Dream to USA Visa Services

Dream to USA Visa Services 🌏Your Gateway to Global Travel - Professional, Efficient, Experienced, and Transparent

✈️🇬🇧 UK Visitor Visa Tips 🇬🇧✈️💡 Did you know?Cover Letter တစ်စောင်ဟာ သင့်ရဲ့ UK Visitor Visa Application အတွက် အလွန်အရေး...
28/09/2025

✈️🇬🇧 UK Visitor Visa Tips 🇬🇧✈️

💡 Did you know?
Cover Letter တစ်စောင်ဟာ သင့်ရဲ့ UK Visitor Visa Application အတွက် အလွန်အရေးကြီးပါတယ်။

📌 Cover Letter မှာပါသင့်တဲ့အချက်များ

✅ ခရီးသွားရသည့် ရည်ရွယ်ချက် (Tour, Graduation, Business trip, Family visit စသည်)
✅ ခရီးသွားမည့်နေ့ရက် နဲ့ အစီအစဉ် အတိအကျ
✅ သင့်ရဲ့ အလုပ်အကိုင် / စီးပွားရေး အခြေအနေ နဲ့ ဝင်ငွေအထောက်အထား
✅ မိမိနေရပ်နိုင်ငံကိုပြန်လာပါမယ်ဆိုတဲ့အထောက်အထားများ (job, family, property, study commitment)
✅ ခရီးစ‌ဥ်အသုံးစရိတ်ကို ဘယ်လိုကျခံမလဲ (self-funded or sponsored)

👉 ဒီအချက်အလက်တွေကို သေချာ‌လေးထည့်ပေးထားတဲ့ Cover Letter ကိုပါတွဲပြီးတင်ပေးမယ်ဆိုရင်
Visa Officer အနေနဲ့ သင့်ရဲ့travel plan ကို ပိုမိုလွယ်ကူစွာနားလည်နိုင်ပြီး
Visa Approval Chance ပိုမြင့်လာနိုင်‌ပါတယ်။ ✅

✨ အောင်မြင်တဲ့ Visa Application အတွက် အကြံဉာဏ်နဲ့ လိုအပ်တဲ့ အကူအညီလိုရင် 👉 Dream to USA Visa Services ကို ဆက်သွယ်လိုက်ပါ‌နော်။



Dream to USA Visa Services
☎️ 09954709901

✅ US CR1 Visa Approved 🥳💞(Conditional Resident Visa)🇺🇸 US မှာရှိတဲ့ အမျိုးသားနဲ့အတူ ရာသက်ပန်အတူတကွနေထိုင်သွားဖို့အတွက် C...
27/09/2025

✅ US CR1 Visa Approved 🥳💞(Conditional Resident Visa)

🇺🇸 US မှာရှိတဲ့ အမျိုးသားနဲ့အတူ ရာသက်ပန်အတူတကွနေထိုင်သွားဖို့အတွက် CR1 Spouse Visa တင်ထားတဲ့အမ Visa ရရှိပါပြီ။

🇺🇸 CR1 Visa ဆိုတာ အမေရိကန်နိုင်ငံသားနဲ့လက်ထပ်ပြီးနောက် အိမ်ထောင်ဖက်အဖြစ်နဲ့ အမေရိကန်နိုင်ငံထဲ‌မှာ အမြဲတမ်းအလုပ်လုပ်ကိုင် နေထိုင်သွားဖို့အတွက် လျှောက်ရတဲ့ Immigrant Visa အမျိုးအစားဖြစ်ပါတယ်။

🇺🇸 အမှန်တကယ်လက်ထပ်ထားကြောင်း အိမ်ထောင်ဖက်အစစ်အမှန်ဖြစ်ကြောင်းအထောက်အထားတွေပြရပါတယ်။ မည်သည့်နိုင်ငံမည်သည့်နေရာဒေသမှာမဆို လက်ထပ်ထားနိုင်ပြီး တရားလက်ထပ်ထားတဲ့လက်ထပ်စာချုပ်ကိုပြသနိုင်ရင် ဗီဇာစတင်လျှောက်ထားလို့ရပါပြီ။

🇺🇸 လက်ထပ်ထားတဲ့အချိန်ကာလပေါ်မူတည်ပြီး လက်ထပ်ထားတဲ့သက်တမ်း ၂နှစ်အောက်ဘဲရှိသေးတယ်ဆိုရင် CR1 Visa ကိုလျှောက်ထားနိုင်ပြီး ၂နှစ်အထက်ကြာခဲ့ပြီဆိုရင်တော့ IR1 (Immediate Relative) Visa ကိုလျှောက်ထားနိုင်ပါတယ်။

🇺🇸 Petition ကို US ကရှေ့နေ့ကတင်ပေးထားတာဖြစ်ပြီး Petition Approved ဖြစ်ပြီးတဲ့နောက် အမေရိကန်သံရုံးမှာအင်တာဗျူးဝင်ဖို့အတွက် ယူဆောင်သွားရမယ့်စာရွက်စာတမ်းတွေပြင်ဆင်ပေးတာ၊ နိုတြီပြန်ပေးတာ၊ အကြံဉာဏ်ပေးတာ၊ အင်တာဗျူးမေးခွန်းတွေလေ့ကျင့်ပြင်ဆင်ပေးတာ စတဲ့ ဝန်ဆောင်မှုတွေကို ဆောက်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

🇺🇸 US အလည်ဗီဇာ၊ ကျောင်းသားဗီဇာတွေပိတ်လိုက်လို့ ၎င်းဗီဇာတွေအတွက်ဝန်ဆောင်မှုတွေကို ရပ်နားထားရပေမယ့် Immigrant Visa တွေဖြစ်တဲ့ K-1, CR1, IR1 နဲ့ မိသားစုကိုခေါ်တဲ့ဗီဇာအမျိုးအစားတွေအတွက် သံရုံးအင်တာဗျူးဝင်ဖို့ Service တွေဆက်လက်ပေးနေပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။ 🥳

Dream to USA Visa Services
☎️ 09-954709901

UK Visitor Visa Approved from VFS Yangon 🎉🇬🇧🇬🇧 UK မှာ‌ရှိတဲ့ဆွေမျိုးတွေဆီ အလည်သွားဖို့အတွက် ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတဦ...
22/09/2025

