09/07/2026
ထိုင်းတော်ဝင်မင်းသမီး ဖက်ရှင်နှင့်ဒီဇိုင်း သံတမန်
ကမ္ဘာ့WIPOအဖွဲ့အစည်းက ထိုင်းတော်ဝင်မင်းသမီး Sirivannavari Nariratana Rajakanya ကို မူပိုင်ခွင့်ဆိုင်ရာ ဖက်ရှင်နှင့်ဒီဇိုင်း သံတမန်အဖြစ် (၂၈- ၅ -၂၀၂၆)ရက်နေ့မှာ ခန့်အပ်ခဲ့ပါတယ်။ သူမရဲ့ ဖက်ရှင်နဲ့ဒီဇိုင်း တီထွင်ဖန်တီးမှုနဲ့ မူပိုင်ခွင့်ဆိုင်ရာပစ္စည်းများ အစဉ်တစိုက်အသုံးပြုခြင်းအတွက် အသိအ မှတ်ပြုခြင်းဖြစ်ပါတယ်။ သူမက မူပိုင်ခွင့်ဆိုင်ရာပစ္စည်း၅၄၁ခုပိုင်ဆိုင်ပြီး၊ ၃၄နိုင်ငံမှာ ကျောက်မျက်ရတနာပစ္စည်းများ၊ သားရည်ပစ္စည်းများ နဲ့အိမ်တွင်းအလှဆင် ပစ္စည်းများအတွက် ကုန်အမှတ်တံဆိပ်များ မှတ်ပုံတင်ထားခဲ့ပါတယ်။ သူမရဲ့ကိုယ်ပိုင်ဒီဇိုင်းနဲ့ဖက်ရှင်ပစ္စည်းများကို ပြသခြင်းဖြစ်သလို ထိုင်းရိုးရာ လက်မှုပညာရှင်များရဲ့ အရည်အသွေး ထိုင်းယဉ်ကျေးမှု အမွေအနှစ်များကို ထုတ်ဖေါ်ပြသခြင်းလည်းဖြစ်ပါတယ်။ Majesty King Bhumibol Adulyadej, Rama IXကလည်း ၂၀၀၉ခုနှစ်မှာ တီထွင်ဆန်းသစ်မှု များအတွက် WIPO ကမ္ဘာ့ဦးဆောင်သူဆုကိုရရှိခဲ့လို့ ထိုင်းဘုရင့်မိသားစုဟာ ကျော်ကြားခဲ့ပါတယ်။
Ref: WIPO Appoints Princess Sirivannavari Nariratana Rajakanya of Thailand as Ambassador for Fashion and Design Geneva, May 28, 2026
PR/2026/953