AL-MEZAN-Law Firm

  • Home
  • AL-MEZAN-Law Firm
Call Contact the practice

AL-MEZAN-Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AL-MEZAN-Law Firm, Lawyer & Law Firm, .

09/09/2026

တိုက်ခန်းပိုင်ဆိုင်မှုအတွက် အရေးပါတဲ့ "အိမ်လခပြေစာ"
~~~
Written by Lawyer Min Thein Aung

◼ ဥပဒေအရဆိုရင် မြေပိုင်ဆိုင်တဲ့သူဟာ အဲဒီမြေတင်မကဘဲ မြေပေါ်မှာ စွဲကပ်နေတဲ့ အရာအားလုံးကိုပါ ပိုင်ဆိုင်ပါတယ်။ ဥပမာ ၈ ထပ်တိုက်ကြီး ဆောက်ထားတယ်ဆိုရင် အဲဒီအဆောက်အအုံတစ်ခုလုံးကို မြေရှင်ကပဲ ပိုင်တာပါ။ ဒါဆို တိုက်ခန်းဝယ်တယ်ဆိုတာ ဘာလဲလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ တိုက်ခန်းဝယ်တယ်ဆိုတာ အဆောက်အအုံကို ဝယ်လိုက်တာမဟုတ်ဘဲ အဲဒီတိုက်ခန်းမှာ “နေထိုင်ပိုင်ခွင့်” ကိုသာ တန်ရာတန်ကြေးပေးပြီး ဝယ်ယူလိုက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အခန်းမှာ အခန်းအသစ်ဖွဲ့တာပဲဖြစ်ဖြစ်၊ အကြီးစားပြင်ဆင်မှုတွေ လုပ်တာပဲဖြစ်ဖြစ် အဆောက်အအုံကိုပိုင်တဲ့ မြေပိုင်ရှင်ဆီကနေ ခွင့်ပြုချက် ကြိုတင်ရယူကြရတာပါ။

ဥပဒေရှုထောင့်ကနေ သေချာကြည့်ရင် တိုက်ခန်းဝယ်ယူသူဟာ အဆောက်အအုံ ဒါမှမဟုတ် မြေကို ပိုင်ဆိုင်သူ မဟုတ်ဘဲ “အိမ်ငှား” သာ ဖြစ်ပါတယ်။ မြေရှင်ကတော့ အဲဒီမြေနဲ့ အဆောက်အအုံရဲ့ အဓိကပိုင်ရှင်အဖြစ် ဆက်ရှိနေတုန်းပါပဲ။ ဒီတော့ သူတို့နှစ်ဦးကြားက အိမ်ရှင်-အိမ်ငှား ဆက်သွယ်မှု ခိုင်မာစေဖို့အတွက် တိုက်ခန်းဝယ်ယူနေထိုင်သူတွေဟာ မြေရှင်ကို အိမ်လခတွေ ပေးကြရတာ ဖြစ်ပါတယ်။ မြေရှင်အနေနဲ့လည်း အိမ်လခ လက်ခံရယူတာဟာ တိုက်ခန်းဝယ်ယူနေထိုင်သူရဲ့ ပိုင်ဆိုင်ခွင့် (နေထိုင်ခွင့်) ကို ခိုင်မာအောင် အသိအမှတ်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလို အိမ်လခပေးတာဟာ နေထိုင်သူအတွက်လည်း အများကြီး အကျိုးရှိပါတယ်။ အိမ်လခပေးဆောင်ပြီး ပြေစာကို သေချာသိမ်းဆည်းရယူထားတာဟာ ကိုယ့်အတွက် ‘တရားဝင် အိမ်ငှားဖြစ်ပါတယ်’ ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားကို ရရှိစေပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရဆိုရင် အိမ်လခကို ပုံမှန်ပေးဆောင်နေတဲ့ တရားဝင် အိမ်ငှားတစ်ဦးကို မြေရှင်က