UK Visitor Visa Approved from VFS Yangon 🎉🇬🇧

🇬🇧 UK မှာ‌ရှိတဲ့ဆွေမျိုးတွေဆီ အလည်သွားဖို့အတွက် ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတဦးကို UK Visitor Visa လျှောက်ပေးဖြစ်ပါတယ်။

🇬🇧 Invitation Letter နဲ့တကွ လျှောက်ထားခဲ့တာဖြစ်ပြီး Applicant ဘက်မှလည်း Travel of Purpose, Financial Proof, နဲ့ အခြားသော Supporting Documents တွေကိုပြင်ဆင်ခဲ့ပါတယ်။

🇬🇧 VFS Yangon မှာဘဲ Standard Visa Processing Time နဲ့ဘဲလျှောက်ထားခဲ့တာဖြစ်ပါတယ်။

🇬🇧 August 28th မှာ Biometric Appointment ယူခဲ့ပြီး Visa Approved Mail ကိုတော့ September 12th မှာရရှိခဲ့ပါတယ်။

🇬🇧 Visa နဲ့ပတ်သတ်ရင် အမြဲယုံကြည်စိတ်ချစွာနဲ့အလုပ်အပ်ပေးတဲ့အမကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။🙏

🇬🇧 သာယာပျော်ရွှင်ဖွယ်ကောင်းသော အလည်အပတ်ခရီးစဉ်လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။ 🥳

✅ UK Visitor Visa နဲ့ကျောင်းသားဗီဇာလျှောက်ချင်တယ်ဆိုရင် အသေးစိတ်ပြင်ဆင်ပြီး ဆောင်ရွက်ပေးတာမို့ ဆက်သွယ်နိုင်ပါတယ်နော်။




Dream to USA Visa Services
☎️ 09-954709901

🇨🇦 Canada နိုင်ငံ Thunder Bay မှာရှိတဲ့ Lakehead University မှာ Psychology Major ကိုသွားရောက်ပညာသင်ကြားမယ့်ကျောင်းသူလေးအ...
21/09/2025

🇨🇦 Canada နိုင်ငံ Thunder Bay မှာရှိတဲ့ Lakehead University မှာ Psychology Major ကိုသွားရောက်ပညာသင်ကြားမယ့်ကျောင်းသူလေးအတွက် Canada Study Permit လျှောက်ပေးဖြစ်ပါတယ်။

🇨🇦 ကျောင်းရွေးချယ်တာ၊ ကျောင်းလျှောက်တာ၊ ဆေးစစ်တာ၊ ကျောင်းကို School Fees Deposit သွင်းတာကစလို့ စာရွက်စာတမ်းတွေအသေးစိတ်ပြင်ဆင်ကာ ဗီဇာလျှောက်ပြီး Biometric Appointment ရတဲ့အထိ All-in-one service ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။

🇨🇦 Canada Study Permit နဲ့ အလည်ဗီဇာလျှောက်ထားဖို့အတွက် ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုလိုအပ်တယ်ဆိုရင် ဆက်သွယ်နိုင်ပါတယ်နော်။




Dream to USA Visa Services
09-954709901

✈️✈️တရုတ်နိုင်ငံကို ခရီးသွားဖို့ အစီအစဥ်ရှိနေပါသလား? ဒါဆိုရင်တော့ ဗီဇာလျှောက်ဖို့အတွက် Dream to USA Visa Services ကိုဘဲ ...
06/07/2025

✈️✈️တရုတ်နိုင်ငံကို ခရီးသွားဖို့ အစီအစဥ်ရှိနေပါသလား? ဒါဆိုရင်တော့ ဗီဇာလျှောက်ဖို့အတွက် Dream to USA Visa Services ကိုဘဲ သတိရလိုက်တော့နော် ✈️✈️

🔰ဇွန်လ ၃၀ရက်နေ့ နောက်ပိုင်းကစပြီး တရုတ်ဗီဇာလျှောက်တဲ့စနစ်ကို မြန်မာနိုင်ငံတရုတ်သံရုံးဘက်ကနေ အပြောင်းအလဲလုပ်ထားတာကြောင့် Official Website မှာ အကောင့်အရင်ဖွင့်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို System မှာ အရင်တင်ပေးဖို့လိုပါတယ်။

🔰အဲ့ဒီအတွက် System နဲ့ရင်းနှီးကျွမ်း၀င်မှုမရှိသေးတဲ့သူ၊ စာရွက်စာတမ်းကိုဘယ်လိုတင်ရမလဲဆိုတာ မသိသေးတဲ့ချစ်မိတ်ဆွေတွေအတွက် ဗီဇာလျှောက်တဲ့အချိန်မှာ မှားယွင်းလွဲချော်သွားတာတွေ မဖြစ်ရလေအောင် Dream to USA Visa Services က စိတ်ရှည်ပြီး ကျွမ်းကျင်တဲ့ Team Members တွေက ကူညီဆောင်ရွက်ပေးသွားမှာပါ။

🔰အလည်ဗီဇာလျှောက်မယ်ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ -

၁. ဘဏ်စာအုပ်မိတ္တူ
၂. Bank Statement & Certificate (သိန်း ၂၀အောက်မလျှော့ဘဲ ၃လတိတိထည့်ထားရန်)
၃. အိမ်ထောင်စုစာရင်း
၄. မှတ်ပုံတင်
၅. Passport စာအုပ်
၆. အသွားအပြန်လေယာဥ်လက်မှတ် Booking
၇. ဟိုတယ် Booking
၈. 1.5 x 2 လက်မပတ်လည်နောက်ခံအဖြူတွင် ရိုက်ထားသော ဓာတ်ပုံ
၉. ဗီဇာလျှောက်လွှာဖောင်
၁၀. ဗီဇာကြေး - US$37 (Single Entry)

📌ဗီဇာလျှောက်ထားမှုလုပ်ငန်းစဥ်အတွက် ကြာချိန်ကတော့ ၄ရက်ဖြစ်ပါတယ်။

📌အရေးတကြီးခရီးသွားစရာရှိလို့ ဗီဇာအမြန်လိုအပ်တယ်ဆိုရင်တော့ အမြန်ကြေး US$25 ကို သံရုံးထံတရား၀င် ထပ်ဆောင်းပေးဖို့လိုပါတယ်။

