22/07/2026
📌 Online Shop မှတ်ပုံတင်ခြင်း (eComReg Online Sales Registration)
အွန်လိုင်းမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချနေသော လုပ်ငန်းများအတွက် eComReg Online Sales Registration မှတ်ပုံတင်ရန် လိုအပ်ပါသည်။
📢 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) အရ
Facebook, TikTok, Telegram, YouTube နှင့် အခြား Online Platform များပေါ်တွင် စီးပွားရေးအလို့ငှာ ရောင်းချကြော်ငြာနေသော လုပ်ငန်းအားလုံး မှတ်ပုံတင်ရမည်ဖြစ်ပါသည်။
➡၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်၍
* မှတ်ပုံတင်အသစ် လျှောက်ထားခြင်း
* သက်တမ်းတိုးခြင်း
တို့အတွက် မြေပြင်စစ်ဆေးမှု ပြီးစီးမှသာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။
➡ သက်တမ်းတိုးလိုသူများ
* သက်တမ်းမကုန်မီ ၂ လကြိုတင် လျှောက်ထားနိုင်ပါသည်။
* ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ အသစ်များ တင်ပြရပါမည်။
* သက်တမ်းတိုးစဉ် အချက်အလက်များကို ပြင်ဆင်၍ မရပါ။
* ယခင်မှတ်ပုံတင်အချက်အလက်များ မပြောင်းလဲကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုး၍ ပူးတွဲတင်ပြရပါမည်။
* အချက်အလက်ပြင်ဆင်လိုပါက သက်တမ်းတိုးပြီးနောက်မှသာ ဆောင်ရွက်နိုင်ပါသည်။
📌 Online Shop မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း ဝန်ဆောင်မှုများကို Mr Lawyer Legal Services မှ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
☎ 09 45999 5704
☎ 09 755 037 261
☎ 09 420 939 574
လိပ်စာ - တိုက် -၂၁/၀၁(မလိခအိမ်ယာ)၊ ရတနာလမ်း၊ ဘဝမြင့်မှတ်တိုင်၊ သဃ်န်ကျွန်းမြို့နယ်။