Daw Yin Min Paik

Daw Yin Min Paik Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Yin Min Paik, Legal Service, North Dagon, Yangon.

အများသိစေရန်ကြေညာချက်
26/10/2024

အများသိစေရန်ကြေညာချက်

17/10/2024
17/09/2024
17/09/2024
08/09/2024

ငွေပေးဆပ်ရန် ဒီကရီ
နည်း ၃၀
အခြား သက်သာခွင့် အစား ငွေဖြင့် ပြောင်းလဲပေးဆပ်ရန် ဒီကရီအပါအဝင် ငွေပေးဆပ်ရန် ဒီကရီတိုင်းကို တရားရှုံးအား တရားမထောင်တွင် အကျဥ္းချထား၍ဖြစ်စေ၊ တရားရှုံး၏ ပစ္စည်းကို ဝရမ်းကပ် ရောင်းချ၍ ဖြစ်စေ၊ သို့မဟုတ် ၎င်းနည်းနှစ်ရပ်လုံးကို ဆောင်ရွက်၍ဖြစ်စေ အတည်ပြုနိူင်သည်။

ဒီကရီအတည်ပြုရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်း

ဒီကရီအတည်ပြုရန် တရားရုံး၏ အာဏာများ
၅၁။ တရားနိူင်က လျှောက်ထားသည့်အခါ တရားရုံးသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေဘဲ အောက်ပါအတိုင်း ဒီကရီအတည်ပြုရန် အမိန့်ချမှတ်နိူင်သည် -
(က) သီးခြားဖော်ပြကာ ဒီကရီချမှတ်သောပစ္စည်းကို လက်ရောက်ပေးအပ်ခြင်း
(ခ) ပစ္စည်းတစ်ခုခုကို ဝရမ်းကပ်၍ ရောင်းချခြင်း သို့မဟုတ် ဝရမ်းမကပ်ဘဲ ရောင်းချခြင်း၊
(ဂ) လူကိုဖမ်းဆီး၍ အကျဥ္းထောင်တွင် ချုပ်နှောင်ထားခြင်း၊
(ဃ) ပစ္စည်းထိန်းခန့်ခြင်း၊ သို့မဟုတ်
(င) ခွင့်ပြုသော သက်သာခွင့် အမျိုးအစားအလျောက် လိုအပ်သည့်အတိုင်း အခြားနည်းဆောင်ရွက်ခြင်း
သို့ရာတွင် ဒီကရီမှာ ငွေပေးဆပ်ရန် အတွက်ဖြစ်လျှင် တရားရှုံးအား မည်သည့်အတွက်ကြောင့်
အကျဥ္းထောင်သို့ မပို့ထိုက်ကြောင်း အကြောင်းပြထုချေစေရန် အခွင့်အရေးမပေးဘဲနှင့်လည်းကောင်း၊ စာဖြင့်ရေးမှတ်ထားရမည့် အကြောင်းများအရ အောက်ပါအခြေအနေ ဖြစ်ပေါ်လျက်ရှိကြောင်း တရားရုံးအနေဖြင့် ကျေနပ်မှုမရှိဘဲနှင့်လည်းကောင်း အကျဥ္းထောင်တွင် ချုပ်နှောင်ထားစေခြင်းဖြင့် ဒီကရီအတည်ပြုရန် အမိန့်ချမှတ်ခြင်းမပြုရ -

(က) တရားရှုံးသည် ဒီကရီအတည်ပြုခြင်းကို တားဆီးနှောင့်နှေးကြန့်ကြာစေရန် ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ထိုသို့အကျိုး သက်ရောက်စေရန်သော်လည်းကောင်း -
(၁) ထွက်ပြေးတိမ်းရှောင်ဖွယ်ရာရှိကြောင်း၊ သို့မဟုတ် တရားရုံး၏စီရင်ပိုင်ခွင့်ဒေသမှ ထွက်ခွာသွားဖွယ်ရာရှိကြောင်း သို့မဟုတ်
(၂) ဒီကရီချမှတ်သည့် အမှုကို စွဲဆိုပြီးနောက် မရိုးသားသည့် သဘောဖြင့် ၎င်းပိုင်ပစ္စည်းတစ်စိတ်တစ်ဒေသကို လွှဲပြောင်းခြင်း၊ ထိမ်ဝှက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း ပြုလုပ်ထားကြောင်း၊ သို့မဟုတ် ၎င်းပိုင်ပစ္စည်းများနှင့်စပ်လျဥ္း၍ အခြားမရိုးသားသည့် ပြုလုပ်ချက်တစ်ရပ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သို့မဟုတ်
(ခ) တရားရှုံးသည် ဒီကရီချမှတ်သည့် နေ့မှစ၍ ဒီကရီကျငွေကိုဖြစ်စေ၊ ထိုငွေအနက်မှအတော်အတန်များသော အပိုင်းကိုဖြစ်စေ ပေးစွမ်းနိူင်စွမ်းရှိလျက်နှင့် ပေးရန်ငြင်းဆန်ကြောင်း သို့မဟုတ် ပျက်ကွက်ကြောင်း သို့မဟုတ် ပေးရန်ငြင်းဆန်ခဲ့ကြောင်း သို့မဟုတ် ပျက်ကွက်ခဲ့ကြောင်း သို့မဟုတ်
(ဂ) ဒီကရီမှာ တရားရှုံးက ယုံမှတ်လွှဲအပ်ခံရသူအဖြစ် တင်ပြရန်တာဝန်ရှိသော ငွေပမာဏအတွက် ချမှတ်ပေးသော ဒီကရီဖြစ်ကြောင်း၊
ရှင်းလင်းချက် ။ ။ အပိုဒ်(ခ)ပါ ကိစ္စများအလို့ငှာ တရားရှုံး၏ ပေးနိူင်စွမ်းကို တွက်ချက်ရာတွင် တည်ဆဲဖြစ်သော ဥပဒေ သို့မဟုတ် ဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးတမ်းအရ ဒီကရီအတည်ပြုရာတွင် ဝရမ်းကပ်ခြင်းမှ ကင်းလွတ်ခွင့်ရသော ပစ္စည်းကိုချန်လှပ်ထားရမည်။