📢အလည်ဗီဇာအပြင် တရုတ်နိုင်ငံမှာရှိတဲ့မိသားစုနဲ့တွေ့ဆုံဖို့၊ ပညာသင်ကြားဖို့၊ စီးပွားရေးအလုပ်ကိစ္စသွားရောက်ဆွေးနွေးလုပ်ကိုင်ဖို့အတွက် Family Visa, Student Visa, Business Visa တို့အတွက်လည်း ၀န်ဆောင်မှုရှိပါတယ်။ ဒီဗီဇာအမျိုးအစားတွေအတွက် အသေးစိတ်အချက်အလက်တွေကို ဖုန်းဆက်ပြီးတော့လည်းမေးနိုင်သလို Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

📢ရုံးခန်းလည်းဖွင့်ထားတာမို့ ရုံးချိန်ဖြစ်တဲ့ နံနက် ၁၀ - ညနေ ၅ နာရီအတွင်းမှာ လူကိုယ်တိုင်လည်းလာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။ 1နာရီခန့် ကြိုတင်ပြီး Appointment ယူပြီး လာမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။

✅ဗီဇာဖောင်ဖြည့်တာ၊ လိုအပ်တဲ့စာရွက်စာတမ်းစီစဥ်ပေးတာ၊ လေယာဥ်လက်မှတ်ဘွတ်ကင်၊ ဟိုတယ်ဘွတ်ကင်၊ ခရီးစဥ်အသေးစိတ်စီစဥ်တာ၊ ဗီဇာရဖို့အတွက် လိုအပ်ချက်မရှိအောင်အသေးစိတ်စနစ်တကျပြင်ဆင်ပေးတဲ့ ၀န်ဆောင်မှုတွေကို တနေရာတည်းမှာဘဲ စိတ်ချမ်းချမ်းသားသာနဲ့ ရရှိနိုင်အောင် စီစဥ်ပေးထားတာမို့ တရုတ်ဗီဇာလျှောက်မယ်ဆိုရင် Dream to USA Visa Services ကိုဘဲ ဆက်သွယ်လိုက်ပါနော်။



Dream to USA Visa Services
☎️09-954709901

နိုင်ငံခြားကိုခရီးသွားဖို့အတွက် ဗီဇာလည်းလျှောက်ပြီးပြီ၊ လေယာဥ်လက်မှတ်လည်း၀ယ်ပြီးပြီ၊ ဟိုတယ်လည်းစီစဥ်ပြီးပြီ၊ အထုပ်လည်းပြ...
03/07/2025

နိုင်ငံခြားကိုခရီးသွားဖို့အတွက် ဗီဇာလည်းလျှောက်ပြီးပြီ၊ လေယာဥ်လက်မှတ်လည်း၀ယ်ပြီးပြီ၊ ဟိုတယ်လည်းစီစဥ်ပြီးပြီ၊ အထုပ်လည်းပြင်ပြီးပြီ ဆိုသူတွေအတွက် မေးခွန်းလေးတခုရှိပါတယ် 🔎

Arrival Form ကော ဖြည့်ပြီးပြီလား??????

🔰ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို ခရီးသွားမယ်ဆိုရင် ဗီဇာကင်းလွတ်ခွင့်နဲ့ဘဲသွားသွား၊ အလည်ဗီဇာ၊ ကျောင်းသားဗီဇာ၊ စီးပွားရေးဗီဇာ ဘာနဲ့ဘဲသွားသွား မိမိခရီးမသွားခင် ၃ရက်အလိုမှာ သက်ဆိုင်ရာနိုင်ငံရဲ့ Arrival Form ကိုကြိုတင်ပြီး မဖြစ်မနေဖြည့်ပေးရပါတယ်။

🔰ဖောင်ကိုမဖြည့်ထားမိရင် လေဆိပ် Immigration ရောက်တဲ့အခါမှာအခက်အခဲဖြစ်နိုင်ပြီး အဲ့ဒီကိုရောက်မှ ဖောင်ဖြည့်နေရတာမျိုးဖြစ်နိုင်တဲ့အတွက် ခရီးစဥ်ကိုလည်းကြန့်ကြာစေနိုင်သလို နိုင်ငံအတွင်းကို၀င်ရောက်ဖို့လည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

🔰သက်ဆိုင်ရာနိုင်ငံတွေရဲ့ Immigration Counter တွေဆီသွားတဲ့လမ်းတစ်လျှောက်မှာလည်း ဖောင်တွေကိုဖြည့်လာဖို့ စာကပ်ထားရုံသာမက၊ LED ဆိုင်းဘုတ်တွေ နဲ့ TV Screen တွေပေါ်မှာလည်း သေချာလေးတိုက်တွန်းထားတာကိုတွေ့ရပါတယ်။

🔰မိသားစုလိုက်ခရီးထွက်တဲ့သူတွေအနေနဲ့ ကလေးမှအစလူကြီးအဆုံး လူတိုင်းအယောက်စီတိုင်း Arrival Form ကိုဖြည့်ရမှာဖြစ်ပါတယ်။

🔰Arrival Form ကို ဖြည့်ရတာမခက်ခဲသလို အချိန်လည်းအများကြီးပေးစရာမလိုပါဘူး။

🔰မိမိရဲ့ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ နာမည်၊ မွေးနေ့၊ မွေးရပ်မြို့၊ ပတ်စပို့နံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ဗီဇာနံပါတ် တွေအပြင် နိုင်ငံအတွင်းသို့၀င်ရောက်မယ့်နေ့၊ ပြန်လည်ထွက်ခွာမယ့်နေ့၊ တည်းခိုမယ့်နေရာ၊ အသုံးပြုမယ့်ခရီးစဥ်လမ်းကြောင်းတွေဖြစ်တဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေယာဥ် စတဲ့အချက်အလက်တွေကိုပါ ဖြည့်ပေးရပါတယ်။

🔰အချက်အလက်တွေ မှားယွင်းမှုမရှိအောင် သေချာလေးဖြည့်ဖို့တော့လိုပါမယ်နော်။

🔰ဖောင်ဖြည့်ပြီးမှ ခရီးစဥ်အပြောင်းအလဲရှိသွားတယ်ဆိုရင်လည်း Update ပြန်လည်ပြုလုပ်နိုင်ပါတယ်။

🔰ဒီဖောင်တွေကို Travel & Tour ကနေတဆင့် လေယာဥ်လက်မှတ်၀ယ်ယူတာမျိုးတွေပြုလုပ်ထားတယ်၊ ဗီဇာလျှောက်တဲ့၀န်ဆောင်မှုတွေရယူထားတယ်ဆိုရင် တချို့ Travel & Tour တွေက အခမဲ့ဖြည့်ပေးပါတယ်။