အကြောင်းမဲ့သက်သက် အလွယ်တကူ နှင်ချဖယ်ရှားလို့ မရပါဘူး။ ဒါကြောင့် အိမ်လခ ပေးဆောင်နေခြင်းဟာ အပျောက်စနစ်နဲ့ တိုက်ခန်းဝယ်ယူထားသူအတွက် မိမိရဲ့ ရေရှည်နေထိုင်ခွင့်ကို ဥပဒေအရ အကာအကွယ် ရယူထားခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် တိုက်ခန်းဝယ်ယူသူတစ်ဦးအနေနဲ့ မြေရှင်ရဲ့ အသိအမှတ်ပြုမှုကို ရယူထားတာဟာ ဥပဒေရဲ့ အကာအကွယ်ကို ရယူလိုက်တာပါပဲ။

နောက်တစ်ချက်ကတော့ မြေနဲ့ အဆောက်အအုံ ပိုင်ရှင်အနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုကို စီမံခန့်ခွဲတာဟာ သူ့ရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ခန်းအရောင်းအဝယ်တွေမှာ ဝယ်ယူသူကို အသိအမှတ်ပြုပေးဖို့အတွက် အသိအမှတ်ပြုလက်မှတ်ထိုးခ (အမည်ပြောင်းခ) ယူတာမျိုးဟာ သူတို့ရဲ့ အခွင့်အရေးတစ်ခုလို ဖြစ်နေတာပါ။ ဒါပေမယ့် ဥပဒေမှာတော့ အိမ်ငှားအဖြစ် အသိအမှတ်ပြုပေးဖို့အတွက် မြေနဲ့အဆောက်အအုံပိုင်ရှင်ကို ငွေဘယ်လောက်ပေးရမယ်ဆိုတဲ့ တိကျတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တော့ မရှိပါဘူး။ မြေရှင်သဘောတူရင် တစ်ပြားတစ်ချပ်မှ မယူဘဲ အသိအမှတ်ပြုပေးလို့လည်း ရပါတယ်။

(အောက်ကပုံကတော့ တိုက်ခန်းအပျောက်စနစ်နဲ့ ဝယ်ယူနေထိုင်သူတစ်ဦးက အိမ်လခတွေပေးသွင်းပြီးတဲ့အခါ အိမ်ရှင်/မြေရှင်ကနေ ထုတ်ပေးထားတဲ့ အိမ်လခပြေစာလေးပဲ ဖြစ်ပါတယ်။)

အားလုံးကို ကျေးဇူးတင်ပါတယ်။
_______________
#အိမ်ခြံမြေ #တိုက်ခန်းအရောင်းအဝယ် #တိုက်ခန်း #အိမ်ရှင်အိမ်ငှား

21/08/2026
04/08/2026

"ခရစ်ယာန်ဘာသာဝင်များ ကွာရှင်းခြင်း နဲ့ ပတ်သက်ပြီး ဥပဒေက ဘာပြောထားသလဲ?"

ခရစ်ယာန်ဘာသာမှာ အိမ်ထောင်ရေးကို သန့်ရှင်းမြင့်မြတ်တဲ့ ပဋိညာဉ်တစ်ခုအဖြစ် သတ်မှတ် ထားပါတယ်။ “ယောင်္ကျားသည် မိဘကိုစွန့်၍ မိမိမယား၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သား တစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” လို့ ကမ္ဘာဦးကျမ်း ၂း၂၄ မှာ သွန်သင်ထားပါတယ်။ဒါကြောင့် ကွာရှင်းခြင်းကို အားပေးတဲ့ဘာသာ မဟုတ်ဘူးဆိုတာကိုလည်း လူအများသိကြပါတယ်။

ဒါပေမယ့် ဥပဒေအရတော့ အချို့သော အခြေအနေတွေမှာ တရားရုံးကို လျှောက်ထားနိုင်တဲ့ အခွင့်အရေးကို ဥပဒေက ပြဌာန်းပေးထားပါတယ်။

