ဦးကျော်ငြိမ်းအောင် Tachileik

ဦးကျော်ငြိမ်းအောင် Tachileik ''လူတွေမှားတတ်သည်
လူမိုက်သည်သာလျှင် သူ၏အမှားကို ဆက်လက်စွဲကိုင်ထားတတ်၏''

09693030374 / 09458033302

ပြည်သူ့လွှတ်တော် တတိယနေ့ပုံမှန်အစည်းအဝေးပွဲကိုရင်သားဝတ်စုံတွေနဲ့ကိုယ်စီတက်ရောက်(24-3-2026)
24/03/2026

ပြည်သူ့လွှတ်တော် တတိယနေ့

ပုံမှန်အစည်းအဝေးပွဲကို

ရင်သားဝတ်စုံတွေနဲ့

ကိုယ်စီတက်ရောက်

(24-3-2026)

22/12/2025
https://www.facebook.com/share/p/1ED7HNPBY8/?mibextid=wwXIfr
29/10/2025

https://www.facebook.com/share/p/1ED7HNPBY8/?mibextid=wwXIfr

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တာချီလိတ်မြို့နယ် ကိုယ်စားပြုအဖြစ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာတွင်
ဦးကျော်ငြိမ်းအောင် မှ ဝင်ရောက်ယှဥ်ပြိုင်
အရွေးချယ်ခံသွားမည် ဖြစ်ပါသည်။

ဒီကနေ့ ဥပဒေစာအုပ်တွေဖတ်နေရင်း စိတ်ကူးလေးရတာရယ်. .အခု ခေတ်ကာလနယ်ပယ်မှာလည်း သိထားသင့်တဲ့ ဥပဒေ လည်း ဖြစ်တာမို့ . . .Post လေ...
13/05/2025

ဒီကနေ့ ဥပဒေစာအုပ်တွေဖတ်
နေရင်း စိတ်ကူးလေးရတာရယ်. .
အခု ခေတ်ကာလနယ်ပယ်မှာလည်း
သိထားသင့်တဲ့ ဥပဒေ လည်း ဖြစ်တာမို့ . . .
Post လေးရေးတင်ဖို့ စိတ်ကူးရခဲ့တယ်၊
"လူကုန်ကူမှုနှင့် လူမှောင်ခို"
Definition ကို ရေးတင်ပြီး မျှဝေ
ပေးလိုက်ပါတယ်၊
"လူကုန်ကူးမှု အဓိပ္ပါယ် ဖွင့်ဆိုချက်"
* * * * * * * * * * * * * * * *
ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦးတစ်
ယောက်ကို ထိုသူ၏ သဘောတူညီချက်
ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ ခေါင်းပုံ
ဖြတ်ရန် အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်
အားသုံးခြင်း(ဝါ)အနိုင်အထက်ပြုခြင်း၊သွေး
ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊
ဘဝရပ်တည်ရန် ခက်ခဲမှုကို အလွဲသုံးစား
ပြုခြင်း၊ ချုပ်ကိုင်နိုင်ရန်အလို့ငှာ ငွေကြေး/
အကျိုး အမြတ်ပေး/ လက်ခံခြင်းတစ်ရပ်ရပ်
ကို ပြုလုပ်ပြီး သိမ်းသွင်းစုဆောင်းခြင်း၊ သယ်
ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊
၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်
ပေးခြင်း(ဝါ) လက်ခံခြင်းကိုဆိုလိုသည်။
ရွှေ့ပြောင်းသွားလာမှုအပေါ် လိမ်လည်လှည့်
ဖျားခြင်း၊ အဓမ္မပြုခြင်း စသည့် နည်းလမ်းများပါ
ပါရမည်၊ လူမှောင်ခိုခြင်းနှင့်လည်း ပတ်သက်နိုင်
သည်။
(နိုင်ငံတွင်းနှင့် နိုင်ငံရပ်ခြားနှစ်ရပ်စလုံးအပေါ်
ဖြစ်သည်။)
"လူမှောင်ခို အဓိပ္ပါယ် ဖွင့်ဆိုချက်"
* * * * * * * * * * * * * * * *
ငွေကြေး(ဝါ)အခြားသောပစ္စည်းအကျိုး အမြတ်
တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊
ရယူရန်အလို့ငှာ နိုင်ငံသား (ဝါ) အမြဲနေထိုင်သူ
တစ်ဦးဦးကို နိုင်ငံတစ်ခုအတွင်းသို့ တရားမဝင်
၀င်ရောက်ခွင့် ရယူပေးခြင်း (ဝါ) ဝင်ရောက်နိုင်စေ
ခြင်းကို ဆိုလိုသည်။
(လူမှောင်ခိုမှုတွင် နိုင်ငံတစ်ခု (ဝါ) နိုင်ငံများ၏
နယ်နိမိတ်ကို တရားမဝင်ဖြတ်ကျော်မှုရှိသည်၊
ထိုမှုခင်းသည် နိုင်ငံပေါ်ကျူးလွန်ခြင်းဖြစ်သည်။)
*************************************
"ကျေးဇူးရှင် မိဘနှစ်ပါးနှင့် ဆရာသမားများအားလုံးကို
ဥပဒေပညာဖြင့် သားတပည့် ကျေးဇူးဆပ်ပါသည်"
(8-11-2016)
KNA