🔰 မိမိခရီးသွားမယ့်ရက် ၃ရက်မတိုင်ခင်မှာဖြည့်ဖို့ကိုတော့ ကိုယ်ကလည်းမှတ်ထားဖို့လိုသလို ဖြည့်ပေးမယ့်တာ၀န်ရှိသူကိုလည်း သတိပေးဖို့လိုပါမယ်။

🔰ကိုယ်တိုင်ဖြည့်ချင်တယ်ဆိုရင်လည်း ပတ်စပို့၊ ဗီဇာစာမျက်နှာ၊ လေယာဥ်လက်မှတ်၊ ဟိုတယ်ဘွတ်ကင်စာမျက်နှာတို့မှာ ပါ၀င်တဲ့အချက်အလက်တွေကိုကြည့်ပြီး ဖြည့်လိုက်ရုံပါဘဲ။

🔰ဖြည့်ပြီးတာနဲ့ System ကနေ Document ကို Download လုပ်လို့ရသလို Email ထဲကိုလည်းပို့ပေးပါတယ်။ ဖုန်းထဲမှာသိမ်းထားလို့လည်းရသလို Print ထုတ်သွားလို့လည်းရပါတယ်။

📌📌📌 နိုင်ငံအလိုက်ဖြည့်ရမယ့် Official Form Link တွေကိုဖော်ပြပေးလိုက်ပါတယ်။

✅Thailand – Thailand Digital Arrival Card (TDAC)

Link: https://tdac.immigration.go.th/arrival-card/ #/home

✅Singapore – ICA Arrival Card

Link: https://eservices.ica.gov.sg/sgarrivalcard/fvipa

✅Malaysia – Malaysia Digital Arrival Card

Link: https://imigresen-online.imi.gov.my/mdac/main

✅Indonesia – e-CD (Electronic Customs Declaration)

Link: https://ecd.beacukai.go.id/

ကိုယ့်ရဲ့အားလပ်ချိန်တွေကို တန်ဖိုးရှိရှိနဲ့ပျော်ရွှင်စွာအသုံးချမယ့် နိုင်ငံတကာခရီးသွားတွေကို Immigration မှာအဟန့်အတားမဖြစ်စေဖို့အတွက် Arrival Form လေးတွေဖြည့်ဖို့ မမေ့ဖို့ စေတနာနဲ့တိုက်တွန်းလိုက်ပါတယ်နော် 🎉🎉🎉

Dream to USA Visa Services
☎️ 09-954709901

🎉မလေးရှားကိုအလည်သွားဖို့အတွက် စဥ်းစားနေပြီလား? Malaysia E-visa ကို ၃ရက်အတွင်း ရယူနိုင်ပါပြီနော် 🎉✅မြန်မာပတ်စပို့ကိုင်ဆော...
01/07/2025

🎉မလေးရှားကိုအလည်သွားဖို့အတွက် စဥ်းစားနေပြီလား? Malaysia E-visa ကို ၃ရက်အတွင်း ရယူနိုင်ပါပြီနော် 🎉

✅မြန်မာပတ်စပို့ကိုင်ဆောင်ထားသူတွေအနေနဲ့ မလေးရှားကို အလည်သွားမယ်ဆိုရင် ဗီဇာကင်းလွတ်ခွင့်မရရှိတဲ့အတွက် ဗီဇာလျှောက်ဖို့လိုအပ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံသားတွေအတွက် ထူးထူးခြားခြား ဗီဇာလိုတဲ့နိုင်ငံဖြစ်ပါတယ်။

✅ဒါပေမယ့် ဗီဇာလျှောက်ဖို့အတွက် အဆင့်တွေအများကြီးမလိုအပ်ဘဲ အချိန်တိုလေးအတွင်းမှာဘဲ ဗီဇာရနိုင်ပါတယ်။

✅ဒီအတွက် ဗီဇာဖောင်ကိုသေသေချာချာဖြည့်ပေးပြီး စာရွက်စာတမ်းတွေကို စနစ်တကျတင်ပေးမယ့်အေဂျင်စီနဲ့အတူ ဗီဇာလျှောက်မယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဗီဇာရဖို့ကျိန်းသေသလောက်ဖြစ်နေပါပြီ။

✅E-Visa ဖြစ်တဲ့အတွက် ဖောင်ဖြည့်တာ၊ စာရွက်စာတမ်းတင်တာ၊ ဗီဇာကြေးသွင်းတာ၊ ဗီဇာရယူတာတွေအကုန်လုံးကို အွန်လိုင်းကနေ အဆင့်ဆင့် လုပ်ဆောင်သွားရုံပါဘဲ။ မိမိရရှိတဲ့ E-visa စာရွက်ကို ဖုန်းထဲမှာ Digital File အနေနဲ့ သိမ်းထားနိုင်သလို print ထုတ်သွားပြီး လေဆိပ်မှာပြလိုက်ရုံနဲ့ မလေးရှားနိုင်ငံထဲကို အလွယ်တကူ၀င်ရောက်နိုင်ပါပြီ။

🔰ဗီဇာလျှောက်မယ်ဆိုရင် လိုအပ်တဲ့စာရွက်စာရွက်တွေကတော့

1. Passport
2. Photo 3.5cmx5cm အဖြူရောင်နောက်ခံ
3. အိမ်ထောင်စုဇယား (မူရင်းနှင့်နိုတြီ)
4. မှတ်ပုံတင် (မူရင်းနှင့်နိုတြီ)
5. လေယာဥ်လက်မှတ်အသွားအပြန် (၀ယ်ယူပြီး)
6. Hotel Booking (၀ယ်ယူပြီး)
7. Bank Statement (သိန်း ၃၀ ၀န်းကျင်ခန့်အနည်းဆုံးရှိရန်)
8. အလုပ်အကိုင် နဲ့ ၀င်ငွေအထောက်အထားပြစာရွက် တို့လိုအပ်ပါတယ်။

🔰လျှောက်ထားနိုင်သော အလည်ဗီဇာအမျိုးအစားများ

📌Single Entry >>> ရက်ပေါင်း ၃၀ နေထိုင်ခွင့်
📌Multiple Entry >>> ၆လအတွင်း ၁ကြိမ်လျှင် ရက်ပေါင်း ၃၀နေထိုင်နိုင်ပြီး အကြိမ်ကြိမ်၀င်ရောက် နေထိုင်ခွင့်