ခရစ်ယာန် ဘာသာဝင်များ ထိမ်းမြားလက်ထပ်ကြတဲ့အခါမှာ ခရစ်ယာန်ဘာသာဝင်တို့ ထိမ်းမြားလက်ထပ်မင်္ဂလာ ပြုခြင်းအက်ဥပဒေ(၁၈၇၂ခုနှစ်)နဲ့အညီ ထိမ်းမြားလက်ထပ်ကြရပါတယ်။ ကွာရှင်းချင်တဲ့ အခါမှာတော့ မြန်မာနိုင်ငံလင်မယားကွာရှင်းခြင်း အက်ဥပဒေ အရ ခရိုင်တရားရုံး(သို့)တရားလွှတ်တော်ကို ခရစ်ယာန် ဘာသာဝင်ဖြစ်သူ လင်(သို့)မယားက ကွာရှင်းခြင်း (၃)မျိုးနဲ့ လျှောက်ထားလို့ရပါတယ်။ အဲဒီလို လျှောက်ထားတဲ့အခါမှာ ကွာရှင်းခွင့်ရဖို့ လိုအပ်တဲ့ အကြောင်းပြချက်တွေလည်းရှိပါတယ်။

အဲတာတွေကတော့
(၁) ထိမ်းမြားမှု ပယ်ဖျက်ပေးရန် လျှောက်ထားခြင်း

🌼ထိမ်းမြားပြီးနောက် ခရစ်ယာန်ဘာသာမှ အခြားဘာသာသို့ ကူးပြောင်း ကိုးကွယ်သည့်အပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ခြင်း။

🌼သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်း။

🌼နောက်မယားယူခြင်းနှင့် ဖောက်ပြန်ခြင်း။

🌼မုဒိမ်းမှု၊ယောင်္ကျားခြင်းမေထုန်မီဝဲမှု၊တိရိစ္ဆာန်နှင့် မေထုန်မှီဝဲမှုကျူးလွန်ခြင်း။

🌼မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်း နှင့် ကွာရှင်းခွင့်ပြုနိုင်လောက်သော ရက်စက်မှု ကျူးလွန်ခြင်း။

🌼မိန်းမတစ်ဦးနှင့် ဖောက်ပြန်ခြင်း နှင့် မယားဖြစ်သူအား (၂)နှစ်နှင့် အထက် စွန့်ပစ်ထားခြင်းတို့ဖြစ်ပါတယ်။

(၂) ထိမ်းမြားမှု ပျက်ပြယ်ကြောင်း ကြေညာပေးရန် လျှောက်ထားခြင်း

🌸ယောင်္ကျားဖြစ်သူသည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိနေကြောင်းနှင့် တရားစွဲသည့်အချိန်တွင်လည်း ပန်းသေရောဂါရှိနေခြင်း၊

🌸ထိမ်းမြားကြသူတို့မှာ ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ်သူများဖြစ်ခြင်း၊

🌸ထိမ်းမြားသူ တစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံ့သူဖြစ်ခြင်း၊

🌸ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ် အသက်ရှင်လျှက် ရှိကြောင်းနှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေခြင်း

(၃) ခင်ပွန်းဖြင့် ခွဲနေခွင့်ပြုရန် လျှောက်ထားခြင်း

🍀မိမိအိမ်ထောင်ဖက်မှာ တစ်ပါးသူနှင့် ဖောက်ပြန်ခြင်း၊

🍀ရက်စက်မှုကျူးလွန်ခြင်း

