10/08/2026
မေတ္တာဖြင့်ပေးကမ်းခြင်း
**************************
မေတ္တာဖြင့်ပေးကမ်းခြင်းဆိုသည်မှာ
လူတစ်ဦးက မိမိပိုင်ပစ္စည်းကို အခြားသူတစ်ဦးအား အဖိုးစားနားမပါဘဲ လွှဲပြောင်းခြင်းဖြစ်ပါသည်။
ပေးကမ်းခြင်းဆိုရာတွင်-
မိဘများက သားသမီးများအား ပေးကမ်းခြင်း၊
ဘိုးဘွားများက မြေးများအားပေးကမ်းခြင်း၊
ရှင်ပြုချိန်ပေးကမ်းခြင်း၊
သေခါနီးဆဲဆဲပေးကမ်းခြင်းဟူ၍ ပေးကမ်းခြင်းအမျိုးမျိုးရှိပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းများဖြစ်ကြသည့် အိမ်ခြံမြေများကို အခြားသူတစ်ဦးသို့ ပေးကမ်းရာတွင် ပေးသူနှင့်လက်ခံရယူသူတို့သည် သက်ရှိထင်ရှားရှိမှသာ တရား၀င်မည်ဖြစ်သကဲ့သို့ ကျပ် ၁ သိန်းထက်ပိုပါက စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် အသိသက်သေနှစ်ဦးနှင့်အတူ လက်မှတ်ရေးထိုး ချုပ်ဆိုရန် လိုအပ်ပါသည်။
မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ပေးကမ်းမည်ဆိုပါက လိုအပ်မည့်စာရွက်စာတမ်းများမှာ -
(၁) မေတ္တာြဖင့်ပေးကမ်းခြင်းစာချုပ်၊
(၂) ကန့်ကွက်ရန်မရှိကြောင်းသတင်းစာကြော်ငြာ၊
(၃) ပေးကမ်းရန်မှတ်ချက်ဖြင့်ရေးကူးထားသည့်မြေပုံမြေရာဇ၀င်၊
(၄) ကျမ်းကျိန်လွှာများ၊
(၅) တန်ဖိုးသတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်းများ၊
(၆) ပေးသူ/လက်ခံသူတို့၏ မှတ်ပုံတင်နှင့်
သန်းခေါင်းစာရင်းများ၊
(၇) ပေးကမ်းသည့်အခြေပစ္စည်း၏ဓာတ်ပုံများ။
မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းတစ်ခုကို မှတ်ပုံတင်စာချုပ်စာတမ်းပြုလုပ်ခြင်းမရှိဘဲ ပေးကမ်းလျှင် အဆိုပါ ပေးကမ်းမှုသည် တရား၀င်ပေးကမ်းခြင်း မဖြစ်ပေ။
မြန်မာဗုဒ္ဓဘာသာများအနေဖြင့် သေတမ်းစာသဘောသက်ရောက်သည့် ပေးကမ်းခြင်းမျိုးဖြင့် ပေးကမ်းလျှင် လုံး၀တရားမ၀င်ပါ။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် ပေးကမ်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်လိုပါက
Mr.Lawyer-Legal Services သို့ ဆက်သွယ်နိုင်ပါသည်။
#အမည်ပေါက်မှန်/မမှန်စစ်ဆေးပေးခြင်း
#မြေပုံမြေရာဇ၀င်ရေးကူးပေးခြင်း
#ဂရမ်အမည်ပြောင်းခြင်း၊
#ဂရမ်သက်တမ်းတိုးခြင်း၊
#ဂရမ်သစ်လျှောက်ထားပေးခြင်း
#ဂရမ်မိတ္တူထုတ်ပေးခြင်း
#အဆောက်အဦးဆောက်လုပ်ခွင့်လျှောက်ထားပေးခြင်း
#စာချုပ်ချုပ်ဆိုပေးခြင်း
#ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း
တို့ကို ဝန်ဆောင်မှု့ပေးလျှက်ရှိပါသည်ရှင်။