🔰မလေးရှားဗီဇာနဲ့ပတ်သတ်ပြီး သိကောင်းစရာများ

• ပုံမှန်အားဖြင့် Visa ရ/မရ ကို သုံးရက် မှ ငါးရက်အတွင်းသိရပါသည်။ (စနေ၊ တနင်္ဂနွေ မပါ၀င်ပါ)
• ခရီးသွားမယ့်ရက်မတိုင်ခင် ၂ပတ်ခန့် ကြိုတင်ပြီး လျှောက်ထားဖို့တော့လိုပါတယ်။
• သံရုံးမှာ လူကိုယ်တိုင်ဗီဇာသွားလျှောက်စရာမလိုတဲ့ E-visa အမျိုးအစားဖြစ်ပါတယ်။
• တခါတရံမှာတော့ လူတွေ့အင်တာဗျူးခေါ်တတ်ပါတယ်။ အင်တာဗျူးခေါ်ရင်တော့ သံရုံးကိုဗီဇာလျှောက်ထားသူကိုယ်တိုင် အင်တာဗျူးသွားရောက်ဖြေဆိုရပါမယ်။
• မိမိရရှိထားသော E-visa အစစ်အမှန်ဟုတ်/မဟုတ်ကို Official Website မှာ စစ်ဆေးနိုင်ပါတယ်။

🔰မလေးရှားဗီဇာ၀န်ဆောင်မှုကိုအပ်လိုက်တာနဲ့ ဒီ၀န်ဆောင်မှုတွေကို ရရှိမှာပါနော်

✅E-visa Account ဖွင့်ပေးပြီး Application Form ဖြည့်ပေးခြင်း။
✅လိုအပ်သောစာရွက်စာတမ်းများကို စနစ်တကျတင်ပေးခြင်း။
✅လေယာဥ်လက်မှတ် နှင့် ဟိုတယ်ဘွတ်ကင်များ စီစဥ်ပေးခြင်း။
✅ခရီးစဥ်အစီအစဥ် ရေးဆွဲပေးခြင်း။
✅Statement of Travel Purpose ပြင်ဆင်ပေးခြင်း။
✅ဗီဇာကြေးသွင်းပေးခြင်း။
✅Visa Status အခြေအနေ နှင့် သံရုံးမှညွှန်ကြားချက်များကို စောင့်ကြည့်ပေးခြင်း။
✅အင်တာဗျူး၀င်ရန် ဆင့်ခေါ်ခြင်းခံရပါက အင်တာဗျူးအမေးအဖြေများ ပြင်ဆင်ပေးခြင်း။
✅ဗီဇာရရှိပါက မဖြစ်မနေဖြည့်ရသော Malaysia Digital Arrival Card Form ကိုဖြည့်ပေးခြင်း။

📌ဒီလိုတနေရာတည်းမှာ ၀န်ဆောင်မှုအကုန်လုံးကို ရမှာဖြစ်လို့ မိတ်ဆွေအနေနဲ့ စိတ်အေးချမ်းသာစွာနဲ့ ဗီဇာလျှောက်ခွင့်ရမှာဖြစ်ပါတယ်။

📌ရန်ကုန်မှာဘဲနေနေ၊ နယ်မှာဘဲနေနေ၊ ဘယ်မှာဘဲရှိနေပါစေ မလေးရှားဗီဇာကို အချက်အလက်တချို့ပေးရုံနဲ့ အိမ်ထဲက အိမ်အပြင်မထွက်ဘဲ လျှောက်လို့ရတာမို့ 09-954709901 Viber ကို ဆက်သွယ်ပြီး ဗီဇာလျှောက်နိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်နော်

📌ဗီဇာလျှောက်တဲ့အခါမှာ လိုအပ်ချက်ဆိုတာမရှိရလေအောင် ၀န်ဆောင်မှုပေးမှာမို့ မလေးရှားအလည်သွားဖို့ အစီအစဥ်ရှိတယ်ဆိုရင် အမြန်ဆုံးဆက်သွယ်လိုက်ပါနော်။

☎️09-954709901

⚠️⚠️⚠️  US ကျောင်းသားဗီဇာလျှောက်ထားတဲ့ ကျောင်းသားများအတွက် အရေးကြီးအသိပေးချက်ℹ️ Trump အစိုးရက အမေရိကန်မှာကျောင်းလာတက်မယ့...
29/05/2025

⚠️⚠️⚠️ US ကျောင်းသားဗီဇာလျှောက်ထားတဲ့ ကျောင်းသားများအတွက် အရေးကြီးအသိပေးချက်

ℹ️ Trump အစိုးရက အမေရိကန်မှာကျောင်းလာတက်မယ့် နိုင်ငံတကာကျောင်းသားတွေရဲ့ Social Media တွေကို စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းတွေတက်လာတာ အားလုံးသိပြီးလောက်ကြပြီထင်ပါတယ်။

ℹ️ဗီဇာလုပ်ငန်းစဉ်ကို ပိုမိုတင်းကြပ်လာစေတဲ့ မူဝါဒအသစ်တွေကို ချမှတ်လာတာဖြစ်ပြီး ဒီအတွက် ပြင်ဆင်မှုတွေကို ပြုလုပ်နေတာကြောင့် Visa Interview Appointment အသစ်ထုတ်ပေးမှုတွေကို ယာယီရပ်တန့်ထားဖို့ နိုင်ငံတကာမှာရှိတဲ့ အမေရိကန်သံရုံးတွေကို ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။

ℹ️ သံရုံးတွေအနေနဲ့ ဗီဇာအင်တာဗျူးရက်ချိန်းအသစ်တွေကို ထပ်မထုတ်ပေးဖို့နဲ့ Visa Appointment ရပြီးသားကျောင်းသားတွေကိုသာ ဗီဇာအင်တာဗျူးကို ဖြေဆိုခွင့်ရမယ်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။

🎯 ဒီအတွက် ကျောင်းသားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့်အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။