🍀လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ (၂)နှစ်(သို့)(၂)နှစ်အထက်စွန့်ပစ်ထားခြင်းတို့ဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်များဟာ နှစ်ဦးသဘောတူ ကွာရှင်းခွင့်မရှိပါဘူး။ကွာရှင်းမယ်ဆို အထက်ပါ လျှောက်ထားမှုတွေပြုလုပ်ပြီး ကွာရှင်းခွင့်တောင်းခံကာ တရားရုံးရဲ့ အမိန့်ဒီဂရီတစ်ခုခုရမှ တရားဝင် ကွာရှင်းခြင်းအထမြောက်တာပါ။

တမန်တော်ပေါလုရဲ့ ဩဝါဒစာ (၁ကောရိနသုကျမ်း ၇း၁၀-၁၁) မှာလည်း “ထိမ်းမြားသောသူတို့အား ငါမှာထားသည်ကား၊မယားသည် ခင်ပွန်းနှင့် မခွဲခွာစေနှင့်၊ခင်ပွန်းသည်လည်း မယားကိုမကွာစေနှင့်လို့ ဖော်ပြထားပါတယ်။

ဥပဒေက ကွာရှင်းခွင့်ရှိတယ် ဆိုတာနဲ့ မဖြစ်မနေ ကွာရှင်းရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆက်လက် ပေါင်းသင်းဖို့၊ခွဲခွာဖို့ ဆိုတာက သက်ဆိုင်သူတွေရဲ့ ယုံကြည်ချက်၊အသက်တာ၊မိသားစု အခြေအနေပါ်မူတည်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ဘာသာရေးသွန်သင်ချက်ကို ဘယ်လိုနားလည်ပြီး ဘယ်လို လိုက်နာမလဲ ဆိုတာက သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေရဲ့ သွန်သင်မှုနှင့် ယုံကြည်သူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတော့တယ်။

မှတ်ချက် - ဒီဆောင်းပါးဟာ ခရစ်ယာန်ဘာသာရဲ့ သွန်သင်ချက်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ခရစ်ယာန်ဘာသာဝင်များအတွက် ရရှိနိုင်တဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးများကို အများဗဟုသုတရစေရန် ရှင်းလင်းတင်ပြခြင်းသာ ဖြစ်ပါတယ်။

ဒေါ်မေသဇင်ဆွေ
တရားလွှတ်တော်ရှေ့နေ


မေးခွန်းများကို Page နှင့် Tik Tok တွင် Comment မန့်ထားပါက အလှည့်ကျ (သို့) အလျင်းသင့်သလို Video ပြုလုပ်ပြီး အများဗဟုသုတရစေရန်ဖြေကြားပေးပါမယ်။
မက်ဆင်ဂျာ (သို့) ဖုန်းဆက် မေး​မြန်းခြင်းအားဖြေကြားပေးမည်မဟုတ်ပါ။

ရုံးဖုန်း
✅ 09774433954

TikTok 👇👇
tiktok.com/

Youtube 👇👇
https://youtube.com/-legalconsulta6524...

#တရားလွှတ်တော်ရှေ့နေ

#ရှေ့နေ



#စာချုပ်
#ကွာရှင်း
#အသရေဖျက်မှု

05/06/2026

🐥ကျွန်မ က ကြိုပွိုင့်တိုက်ခန်းဝယ်ထားတာ ငွေအကြေ နီးပါးပေးပြီးပါပြီ။ဒါပေမဲ့ ကန်ထရိုက်က ခုထိ ဖောင်ဒေးရှင်း တူးနေတုန်းရှိသေးတယ် ဘာမှမထူးသေးပါဘူး။ ကန်ထရိုက်ကလဲ ဘာမှဆက်မလုပ်ပေးဘူးဖြစ်နေပါတယ် **** ဆိုတဲ့ စကားကို ကြိုပွိုင့်ဝယ်သူတွေစီက ခနခန ကြားရပါတယ် 🐥

