Daw Khaing Myat Wai

Daw Khaing Myat Wai Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Khaing Myat Wai, Corporate lawyer, No 1341 Bo Hmue Bahtoo Road 46 Ward North Dagon Tsp, Yangon.

နိုင်ငံကူးလက်မှတ်များလျှောက်ထားရန် အတွက် သိထားသင့်သည့် အချက်များ ပြည်သူများထံ အသိပေးပန်ကြားချက် (26-04-2024)မြန်မာနိုင်င...
27/07/2024

နိုင်ငံကူးလက်မှတ်များလျှောက်ထားရန် အတွက် သိထားသင့်သည့် အချက်များ
ပြည်သူများထံ အသိပေးပန်ကြားချက် (26-04-2024)
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၄-၂-၂၀၂၃ ရက်မှစ၍လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၆-၂-၂၀၂၄ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပါသည်။
မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် ၂-၅-၂၀၂၄ ရက်နေ့မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပါကြောင်း၊
ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ပါကြောင်း၊
ကျန်ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊
နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် ၁-၅-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်မှစ၍ ရက်ချိန်းယူနိုင်ပါကြောင်း၊
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ရက်ချိန်းယူရာတွင် မိမိတို့၏ အိမ်ထောင်စုစာရင်းရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သည့် www.passport.gov.mm တွင် ကြိုတင်လေ့လာနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

စဉ်ဆက် မပြတ် သင်ကြားရေးနှင့်အတူ  Professional Lawyers များမွေးထုတ်ရန်အတွက် ၂၀၂၄ အတွက် အလုပ်သင်ရှေ့နေများ ခေါ်ယူသည့်စာရင်...
02/01/2024

စဉ်ဆက် မပြတ် သင်ကြားရေးနှင့်အတူ Professional Lawyers များမွေးထုတ်ရန်အတွက် ၂၀၂၄ အတွက် အလုပ်သင်ရှေ့နေများ ခေါ်ယူသည့်စာရင်း ပိတ်ပါပြီ။

(အလုပ်သင်ရှေ့နေများ တရားရုံး ရှေ့လက်တွေ့ အမှုစစ်ဆေးနည်း)

ရုံးတွင်းလေ့ကျင့်သင်ကြား

24/12/2023

တက္ကသိုလ်ကျောင်းဆင်း ရှေ့နေလောင်းလျာများအား ဤသို့ လမ်းညွှန်ပေးထားပါတယ် ---
အလုပ်သင်ရှေ့နေ လိုက်နာရမည့် စည်းကမ်းချက်များ
(၁) အလုပ်သင်ရှေ့နေမှတ်တမ်း ထားပါ။
(၂) မိမိ၏ အလုပ်သင်ဆရာထံ၌ ပညာဆည်းပူးပါ။
(၃) ခိုင်းသည့်အတိုင်း တိတိကျကျ လုပ်ပါ။
(၄) ရက်ပျက်မရှိ ချိန်ဘာဆင်းပါ။
(၅) ဆရာ၏ အမှုသည်များနှင့် လိုက်လျောညီထွေ နေ
(၆) သက်သေထွက်ချက် ရေးမှတ်၍ လေ့ကျင့်ပါ။
(၇) အမှုစစ်ပုံစစ်နည်း လေ့လာမှတ်သားပါ။
(၈) ကိုယ်ပိုင်ဖိုင် ထားပါ။
(၉) ဥပဒေများကို လေ့လာမှတ်သားပါ။
ဆရာဦးမြင့်လွင် ၏ အောင်မြင်ကျော်ကြားသည့် ရှေ့နေဖြစ်နည်း လမ်းညွှန် စာအုပ်မှ ဖတ်ရှုကူးယူ၍ လေ့လာသင့်သော စာအုပ်ကောင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

23/12/2023

ယုံကြည်ချက်အပြည့်ထားပါ
အောင်မြင်ကျော်ကြားသည့် ရှေ့နေဖြစ်ရန် တစ်လှမ်းပြီးတစ်လှမ်း ဖြည်းဖြည်းနှင့်မှန်မှန် တက် လှမ်းရပါမည်။ အခွင့်အရေးကို ဇွဲဖြင့် စောင့်ရမည်။ ရှေ့နေဘဝတွင် အခက်အခဲများ ရုန်းကန်နေသည့် အချိန်တွင် စိတ်ဓာတ်ကျရန် ကိစ္စများက သင့်အား ခြိမ်းခြောက်နေခြင်းကို ပြင်းထန်သောဇွဲဖြင့် တွန်းလှန် ပါ။ အောင်မြင်မှုဆိုသည်မှာ ရေတွင်းတူးသည်နှင့် တူလှ၏။
တချို့နေရာ၌ အနည်းငယ် တူးရုံမျှဖြင့် ရေထွက်၏။ တချို့နေရာများ၌မူ ခပ်နက်နက်တူးပါမှ ရေထွက်လေသည်။ ထိုနည်းတူ ရှေ့နေလုပ်ငန်း သည် လွယ်မယောင်နှင်ခက်ပြီး တိမ်မယောင်နှင့် နက်လေသည်။ အချိန်တန်လျှင် အောင်မြင်မှုသရဖူ ဆောင်းရမည်မှာ မလွဲပေ။
အောင်မြင်သည့် ရှေ့နေဖြစ်ရန် စိတ်ဓာတ်ပြင်းထန်ရပါမည်။ ရှေ့နေလုပ်ငန်းအပေါ် အမြဲတမ်း စိတ်ဝင်စားနေရပါမည်။ အခြားတစ်နေရာသို့ ကူးပြောင်းလိုစိတ် မတင်မကျရှိက ရှေ့နေလုပ်ငန်းလည်း မအောင်မြင်၊ အခြား လုပ်ငန်းလည်း ဘာမျှဖြစ်ထွန်းလာမည် မဟုတ်ပေ။ ဇောက်ချပြီးလုပ်က ဝီရိယအကျိုး ခံစားရပါမည်။ ရှေ့နေလုပ်ငန်းကို လုံးဝယုံကြည်သည့် ရှေ့နေတစ်ယောက်သည် အောင်မြင်အောင် ဘယ်လို ကြိုးစားရမည်၊ ဘယ်လိုလုပ်ရမည်၊ ဥပဒေပညာကို ဘယ်လိုဆည်းပူး ရမည်တို့ကို သိပြီး ဇွဲလုံ့လဖြင့် အကောင်အထည်ဖော်သဖြင့် ၎င်း၏အိပ်မက်သည် Dream True come True ဖြစ်လာလေသည်။
ဆရာဦးမြင့်လွင်(တရားလွှတ်တော်ရှေ့နေ) ၏ အောင်မြင်ကျော်ကြားသည့် ရှေ့နေဖြစ်နည်း လမ်းညွှန် စာအုပ်မှ ဖတ်ရှုကူးယူ၍ လေ့လာသင့်သော စာအုပ်ကောင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

Address

No 1341 Bo Hmue Bahtoo Road 46 Ward North Dagon Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Daw Khaing Myat Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share