✅ ဆိုရှယ်မီဒီယာအကောင့်များကို ရှင်းလင်းထားပါ။

အကောင့်ထဲမှာ နိုင်ငံရေးနဲ့မကင်းလွတ်တဲ့၊ US အတွက် သံသယဖြစ်ဖွယ်ကောင်းတဲ့ အကြောင်းအရာ သတင်းအချက်အလက်တွေကို ရှယ်ထားတာ၊ ပို့စ်တင်ထားတာ၊ Like, follow, subscribe လုပ်ထားတဲ့ page တွေ channel တွေကို လတ်တလောမှာ Unfollow, Unsubscribe ပြုလုပ်ထားပါ။

✅ မိမိလျှောက်ထားတဲ့ကျောင်းမှ International
Student Office ကိုဆက်သွယ်ပါ။

ပြောင်းလဲမယ့်မူ၀ါဒတွေနဲ့ပတ်သတ်ပြီး ကိုယ့်အပေါ်ကို ဘယ်လိုသက်ရောက်မှုတွေရှိမလဲဆိုတာကို ကျောင်းကို တိုက်ရိုက်မေးခြင်းက ပိုပြီးတိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေကိုရနိုင်ပါတယ်။

✅ ဗီဇာနဲ့ပတ်သတ်တဲ့စာရွက်စာတမ်းတွေကို တိကျခိုင်မာအောင် ကြိုတင်ပြင်ဆင်ထားပါ။

US Visa ဟာ အင်တာဗျူးစနစ်နဲ့သွားတဲ့အတွက်ကြောင့် အခြားနိုင်ငံတွေလို စာရွက်စာတမ်းတွေကိုသိပ်မကြည့်ပေမယ့် အခုပြောင်းလဲမယ့်မူ၀ါဒအသစ်မှာတော့ စာရွက်စာတမ်းနဲ့ပတ်သတ်ပြီး ပိုမိုစစ်ဆေးတာတွေကို ပြုလုပ်လာနိုင်တာကြောင့် ကျောင်းခေါ်စာ၊ DS160 Form, Financial Proof, နိုင်ငံတကာကိုခရီးသွားထားတဲ့မှတ်တမ်းတွေ စတဲ့ ကိုယ့်ရဲ့ US Visa လျှောက်ထားမှုကို အထောက်အပံ့ကောင်းပေးနိုင်မယ့်စာရွက်စာတမ်းတွေကို ပြင်ဆင်ထားသင့်ပါတယ်။

✅ စောင့်ဆိုင်းနေရတဲ့ကာလအတွင်းမှာ အချိန်ကို အကျိုးရှိအောင်အသုံးချပါ။ စိတ်ရှည်ပါ။

အခုထုတ်ပြန်ချက်အသစ်ကြောင့် ဗီဇာလျှောက်ထားမှုလုပ်ငန်းစဥ်တွေကြာမြင့်နိုင်မှာဖြစ်တဲ့အတွက် အတန်းပြောင်းသွားနိုင်တာ၊ US ကိုခန့်မှန်းထားတဲ့အချိန်ထက်နောက်ကျပြီးမှ ရောက်တာတွေရှိလာနိုင်တာမို့ အပြောင်းအလဲတွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်။

✅ US ကဲ့သို့ ကမ္ဘာ့ထိပ်တန်းပညာရေးကိုပေးနိုင်တဲ့ နိုင်ငံတွေကိုလည်း စဥ်းစားထားပါ။

US တခုတည်းကဘဲ အကောင်းဆုံးသောပညာရေးစနစ်ကို ပေးနိုင်တာမဟုတ်တဲ့အတွက် US နည်းတူ အဆင့်မြင့်ပညာရေးကိုပေးစွမ်းနိုင်တဲ့ UK, Canada, New Zealand စတဲ့ နိုင်ငံတွေမှာ ပညာသင်ယူလို့ရနိုင်အောင် လိုအပ်တာတွေကို လေ့လာထားလို့ရပါတယ်။

🎀 ဒီအတွက် ဗီဇာနဲ့ပတ်သတ်တဲ့အကြံဉာဏ်တွေ၊ စာရွက်စာတမ်းပြင်ဆင်မှုအပိုင်းတွေနဲ့ UK, Canada, New Zealand နိုင်ငံတွေကို Second Option အနေနဲ့ ရွေးချယ်ထားနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ 09-954709901 ကိုဆက်သွယ်နိုင်ပါတယ်နော်။

Dream to USA Visa Services
09-954709901

🎉 Dream to USA Visa Services မှာ ဂျပန် နဲ့ကိုရီးယား နိုင်ငံများအတွက် အလည်ဗီဇာ၀န်ဆောင်မှုရရှိနေပြီဆိုတာ သတင်းကောင်းလေးပါး...
27/05/2025

🎉 Dream to USA Visa Services မှာ ဂျပန် နဲ့ကိုရီးယား နိုင်ငံများအတွက် အလည်ဗီဇာ၀န်ဆောင်မှုရရှိနေပြီဆိုတာ သတင်းကောင်းလေးပါးပါရစေ 🎉🥰

🌸 ဂျပန် နဲ့ကိုရီးယားနိုင်ငံတွေဆီ အလည်အပတ်သွားဖို့အတွက် ဗီဇာလျှောက်ဖို့ ဘယ်ကနေစလုပ်ရမှန်း မသိဘူးဖြစ်နေတယ်ဆိုရင် ဗီဇာလျှောက်တဲ့လုပ်ငန်းစဥ်အစအဆုံးကို စနစ်တကျနဲ့ ကျွမ်းကျင်မှုရှိရှိလုပ်ဆောင်ပေးမယ့် Dream to USA ရှိနေပါပြီ။

🌸 မိသားစုနဲ့တွေ့ဆုံဖို့၊ အားလပ်ရက်အပန်းဖြေဖို့၊ အထင်ကရနေရာတွေမှာ အမှတ်တရဓာတ်ပုံတွေရိုက်ဖို့၊ စျေး၀ယ်ထွက်ဖို့၊ ဂျပန်နဲ့ကိုရီးယားရဲ့ယဥ်ကျေးမှုကိုလေ့လာဖို့ နဲ့ အရသာရှိလှတဲ့စားစရာတွေကို မြည်းစမ်းဖို့ဆိုရင် အလည်ဗီဇာကိုလျှောက်ရပါမယ်။

🌸 ဒီခရီးစဥ်ကိုအရောက်သွားဖို့အတွက် ပထမဆုံးလုပ်ရမှာကတော့ ဗီဇာရအောင် ပြင်ဆင်ရမှာဘဲဖြစ်ပါတယ်။

