28/09/2023
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့်အိမ်ခြံမြေကို ဝယ်ယူရာတွင် အဝယ်မမှားစေရန်.......
မိမိကြိုက်နှစ်သက်လို့ သေချာရွေးချယ်ပြီးပြီ ဝယ်ယူမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မဝယ်ယူမီ ဒါတွေအရင်လုပ်ပါ။
- ရောင်းသူသည် အရောင်းအဝယ်ပြုလုပ်မည့်မြေကို အမှန်တကယ် ပိုင်မပိုင်၊ရောင်းပိုင်ခွင့်ရှိမရှိ စုံစမ်းရပါမည်။
- ရောင်းသူသည် တစ်ဦးတည်းပိုင်မဟုတ်လျှင် ပူးတွဲပိုင်သူတွေရဲ့ သဘောတူညီချက်ကို ရနိုင်မရနိုင် စုံစမ်းပါ။
- ဝယ်ယူမည့်မြေနဲ့ပတ်သက်သောမြေစာရင်းဌာနတွင် အမည်ပေါက်မှန်မမှန် မြေရာဇဝင်စစ်ပါ။
- ဝယ်ယူမည့်မြေသည် အမှုအခင်း၊ အမွေအရှုပ်အရှင်း ရှိမရှိ စုံစမ်းပါ။
- စုံစမ်းပြီးသေချာမှသာ အရောင်းအဝယ်စာချုပ်ချုပ်ပါ။ချုပ်ဆိုတဲ့စာချုပ်ဟာ စရန်ပေးအရောင်းအဝယ်စာချုပ်ဆိုလျှင် စရန်ပေးကတည်းက ရောင်းသူနှင့်ညှိနှိုင်းထားသမျှကိုစာချုပ်ထဲတွင် ပြည့်စုံစွာထည့်၍ ခိုင်မာစွာချုပ်ဆိုပါ။
-အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုပြီးလျှင်ပိုင်ဆိုင်မှု ခိုင်မာစေရန်စာချုပ်ကို မှတ်ပုံတင်ပါ။
စာချုပ်နှင့်ပတ်သက်သမျှ အကြံပြုဆွေးနွေးနိုင်ပါသည်။
Sann & Su
Legal Services.