့ ဘော်ဒါတွေက ကြာချိန် “၁”ရက်ကို “နာရီပိုင်း”တည်းနဲ့ “၁”နှစ် Visa တုံး တန်းရသွားကြပြီ။ 🎉

ED Visa ထပ်ယူဖို့ ခွန်ကန်ကျောင်း၊ ဘူရီယမ်ကျောင်း ဘယ်ကျောင်းပဲရွေးရွေး
📌 အသွားအပြန် Transportation + နေ့လယ်စာ အပြီးအစီး
📌 အရင် Visa Cancellation အတွက် “အခမဲ့” စီစဉ်ပေးမဲ့အပြင်
📌 “၁”နှစ်တုံးတန်းရမဲ့ Visa Process က နေ့ “၁” ပိုင်းသာ ကြာမှာဖြစ်လို့

ED Visa နောက်တစ်နှစ်စာကို အချိန်မကြာ၊ အလုပ်ရှုပ်သက်သာစွာရဖို့ Visa Bawdar မှာ အခုပဲ လာစုံစမ်းလိုက်ပါ။

#ဗီဇာဘော်ဒါ

TDAC ကို ဘာလို့ကိုယ်တိုင်ဖြည့်သင့်တာလဲ? ❗️နောက်ပိုင်း Service တွေမှာ TDAC ပါ ဖြည့်ပေးတဲ့​ဝန်ဆောင်မှုတွေ ထပ်ပါလာကြပေမဲ့ T...
22/08/2026

TDAC ကို ဘာလို့ကိုယ်တိုင်ဖြည့်သင့်တာလဲ? ❗️

နောက်ပိုင်း Service တွေမှာ TDAC ပါ ဖြည့်ပေးတဲ့​ဝန်ဆောင်မှုတွေ ထပ်ပါလာကြပေမဲ့ TDAC ဆိုတာ ကိုယ်တိုင်ပဲဖြည့်သင့်ပါတယ်။
ဖြည့်ရတဲ့အချက်အလက်တွေကလည်း ကိုယ့်ရဲ့ Personal အကြောင်းအရာတွေ၊ လာတဲ့ရက်၊ ပြန်မဲ့ရက်၊ စီးမဲ့လေယာဉ်နံပါတ်၊ တည်းခိုမဲ့နေရပ်လိပ်စာ ဒီလိုအချက်အလက်လေးတွေပဲ လွယ်လွယ်ကူကူ ဖြည့်ဖို့လိုတာပါ။

❗️ ဘာကြောင့်သူများကို မဖြည့်ခိုင်းသင့်တာလဲဆိုတော့... ကိုယ်ကထိုင်းကို အလည်လာရုံလောက်ဆို ကိစ္စမရှိပေမဲ့ နောက်ပိုင်း ရေရှည်ဗီဇာလျှောက်မယ်ဆိုရင် TDAC ကိုပါ တောင်းတာဖြစ်လို့ ကိုယ်က သိမ်းထားဖို့ လိုပါတယ်။

အခြားသူတွေကို ဖြည့်ခိုင်းခဲ့မယ််ဆိုရင်
❌ ကိုယ်က ပြန်တောင်းတဲ့အခါ တောင်းလို့မရတာ
❌ Agent အများစုက TDAC ဖြည့်တဲ့အခါ Mail လိပ်စာတစ်ခုတည်းကိုပဲ ထည့်ခဲ့တာကြောင့် ပြန်ရှာမပေးနိုင်တာ၊ ပြန်ရှာလို့မရတာတွေ ဖြစ်လာနိုင်ပါတယ်။

အဲ့အခါမျိုးမှာ ကိုယ့်ရဲ့ ရေရှည်ဗီဇာလျှောက်ထားမှုက Process ကြန့်ကြာတာ၊ အဆင်မပြေတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ဆက်တွဲ အပိုကြေးတွေပါ ပေးရနိုင်တာကြောင့် မခက်ခဲတဲ့ Process ကို ကိုယ်တိုင်လုပ်ပြီး သေချာသိမ်းထားတာ အကောင်းဆုံးပါပဲ။

#ဗီဇာဘော်ဒါ

ED Visa အတွက် ထပ်တိုးရွေးချယ်စရာ ချင်းမိုင်ကျောင်းက University ED Visa 🎓✨Option များများနဲ့ စိတ်ကြိုက်ကျောင်းက ED Visa က...
17/08/2026