🌸 ဗီဇာရဖို့အတွက်ဆိုရင် လုပ်ငန်းစဥ်အဆင့်ဆင့်ဖြစ်တဲ့ ဗီဇာလျှောက်လွှာဖောင်ဖြည့်တာ၊ ဗီဇာအမျိုးအစားမှန်ကန်စွာရွေးချယ်တာ၊ သံရုံးကိုတင်ပြရမယ့်စာရွက်စာတမ်းတွေကို စနစ်တကျပြင်ဆင်တာ ၊ သံရုံးကို၀င်ရောက်ဖို့အတွက် Appointment System တွေနဲ့ လိုအပ်ချက်တွေကိုလေ့လာတာ စတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

🌸 ဒီအတွက် Dream to USA Visa Services ကိုရွေးချယ်အပ်နှံလိုက်မယ်ဆိုရင် ခရီးသည်အနေနဲ့ တစ်နေရာတည်းမှာ ၀န်ဆောင်မှုတွေအကုန်လုံးကိုရရှိပြီး အချိန်ကုန်လူပင်ပငန်းသက်သာစေမှာပါ။

🎯 ၀န်ဆောင်မှုမှာပါ၀င်မှာကတော့ -

✅ ဗီဇာလျှောက်လွှာဖောင်ကို အမှားအယွင်းမရှိအောင် စနစ်တကျဖြည့်ပေးခြင်း။
✅ လိုအပ်တဲ့စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း။ Review ပြုလုပ်ပေးခြင်း။
✅ ဘဏ်ငွေအ၀င်အထွက်စာရင်းနဲ့ ၀င်ငွေရလမ်းကြောင်း အထောက်အထားပြ စာရွက်စာတမ်း များအတွက် အကြံဉာဏ်ပေးခြင်း။ လိုအပ်ပါက ငွေသားအမှန်တကယ်ထည့်ပေးတဲ့ Show Money Service ပြုလုပ်ပေးခြင်း။
✅ ဂျပန်၊ ကိုရီးယား၊ အင်္ဂလိပ် ဘာသာစကားများဖြင့် နိုတြီပြုလုပ်ပေးခြင်း။
✅ သံရုံးအပွိုင့်မန့်ယူပေးခြင်း။
✅ ဗီဇာအတွက်သိမှတ်ထားသင့်သောဗဟုသုတများကို ‌‌ မျှဝေပေးခြင်း။
✅ သံရုံးလူတွေ့အင်တာဗျူးရှိလာခဲ့ပါက ကြိုတင်ပြင်ဆင်ထားနိုင်ရန် အင်တာဗျူးအမေးအဖြေများ ပြုလုပ်ပေးခြင်း။

🎯ဗီဇာလျှောက်တဲ့အခါအထူးသတိပြုရမှာကတော့ -

✅ ဂျပန်နဲ့ကိုရီးယားနိုင်ငံတွေဟာ စာရွက်စာတမ်း ပြည့်စုံတိကျဖို့လိုအပ်ပါတယ်။
✅ ဘဏ်စာရင်း (Bank Statement) နဲ့ ၀င်ငွေရလမ်းကြောင်းပြ (Proof of Income) စာရွက်စာတမ်းတွေဟာ ဗီဇာရဖို့အတွက် အဓိကစာရွက်စာတမ်းတွေဖြစ်တာကြောင့် စနစ်တကျ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
✅ Bank Statement သက်တမ်း ၆လ ရှိထားရမှာဖြစ်ပြီး အနည်းဆုံး သိန်း ၄၀၀ ၀န်းကျင်ခန့်ပြရပါမယ်။ Bank Account ဖွင့်ထားတဲ့သက်တမ်းနည်းပြီး Statement ၁/၂ ကြောင်းရှိရုံဖြင့် ဗီဇာလျှောက်ရင် ဗီဇာရဖို့အခွင့်အလမ်းနည်းတတ်ပါတယ်။
✅ မိမိခရီးသွားမယ့်ကာလမတိုင်ခင် ၁လခန့် ကြိုတင်လျှောက်ထားရပါမယ်။
✅ မိမိရဲ့အရေးကြီးတဲ့အချက်အလက်တွေဖြစ်တဲ့ ပတ်စပို့ထဲက နာမည်စာလုံးပေါင်း၊ မွေးနေ့၊ မွေးရပ်မြို့ စတာတွေဟာ အခြားသောစာရွက်စာတမ်းတွေပေါ်မှာရေးသားထားတာတွေနဲ့ တူညီမှုရှိရပါမယ်။

☎️ ၀န်ဆောင်ခနဲ့လိုအပ်တဲ့စာရွက်စာတမ်းအသေးစိတ်အတွက် 09-954709901 ကို ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါတယ်။

Dream to USA Visa Services
09-954709901

🎉K-1 Visa ဟာ Lawful Permanent Resident (Green Card Holder) ဖြစ်ဖို့အတွက် အမြန်ဆုံးနဲ့ အဆင်အပြေဆုံးလမ်းကြောင်းဆိုတာ သိပြီ...
25/05/2025

🎉K-1 Visa ဟာ Lawful Permanent Resident (Green Card Holder) ဖြစ်ဖို့အတွက် အမြန်ဆုံးနဲ့ အဆင်အပြေဆုံးလမ်းကြောင်းဆိုတာ သိပြီးပြီလား?🎉

🔰K-1 Visa ဆိုတာ အမေရိကန်နိုင်ငံသားချစ်သူနဲ့ လက်ထပ်တဲ့ဗီဇာအမျိုးအစားကိုပြောတာဖြစ်ပါတယ်။ ဗီဇာရပြီးတဲ့နောက် အမေရိကန်နိုင်ငံထဲမှာဘဲ ရက်ပေါင်း ၉၀ အတွင်းမှာ လက်ထပ်ရတဲ့ဗီဇာဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာ I-485 Form နှင့်အတူ Green Card လျှောက်ရမှာဖြစ်ပြီး အမေရိကန်နိုင်ငံထဲမှာ အမြဲတမ်းနေထိုင် အလုပ်လုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။