🪼ဒီလိုအဖြစ်မျိုးက
ကန်ထရိုက်စီက ကြိုပွိုင့်ဝယ်ရင် ၁၀ ယောက်မှာ ၇ ယောက်လောက်က ဒီလိုကြုံရတတ်တယ်

🪼စရန်စာချုပ် ဟာ အရမ်းအရေးကြီးတယ်လို့ဘဲ ထပ်ခါထပ်ခါပြောပါရစေ။
ကြိုပွိုင့်ဝယ်တဲ့အခါ ရှေ့နေနဲ့ ချုပ်ကြတာ နည်းတယ် ၊ ကန်ထရိုက်ဘက်ကပြင်ဆင်ပေးတဲ့စာချုပ်နဲ့သာချုပ်ကြတယ်။ ငွေအကြေချေတော့မှသာ ရှေ့နေ ဌားကြတာများတယ်။

🪼ဒီအခါမှာ ဘာဖြစ်လဲဆိုတော့ ကန်ထရိုက်ကို လစဉ်လတိုင်း ကို့ဘက်ကသာ ငွေသွင်းနေရပေမဲ့ တိုက်က တိုးတက်မှုမရှိဘူး။

🪼မြေတူးတဲ့နေရာက နေ တက်မလာတော့ဘူး။
ကို့ဘက်က ငွေကကြေနေပြီ အခန်းအပ်ရမဲ့ကာလ လည်းရောက်နေပေမဲ့ ကန်ထရိုက်ကဘယ်ဆီဘယ်ဝယ်မှန်း မသိဘူး။

🪼ကန်ထရိုက်ဆိုသည်မှာလဲ ငွေသွင်းနေတဲ့အခါဆို ရွှန်းရွှန်းဝေ အောင်ပြောပါလိမ့်မယ်။ BCC မကျတဲ့အခါ၊ အခန်းမအပ်နိုင်တဲ့အခါကျရင် သူ့လုပ်စာထိုင်စားနေရသလို ဆက်ဆံလာပါလိမ့်မယ်။

🪼ဒါ့ကြောင့် အကြံပေးချင်တာကလေ ကန်ထရိုက်ဘက်ကချပြတဲ့ payment ကို
လက်မခံဘဲ ပထမထပ်ပြီးရင်ဘယ်လောက်/ ဒုတိယထပ်ပြီးရင် ဘယ်လောက်ဆိုပြီး တစ်လွှာပြီးမှ တစ်ခါ ငွေချေပေးတာ ဝယ်သူအတွက်ပိုအဆင်ပြေပါလိမ့်မယ်။

🪼နောက်တစ်ခု က BCC အတွက်ဘဲ အသည်းအသန် ငွေချန်ကြပါတယ် ။ ကိုယ်ပိုင်မီတာရရှိအောင် ဆောင်ရွက်ပေးရမယ်ဆိုတဲ့အချက်ကိုထည့်မချုပ်ကြဘူး၊ ကန်ထရိုက်ချုပ်တဲ့စာချုပ်မှာလဲ မပါဘူး။ အခုနောက်ပိုင်းက BCC ကျပြီးမှသာ ကိုယ်ပိုင်မီတာ ချပေးတော့တာမို့ BCC အတွက်ဘဲငွေချန်ရင် BCC အတွက်ဘဲလုပ်ပေးသွားမှာပါ။ ကိုယ်ပိုင်မီတာ ကျဖို့ မြေရှင်နဲ့ နှစ်ပါး ဆက်သွားနေရပါလိမ့်မယ်။

🪼ဒါ့ကြောင့်စရန် စ ချစဉ်ကတည်းက ရှေ့နေခေါ်ပါ။ ကန်ထရိုက်ဘက်က ပြောတဲ့ payment အတိုင်းသွားရင် ပြဿနာတက်ဖို့က ရာခိုင်နှုန်းပိုများပါတယ်။

🪼စရန် စချကတည်းက လိုချင်တာ ကိုယ့်ရှေ့နေနဲ့တိုင်ပင်ပြီး ထည့်သွင်းချုပ်ဆိုကြပါ။ ကန်ထရိုက်ဘက်က တစုံတစ်ရာ ပျက်ကွက်ခဲ့ရင် ရှေ့နေချုပ်ပေးတဲ့စာချုပ်နဲ့ မိမိအခွင့်အရေးကို တောင်းဆိုလို့ရပါမယ်။ ကန်ထရိုက်စာချုပ်အတော်များများကတော့ သူ့တို့ဘက်ကအခွင့်အရေးကိုသာ ထည့်သွင်းချုပ်ဆိုကြတာများပါတယ်။