ED Visa အတွက် ထပ်တိုးရွေးချယ်စရာ ချင်းမိုင်ကျောင်းက University ED Visa 🎓✨

Option များများနဲ့ စိတ်ကြိုက်ကျောင်းက ED Visa ကို ရွေးချယ်နိုင်ဖို့ Visa Bawdar မှာ ဘူရီယမ်နဲ့ ခွန်ကန်ကျောင်းအပြင် ချင်းမိုင်ကျောင်းပါ ရှိနေပြီနော် 🏫📍

ချင်းမိုင်က ဘော်ဒါတွေအတွက် “အဆင်ပြေဆုံး” Visa ဖြစ်မဲ့အပြင် College မဟုတ်ဘဲ Ministry of Higher Education, Science, Research and Innovation (MHESI) နဲ့ Immigration ဘက်က အသိအမှတ်ပြုထားတဲ့ University Language Program မလို့ “Visa အပြည့်” ရဖို့ “အာမခံချက်ကလည်း အပြည့်” 💯✅

“၁ ပတ်” “၁ ရက်” Online Class ကို ထိုင်းနဲ့အင်္ဂလိပ် ကြိုက်ရာ Language ရွေးနိုင်ပြီး Visa သက်တမ်းကလည်း
📌အသစ်လျှောက်မဲ့သူတွေအတွက်ဆို “၁၅ လ”
📌ED to ED သက်တမ်းတိုးအတွက်ဆို “၁၂ လ” အပြည့်ရဦးမှာပါ

အချိန်ကုန် အလုပ်ရှုပ် သက်သာတဲ့ “15-month ED Visa” အပြင် Visa ခိုင်မာ စိတ်ချရတဲ့ ချင်းမိုင်ကျောင်းက “University ED Visa” ပါ ရနေပြီမလို့ အသင့်တော်ဆုံး Option ကို Page Messenger မှာ လာတိုင်ပင်လိုက်နော် ဘော်ဒါတို့ 📩📲

#ဗီဇာဘော်ဒါ

📌 Visa အတွက် နိုင်ငံပြင်ထွက်ဖို့လိုတဲ့အခါ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူမြန်ဆန်တာ Laos Visa Run Service 🇱🇦 ပါပဲ။⚡ 14 Days/ ...
15/08/2026

📌 Visa အတွက် နိုင်ငံပြင်ထွက်ဖို့လိုတဲ့အခါ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူမြန်ဆန်တာ Laos Visa Run Service 🇱🇦 ပါပဲ။

⚡ 14 Days/ TR Visa ကို အကြိမ်ကြိမ် သက်တမ်းတိုးထားလို့
⚡ Visa Type တစ်ခုကနေ နောက်တစ်ခုကိုပြောင်းဖို့
⚡ DTV Visa နဲ့ နိုင်ငံတွင်းမှာ ရက် ၁၈၀ ပြည့်သွားလို့ နိုင်ငံပြင်ထွက်ရတော့မယ်ဆိုရင်…

ဘော်ဒါတို့ကိုယ်တိုင် ဘာမှစီစဉ်စရာမလိုဘဲ အသွားအပြန် ကား/ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ကအစ အပြီးအစီးစီစဉ်ပေးတဲ့ Visa Bawdar ရဲ့ Laos Visa Run Service ကိုပဲ ရွေးလိုက်နော်။ 🤝🏻✨

TR Visa ပြန်လျှောက်မဲ့၊ တခြား Non-Immigrant Visa တွေ လျှောက်မဲ့ ဘော်ဒါတွေအတွက်လည်း စာရွက်စာတမ်းပြင်တာ၊ Visa လျှောက်တာတွေကအစ ပြင်ဆင်ပေးဦးမှာဆိုတော့ ဘော်ဒါတို့က ခရီးဆောင်အိတ်လေးဆွဲပြီး လိုက်ခဲ့ရုံပါပဲ။ 🎒

ကိုယ်တိုင်စီစဉ်စရာမလိုဘဲ ကုန်ကျစရိတ်သက်သက်သာသာနဲ့ Laos Visa Run ဖို့ “ဗီဇာဘော်ဒါ” Page မှာ လာမေးလိုက်ပါ။ 📩

#ဗီဇာဘော်ဒါ

Address

14th Floor, Junction City Office Tower
Yangon
11141

Telephone

+66930080810

Website

Alerts

Be the first to know and let us send you an email when Visa Bawdar - ဗီဇာဘော်ဒါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Visa Bawdar - ဗီဇာဘော်ဒါ:

Shortcuts

Share