Daw Yin Min Paik
LL.B(Higher Greade Pleader)
Zenith Legal Services
09260813998

  video conference နဲ့အဝေးရောက်ကွာရှင်းခြင်း တစ်ကယ်တော့လက်ထပ်မယ့်သူတွေပဲလာစေချင်တာပါ
16/08/2024

video conference နဲ့အဝေးရောက်ကွာရှင်းခြင်း တစ်ကယ်တော့လက်ထပ်မယ့်သူတွေပဲလာစေချင်တာပါ

  bye yangon journey to the middle of myanmar
08/08/2024

bye yangon journey to the middle of myanmar

31/07/2024

ပုဒ်မ-၁၃၈

၁၉၇၉ ၁။ ကာဆင်ဂျမား နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိူင်ငံတော်
၂။ ဒါဝတ်ဂျမား
_____________
ကိုဝင်းစိန်

သက်သေခံဥပဒေပုဒ်မ ၁၃၈၊ သက်သေတစ်ဦးအားပြန်လှန်စစ်မေးရာတွင်အမှုနှင့်စပ်ဆိုင်သည့်အကြောင်းခြင်းရာကိုသာစစ်မေးရန်ကန်သတ်ထားခြင်း၊မေးမြန်းသမျှကိုသာဖြေဆိုရမည်ဟုကန့်သတ်မထားခြင်း။

ဆုံးဖြတ်ချက်။ ။ သက်သေခံဥပဒေပုဒ်မ၁၃၈
ပါပြဌာန်းချက်အရဆိုလျှင်တစ်ဖက်အမှုသည်ကသက်သေတစ်ဦးအားပြန်လှန်စစ်မေးရာတွင်အမှုနှင့်စပ်ဆိုင်သည့်အကြောင်းခြင်းရာများကိုသာစစ်မေးရန်ကန့်သတ်ထားကြောင်းပေါ်ပေါက်သည်။သက်သေသည်တစ်ဖက်အမှုသည်ကမေးမြန်းသမျှကိုသာဖြေဆိုရမည်ဟုပိတ်ပင်ထားခြင်းမရှိပေ။သို့သော်သက်သေသည်အမှုနှင့်စပ်ဆိုင်သည့်အကြောင်းခြင်းရာများကိုထွက်ဆိုနိူင်သည်။ဤအချက်ကိုတရားရုံးများကအမှုစစ်ဆေးရာတွင်အလေးအနက်ထား၍ထိန်းကျောင်းသွားရန်လိုသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတရားရုံးလင်မယားကွာလိုမှု|အပြန်လမ်းမှာဒေါင်လက်ဖက်ရည်ဆိုင်ဝင်ကျွေးမွေးဧည့်ခံတဲ့clientလည်းကျန်းမာချ...
17/07/2024

ဒဂုံမြို့သစ်မြောက်ပိုင်းတရားရုံးလင်မယားကွာလိုမှု|အပြန်လမ်းမှာဒေါင်လက်ဖက်ရည်ဆိုင်ဝင်ကျွေးမွေးဧည့်ခံတဲ့clientလည်းကျန်းမာချမ်းသာပါစေ

Today ဆရာမဒေါ်ဇင်ဇင်ဦးရဲ့လက်ဆောင်
17/07/2024

Today ဆရာမဒေါ်ဇင်ဇင်ဦးရဲ့လက်ဆောင်

 #လွှဲအပ်ညွှန်ကြားချက်အရအများသိစေရန်ကြေညာခြင်း
29/06/2024

#လွှဲအပ်ညွှန်ကြားချက်အရအများသိစေရန်ကြေညာခြင်း

Address

North Dagon
Yangon
123456

Alerts

Be the first to know and let us send you an email when Daw Yin Min Paik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Daw Yin Min Paik:

Share

Category