🪼နောက်တစ်ခု က ကန်ထရိုက်ရဲ့ Image ကိုလည်း သေချာစုံစမ်း လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။

Card.. ရှေ့နေ ဒေါ်မေသူ

21/05/2026

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ
( ၂၀၁၈ ) နှင့်သတိပြုစရာများ ။

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေအသစ်ကို ၂၀၁၈ခုနှစ် မတ်လ ၂၀ ရက်နေ့မှာပြည်သူ့လွှတ်တော်ဥပဒေအ
မှတ် - ၉ အဖြစ်ပြန်လည်ပြဌာန်းခဲ့ပါတယ် ။ ယခင်ဥပဒေ
အဟောင်းဖြစ်တဲ့ The Registration Act 1908 ကိုရုပ်
သိမ်းလိုက်ပါတယ် ။

ဥပဒေအဟောင်းနှင့်အသစ်က သိပ်တော့ကွာခြားသွား
တာမရှိပါဘူး ။ ဒါပေမယ့် ခြားနားချက်တချို့တော့ရှိပါ
တယ် ။ ယခင်ဥပဒေအဟောင်းမှာတုံးက စွန့်လွှတ်စာချုပ်က မှတ်ပုံမတင်မနေရစာချုပ်စာတမ်းအမျိုးအစား
မှာ မပါပေမယ့် ၂၀၁၈ ဥပဒေမှာတော့ စွန့်လွှတ်စာချုပ်
က မှတ်ပုံမတင်မနေရစာချုပ်စာတမွးအမျိုးအစားမှာပါ
ဝင်လာပါတယ် ဒါပထမအချက်ပါ ။

နောက်တချက်က ယခင်ဥပဒေအဟောင်းတုံးက မိသားစု
စီမံမှုစာချုပ်ကမှတ်ပုံမတင်မနေရဖြစ်ပေမယ့် ဥပဒေအ
သစ်မှာတော့ မှတ်ပုံမတင်မနေရစာချုပ်မဟုတ်တော့ဘဲ
မှတ်ပုံတင်လိုမှတင်ရတဲ့စာချုပ်ဖြစ်သွားပါတယ် ။

နောက်တခုအရေးကြီးတဲ့အချက်က ဥပဒေအဟောင်း
ပုဒ်မ ၄၉ နဲ့ ဥပဒေအသစ် ပုဒ်မ ၄၈ တို့ရဲ့ခြားနားချက်ဖြစ်
ပါတယ် ။ ယခင်ဥပဒေဟောင်း ပုဒ် ၄၉ နဲ့ယခုဥပဒေသစ်
၄၈ တို့ကအတူတူပါဘဲ ။ ဒါပေမယ့် ခြားနားချက်တခု
ကတော့ ဥပဒေဟောင်းမှာ ချွင်းချက် ပါပေမယ့် ဥပဒေ
အသစ်မှာက ချွင်းချက် မပါတော့ပါဘူး ။ ဒါကအရေး
ကြီးတဲ့အချက်ဖြစ်ပါတယ် ။

ဥပဒေဟောင်းမှာတုံးကတော့ ပုဒ်မ ၁၇ အရမှတ်ပုံမတင်မနေရစာချုပ်အဖြစ်သတ်မှတ်ထားတဲ့စာချုပ်တွေကို
မှတ်ပုံတင်မထားရင် သက်သေခံအဖြစ်လက်မခံရလို့
ပုဒ်မ ၄၉ မှာပိတ်ပင်ထားပါတယ် ။ဒါပေမယ့် ပိုင်ဆိုင်မှု့
ကိုပြဘို့မဟုတ်တဲ့တခြား အစွယ်အပွားကိစ္စတွေအတွက်
တော့ မှတ်ပုံမတင်ပေမယ့် သက်သေခံအဖြစ်လက်ခံလို့
ရတယ်လို့ ချွင်းချက်ကခွင့်ပြုထားပါတယ် ။

သို့သော် ဥပဒေအသစ်မှာ အဲဒီချွင်းချက်မပါရှိတော့တဲ့
အတွက် ပုဒ် ၁၆ မှာ မှတ်ပုံမတင်မနေရသတ်မှတ်ထားတဲ့
စာချုပ်တွေဆိုရင် မှတ်ပုံတင်မထားရင် ဘာအကြောင်းနဲ့
မှ သက်သေခံအဖြစ်လက်ခံခွင့်မရှိတော့ပါဘူး ။ ဒီနေရာ
မှာသတိပြုရမယ့်အချက်တခုကတော့ ၂၀၁၈ မတ်လ
