Burma's Landmark Real Estate Group-Naypyitaw Branch

  • Home
  • Burma's Landmark Real Estate Group-Naypyitaw Branch

Burma's Landmark Real Estate Group-Naypyitaw Branch Welcome to Burma's Landmark!! We are dedicated to helping you find your dream properties🏡

McDonald's 🍟ဆိုတာ အသင့်စား စားသောက်ဆိုင် (သို့) အိမ်ခြံမြေလုပ်ငန်း🏘️???     ကျွန်တော်တို့ အားလုံးကြားဖူးနားဝ ရှိကြတဲ့ မက...
01/12/2023

McDonald's 🍟ဆိုတာ အသင့်စား စားသောက်ဆိုင် (သို့) အိမ်ခြံမြေလုပ်ငန်း🏘️???

ကျွန်တော်တို့ အားလုံးကြားဖူးနားဝ ရှိကြတဲ့ မက်ဒေါနယ်🍔(McD)ဆိုတာဟာ fast food restaurant chain ဆိုလည်းမမှားပါဘူး။ဆိုတော့က သူ့ရဲ့ သမိုင်းကို အကျဉ်းချုပ်ပြန်ကြည့်လိုက်ရအောင်!

McDonald brothersတွေ ဖြစ်ကြတဲ့ Maurice & Richard McDonald တို့ နှစ်ဦးဟာ သူများနှင့်မတူ ဆန်းသစ်တဲ့ 💡အိုင်ဒီယာတွေကို ကမ္ဘာတစ်ဝန်းကိုချပြခဲ့ကြတယ်။ 1948ခုနှစ်, San Bernardino, California, east of Los Angeles မှာ McDရဲ့
ပဌိသန္ဓေတည်ရာ အစပြုရာ အရပ်ဖြစ်ခဲ့သည်။ (မက်)ညီကို နှစ်ယောက်ကself-service counter စနစ်နဲ့ အတူ သူတို့ အမည်ကင်ပွန်းတပ်ပေးခဲ့ကျတဲ့ Speedee Service System ကိုပါ အမေရိက,က စားသုံးသူတွေဆီသို့ တစ်ပါတည်းဆောင်ကျဉ်းပေးခဲ့ကြပါတယ်။ Customers တွေကို အဓိက Services ပေးလေ့ရှိကြသော Waiters & Waitresses တွေအပေါ်မှီခိုမှု လျော့နည်းလာခြင်း, အသင့်စားအဖြစ် ကြိုတင်ပြင်ဆင်ထားခြင်း နှင့် စွမ်းအားမြင့်အပူမီးချောင်းတွေနဲ့ အစားအစာကို ပူပူနွေးနွေးလေးဖြစ်စေမဲ့ သိုလှောင်ခြင်း နည်းလမ်းတွေကပဲ မထင်ထားလောက်အောင်ကို အလုပ်ဖြစ်လာခဲ့တယ်ပေါ့နော်..ဒါ့အပြင် သူတို့က Marketing Strategyကို ကောင်းကောင်း သဘော
ပေါက်ခဲ့ဟန်တူပုံပါပဲ။ ဆိုင်ရဲ့ အလုပ်လုပ်ပုံ
စနစ်အကြောင်းကို ပြင်ပလူတွေကိုလည်း မိတ်ဆက်
ပေးခဲ့ကြပါတယ်။ မထင်မှတ်ထားတဲ့ အ့ဒီလူတွေထဲမှာပဲ Multi-Mixer(မစ်ရှိတ်ဖျော်စက် ရောင်းတဲ့) Ray Kroc ဆိုတဲ့လူလည်းအပါအဝင်ပါပဲ။ Kroc ကတော့မြင်မြင်ချင်းမှာပဲ သူတို့ဆိုင်ရဲ့ လည်ပတ်ပုံနဲ့ အရသာရှိတဲ့အသင့်စား အစားအစာတွေကို သဘောကျသွားခဲ့ပြီးတော့ McD brothers တွေနဲ့ အတူ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ McD Brothers တွေပေးတဲ့ ရှယ်ယာအနည်းအကျဉ်းကိုသဘောတူညီမှုလက်ခံပြီးတော့ ဆိုင်ခွဲတွေ ဖွင့်ဖို့ ကြိုးစားခဲ့တဲ့ အခါမှာ McDonald's ဟာ ကမ္ဘာအနှံ့အပြားကိုဖြန့်ကျက်လာဖို့အတွက်ဇာတ်လမ်းအစဖြစ်လာခဲ့တော့ပါသည်။ ဒီလို ဘဝဇာတ်ခုံပေါ်မှာကြိုးစားရင်းနဲ့ အသက်50 ကျော်လာတဲ့ Krocဟာ နောက်ဆုံးမှာ သူ့ဘဝရဲ့ အောင်မြင်မှု အလင်းရောင်ခြည်စတင်သမ်းလာခဲ့ပြီးတော့ သူ့ရဲ့ မဆုတ်မနစ်ကြိုးစားမှုတွေ ကြောင့်ပဲ ဆိုင်ခွဲတစ်ချို့ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း သူမျှော်မှန်းထားသလောက် အောင်မြင်မှုတွေကို မရရှိသေးပါဘူး(ရှင်းရှင်းပြောရရင် ဆိုင်ခွဲတွေဖွင့်နိုင်ခဲ့ပေမဲ့ Steady income မရှိသေး တဲ့အပြင် ထိုဆိုင်ခွဲတွေရဲ့ Quality control ကိစ္စတွေကို ဖြေရှင်းဖို့ ထပ်မံကြုံလာရပါတယ်)