🔰K-1 Visa လျှောက်ဖို့အတွက် ဒီအချက်အလက်တွေနဲ့ကိုက်ညီရပါမယ်။

✅ မိမိချစ်သူဟာ အမေရိကန်နိုင်ငံသူ/သားဖြစ်ရပါမယ်။
✅ ချစ်သူသက်တမ်း ၂နှစ်ရှိဖို့လိုအပ်ပြီး လူချင်းတွေ့ဆုံထားတာ၊ စကားပြောထားတာ၊ ဓာတ်ပုံအတူတွဲရိုက်ထားတာ စတဲ့ ချစ်သူအစစ်အမှန်ဖြစ်ကြောင်း သက်သေတွေပြနိုင်ရပါမယ်။
✅ လက်ထပ်မယ့်အချိန်မှာ ၂ဦးစလုံးဟာ အိမ်ထောင်ရေးကင်းရှင်းသူတွေဖြစ်ရပါမယ်။ အရင်အိမ်ထောင်ရှိခဲ့ဖူးတယ်ဆိုရင် ကွာရှင်းပြတ်စဲပြီးသားဖြစ်ရပါမယ်။
✅ K-1 Visa လျှောက်မယ့်သူမှာ သားသမီးရှိနေတယ်ဆိုရင် ၄င်းသားသမီးကို K-2 Visa လျှောက်ထားပြီး မိမိနဲ့အတူခေါ်ဆောင်သွားနိုင်ပါတယ်။

🔰K-1 Visa ဗီဇာလျှောက်တဲ့အခါမှာ လုပ်ဆောင်ရမယ့်အပိုင်း ၂ပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ အမေရိကန်နိုင်ငံသားဘက်မှ I-129F Petition Form တင်ပေးရမှာဖြစ်ပြီး National Visa Center (NVC) ကနေ Approved ကျပြီဆိုရင်တော့ ဒုတိယအပိုင်းအနေနဲ့ K-1 Visa လျှောက်ထားသူဟာ အမေရိကန်သံရုံးမှာ အင်တာဗျူး၀င်ဖို့ ပြင်ဆင်ရမှာဘဲဖြစ်ပါတယ်။

🔰NVC Approval Letter ကျလာပြီဆိုတာနဲ့ K-1 Visa Holder အနေနဲ့ DS160 Form ကို ပြည့်စုံမှန်ကန်စွာဖြည့်ရပါမယ်။ ဖြည့်ပြီးရင်တော့ သံရုံးအင်တာဗျူး၀င်ဖို့ မဖြစ်မနေလိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပြင်ဆင်တာ၊ နိုတြီပြန်တာ၊ ရဲစခန်းထောက်ခံစာယူတာ၊ ဆေးစစ်ဖို့အတွက်ရက်ချိန်းယူတာ စတာတွေကို လုပ်ဆောင်ထားရမှာဖြစ်ပါတယ်။

🔰ဗီဇာလျှောက်ထားမှုကြာချိန်အနေနဲ့ ၆လ မှ ၉လ- ၁နှစ်အထိကြာမြင့်နိုင်ပါတယ်။ Case Number ပေါ်မူတည်ပြီး သံရုံးဘက်က “First come, first serve” စနစ်နဲ့သွားတာမို့ မိမိဘက်က စတင်လုပ်ဆောင်ရမယ့်အပိုင်းတွေကို အချိန်မှီမလုပ်ဘူးဆိုရင်တော့ သံရုံးအင်တာဗျူး၀င်ရမယ့်အချိန်ပိုပြီး ကြန့်ကြာသွားတာမျိုး‌ရှိနိုင်ပါတယ်။ Non-immigrant Visa တွေထဲမှာ K-1 ဟာ အခြားဗီဇာအမျိုးအစားနဲ့မတူတဲ့အတွက်ကြောင့် မှားယွင်းသွားတာမျိုးရှိလို့မရပါဘူးနော်။

🔰ဒီအတွက် အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ Visa Service Provider တွေနဲ့အတူ လုပ်ဆောင်မယ်ဆိုရင်တော့ Visa Process နှောင့်နှေးကြန့်ကြာတာ၊ ယူသွားရမယ့်စာရွက်စာတမ်းအမျိုးအစားတွေကိုမသိတာ၊ ဆေးရုံရက်ချိန်းယူတာ၊ အင်တာဗျူးပြင်ဆင်တာ စတဲ့လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေချောမွေ့မှုရှိပြီး အမေရိကန်ပြည်ထောင်စုထဲကို စောနိုင်သမျှအစောဆုံး၀င်ရောက်ခွင့်ရနိုင်မှာပါ။

📌📌📌K-1 Visa အတွက်ရရှိနိုင်သော ၀န်ဆောင်မှုများ
✅ DS160 Form ကို စနစ်တကျဖြည့်ပေးခြင်း။
✅ Additional Form ဖြည့်ပေးခြင်း။
✅ သံရုံးထံအင်တာဗျူးရက်ချိန်းတောင်းပေးခြင်း။ သိလိုသောမေးခွန်းများရှိခဲ့ပါက သံရုံးသို့မေးလ်ပို့ပေးခြင်း။
✅ လိုအပ်သော စာရွက်စာတမ်းများကို စနစ်တကျစုစည်းပြင်ဆင်ပေးခြင်း၊ အကြံဉာဏ်များပေးခြင်း။
✅ ဆေးစစ်ရန်အတွက် ဆမီတ‌‌ေ၀့ဆေးရုံမှ ရက်ချိန်းယူပေးခြင်း။
✅ အင်တာဗျူးအမေးအဖြေများ အသေးစိတ်ပြင်ဆင်ပြီး လေ့ကျင့်ပေးခြင်း။

🎯 October 2024 တုန်းက Dream to USA Visa Services နဲ့ ဝန်ဆောင်မှုရယူပြီး K-1 Visa Approved ဖြစ်ပြီး အခု‌အမေရိကန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်တဲ့ Client တစ်ဦးရဲ့ Application Journey ကိုလည်း နောက်ထပ်ပို့စ်တခုအနေနဲ့တင်ပေးသွားပါမယ်။

📢 K-1 Visa နဲ့ပတ်သတ်ပြီး Free Consultation ပြုလုပ်ပေးတာမို့ ရုံးခန်းမှာ ကိုယ်တိုင်လာရောက်ပြီး ဆွေးနွေးကာ အကြံဉာဏ်ရယူနိုင်ပါတယ်နော် ☺️

"Become a permanent resident through marriage."

Dream to USA Visa Services
☎️09-954709901

Address

Yangon

Telephone

+959954709901

Website

Alerts

Be the first to know and let us send you an email when Dream to USA Visa Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dream to USA Visa Services:

Share