၂၀ ရက်နေ့မတိုင်မီကချုပ်ဆိုခဲ့တဲ့စာချုပ်ဆိုရင်တော့
ပုဒ်မ ၄၉ ချွင်းချက်အရ သက်သေခံအဖြစ်လက်ခံနိုင်
ပေမယ့် ဥပဒေအာဏာတည်တဲ့၂၀၁၈ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်းချုပ်ဆို
တဲ့စာချုပ်တွေကတော့ ပုဒ်မ ၁၆ မှာအကျုံးဝင်ရင်တော့
မှတ်ပုံတင်ကိုတင်ရမှာဖြစ်လို့ မှတ်ပုံမတင်ရင်သက်သေ
ခံအဖြစ်တင်ပြခွင့်မရှိနိုင်ပါဘူး ။

ဒါကြောင့် မှတ်ပုံမတင်ထားတဲ့ အရောင်းအဝယ်အရပ်စာ
ချုပ်တွေကို သက်သေခံအဖြစ်တင်ပြတာတွေ လက်ခံ
တာတွေက စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၄၈ နှင့်ဆန့်ကျင်ဆောင်ရွက်ရာရောက်ပါတယ် ။ ပုဒ်မ ၄၈
မှာ ချွင်းချက်မထည့်တော့တဲ့အဓိကရည်ရွယ်ချက်က
မှတ်ပုံတင်ရမယ့်စာချုပ်တွေကို မှတ်ပုံမတင်ကြဘဲ အရပ်စာချုပ်ချုပ်ပြီး အခွန်တိမ်းရှောင်နေကြတဲ့အတွက်
ဖြစ်ပါတယ် ။ အဲဒီလိုအရပ်စာချုပ်နဲ့အလွဲအပြောင်းတွေ
လုပ်ကြတဲ့အတွက်နိုင်ငံဘဏ္ဍာငွေတွေအမြောက်အမြား
ဆုံးရှုံးနေရတဲ့အတွက် ချွင်းချက်ကိုထည့်မပြဌာန်းတော့
တာဖြစ်ပါတယ် ။

ဥပဒေတရပ်ရဲ့ရည်ရွယ်ချက်အထမြောက်အောင်ဆောင်
ရွက်ကြရန် ရှေ့နေများရော တရားရုံးများမှာပါတာဝန်ရှိကြပါတယ် ။

အဓိကပြောလိုတာက စာချုပ်စာတမ်းများမှတ်ပုံတင်
ဥပဒေ ( ၂၀၁၈ ) အရ ပုဒ်မ ၄၈ တွင်ယခင်ကလို ချွင်း
ချက် မပါရှိတော့တဲ့အတွက် တန်ဖိုးကျပ်တစ်သိန်းအထက် ရှိတဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ပုဒ်မ ၁၆
မှာပါတဲ့ကိစ္စတွေအတွက် တနည်းနည်းလွှဲပြောင်းမယ်ဆို
ရင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုလွှဲပြောင်းမှသာ တရားတ
ဘောင်ဖြစ်လာပါက သက်သေခံအဖြစ်တင်ပြခွင့်ရမှာ
ဖြစ်တယ်ဆိုတာအသိပေးလိုရင်းဖြစ်ပါတယ် ။
Credit to U A. K.M

ယနေ့ 9.4.2026 နေ့ထုတ်ကြေးမုံသတင်းစာပါကြေညာချက်******************
09/04/2026

ယနေ့ 9.4.2026 နေ့ထုတ်
ကြေးမုံသတင်းစာပါ
ကြေညာချက်
******************

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959786786053

Website

Alerts

Be the first to know and let us send you an email when AL-MEZAN-Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AL-MEZAN-Law Firm:

Shortcuts

  • Want your practice to be the top-listed law practice?

Share