Krocဟာ ဆိုင်ခွဲဖွင့်နိုင်စွမ်းရှိတဲ့ potential clients တွေကို ရှာဖွေတယ်, McD brand နဲ့ အတူ iconic ဖြစ်တဲ့ နည်းစနစ်တွေအပေါ်မှာ ရှယ်ယာ အနည်းငယ်သာ ရရှိနေခဲ့ပြီးတော့ မျှော်မှန်းထားတဲ့ အောင်မြင်မှုကို မရရှိသေးပါဘူး။ ဒီလိုအခက်ခဲတွေကြားမှာပဲ
နောက်တစ်ချိန် McD CEO အဖြစ်၊ အလုပ်အမှုဆောင် ဖြစ်လာမယ့် Harry Sonneborn နဲ့ ဆုံခဲ့ပြီးတဲ့ နောက်မှာတော့ ဟယ်ရီဟာ ဂန္တဝင်စွန့်ဦးတီထွင်မှုဖြစ်လာမည့် McDonald's လုပ်ငန်းကို ကမ္ဘာ့စင်မြင့် ပေါ်သို့ တွန်းတင်ပေးခဲ့တဲ့ Ideaကို Krocအား‌ပေးခဲ့ပါတယ်။
ဟယ်ရီ့၏ အကြံဉာဏ်အရ အိမ်ခြံမြေ ပိုင်ဆိုင်မှုကို တစ်စ,တစ်စ ချဲ့ထွင်လာခဲ့ပြီးတော့ သူပိုင်ဆိုင်တဲ့ မြေယာအားငှားရမ်းခြင်း, Franchise ငှားရမ်းငွေ နှစ်ခု
စလုံးမှ massive income ကိုရရှိလာပြီးတော့ 1961 ခုနှစ်တွင် McD brothers တွေထံမှMcDonald'sအား
ဝယ်ယူနိုင်ခဲ့တဲ့အတွက် Ray Kroc ဟာ မက်ဒေါနယ်ရဲ့ ပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ နောက်တစ်ချိန်တွင် မက်ဒေါနယ်ကော်ပိုရေးရှင်းဟာ ကမ္ဘာအနှံ့အပြားတွင် အိမ်ခြံမြေအမြောက်အမြား ပိုင်ဆိုင်လာခဲ့ပြီးတော့ ကမ္ဘာ့အိမ်ခြံမြေပိုင်ဆိုင်မှု အများဆုံး ကုပ္မဏီတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
McDonald's သည် ယခုအခါတွင် ဆိုင်ခွဲoutletsပေါင်း ၄သောင်းကျော် ပိုင်ဆိုင်ထားပြီးတော့ နိုင်ငံပေါင်း ၁၀၀ ကျော်အထိ နယ်ချဲ့နိုင်ခဲ့
ပြီဖြစ်ပါသည်။

'we are not technically in the food business. We are in the real estate business.
The only reason we sell fifteen-cent hamburgers is because they are the greatest
producer of revenue, from which our tenants can pay us our rent'
Harry Sonneborn

#အိမ်ခြံမြေ
Crd to https://www.thestreet.com/markets/history-of-mcdonalds-15128096 #:~:text=It%20did%20this%20by%20changing,under%20high%2Dpowered%20heat%20lamps

01/12/2023

How important circles⏱ are!!

#အိမ်ခြံမြေ

01/12/2023

Long term investment မှာ အိမ်ခြံမြေ🏘️ရဲ့ ရင်းနှီးမြုပ်နှံမှု📑က ဘယ်လောက်ထိ အရေးပါသလဲ ဆိုရင်??
#အိမ်ခြံမြေ

Address


Telephone

+959420722758

Website

Alerts

Be the first to know and let us send you an email when Burma's Landmark Real Estate Group-Naypyitaw Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Burma's Landmark Real Estate Group-Naypyitaw Branch:

  • Want your practice to be the top-listed Law Practice?

Share