07/08/2024
🏠 #အခွန်ဆောင်မည့်သူများတန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။
အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်။
(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။
ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄% ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးနှုန်းအတိုင်း
မိမိမှာ “ငွေဖြူ” ရှိရင်တော့ သက်သာပါတယ်။
ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သော
ငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို
ပြောတာဖြစ်ပါတယ်။ ငွေဖြူမရှိဘူးဆိုရင်
သိန်း ၁- ၃၀၀,၀၀၀,၀၀၀ အထိ- ၃%၊ သိန်း ၃၀၀,၀၀၀,၀၀၁-၆၀၀,၀၀၀,၀၀ အထိ- ၅%၊ သိန်း ၆၀၀,၀၀၀,၀၀၁-၁,၀၀၀,၀၀၀,၀၀၀ အထိ ၁၀%၊ ၁,၀၀၀,၀၀၀,၀၀၀-၃,၀၀၀,၀၀၀,၀၀၀ အထိ ၁၅% ၊ ၃,၀၀၀,၀၀၀,၀၀၁ နှင့် အထက်- ၃၀% ဟူ၍ သတ်မှတ်ထားတဲ့ရာခိုင်နှုန်း အတိုင်း အမြတ်ငွေအပေါ် အခွန်ဆောင်ထားဖို့လိုပါမယ်။ ဝင်ငွေခွန် စည်းကြပ်မည်ဟု အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။
ထပ်တိုးတာက....
တံဆိပ်ခေါင်းရဖို့ ရောင်းသူက အမြတ်ငွေရဲ့ ၁၀% အခွန်ဆောင်ထားမှ တံဆိပ်ခေါင်းကပ်လို့ရပါမယ်။
အိမ်ရှင် ၁၀% မဆောင်ပေးရင်တံဆိပ်ခေါင်း ကပ်မရပါ ဝယ်ယူထဲက တစ်ခါထဲညှိပါ။
အိမ်ခြံမြေအိုးအိမ်တိုက်ခန်းများဝယ်ယူခြင်ရင်ဖြင့်
Daw Kyi Kyi Hlaing
Lawyer. ,& Legal service
09793417179
သို့စိတ်ချယုံကြည်စွာဆက်သွယ်ဆောင်ရွက်နိုင်ပါပြီ။