အိမ်သူမယားကို ချစ်ကအိမ်ထောင်ရေးသုခနှင့် ပြည့်စုံ​၏U Kyaw Nyein Aung
09/05/2025

အိမ်သူမယားကို ချစ်က

အိမ်ထောင်ရေးသုခနှင့် ပြည့်စုံ​၏

U Kyaw Nyein Aung

မြန်မာဗုဒ္ဓဘာသာ လင်မယားများတရားရုံးတော်တွင် လင်မယားကွာရှင်းပြတ်စဲလိုလျှင်ဤအချက်တွေကို သိထားဖို့ရန် အရင်းလိုအပ်တယ်U Kyaw ...
09/05/2025

မြန်မာဗုဒ္ဓဘာသာ လင်မယားများ
တရားရုံးတော်တွင် လင်မယားကွာရှင်းပြတ်စဲလိုလျှင်
ဤအချက်တွေကို သိထားဖို့ရန် အရင်းလိုအပ်တယ်

U Kyaw Nyein Aung

26/03/2025

တရားခံအခွင့်အရေးများစွာထဲမှ (၁)ခု

#ဥပဒေ

Q -  ဆရာ မိမိပေါ်ကို တစ်ခြားတစ်ဦးကအလိုအလျောက် အန္တရာယ်ပြုလာရင်ဘယ်အတိုင်းအတာထိ ကာကွယ် ခုခံပိုင်ခွင့်ရှိပါသလဲ ဆရာ၊  #လူငယ်...
06/08/2024

Q - ဆရာ မိမိပေါ်ကို တစ်ခြားတစ်ဦးက
အလိုအလျောက် အန္တရာယ်ပြုလာရင်
ဘယ်အတိုင်းအတာထိ ကာကွယ် ခုခံပိုင်ခွင့်
ရှိပါသလဲ ဆရာ၊
#လူငယ်

K N A - တိတ်မေးသင့်တဲ့ အမေးကောင်းပါ
ညီငယ် ၊

ပြစ်မှုပုဒ်မ-၁၀၀အရ မိမိအားအောက်ပါ
ပြစ်မှုတစ်ခုခုကိုအန္တရာယ်ပြု ကျူးလွန်
လာလျှင် ထိုသူသေစေရန်(သို့)အခြား
ဘေးအန္တရာယ် တစ်ခုခုဖြစ်စေရန်
မည်သူမဆို မိမိအလိုအလျောက်ပြု၍
လူ့ကိုယ်ကို ကာကွယ်ခုခံခွင့်ရှိပါတယ် -

- မကာကွယ်မခုခံလျှင် သေဘေးသို့
ရောက်စေခြင်းအတွက် စိုရိမ်ဖွယ်ရာ
ဖြစ်လောက်အောင်အကြောင်းရှိသည့်
လက်ရောက်မှု ၊

- မကာကွယ်မခုခံလျှင် အပြင်းအထန်
နာကျင်စေခြင်းအတွက် စိုရိမ်ဖွယ်ရာ
ရှိလောက်အောင်အကြောင်းရှိသည့်
လက်ရောက်မှု ၊

- မုဒိမ်းကျင့်ရန် အကြံအစည်နှင့်
ကျူးကျော်သည့် လက်ရောက်မှု ၊

- ကာမရာဂစိတ်ကို ဓမ္မတာအတိုင်း
မဟုတ်ဘဲရောင့်ရဲအောင်ပြုလုပ်ရန်အကြံ
နှင့်ကျူးကျော်သည့် လက်ရောက်မှု ၊

- တစ်ဦးတစ်ယောက်သောသူကို
စိုးရိမ်ဖွယ်ဖြစ်လောက်အောင်
မတရားချုပ်နှောင်ထားရန် အကြံနှင့်
ကျူးလွန်သည့် လက်ရောက်မှု တို့ဖြစ်
တယ်။

ကာကွယ်ခုခံပိုင်ခွင့်ဟာ ဘယ်ချိန်မှာ
စတင်လဲဆိုတော့ လူ့ကိုယ်ကို
ဘေးအန္တရာယ်ဖြစ်စေရန်အတွက်
စိုရိမ်ဖွယ်ရာအကြောင်း ပေါ်ပေါက်တာနဲ့
တစ်ပြိုင်နက်စတင်ပါတယ်၊

ထိုအကြောင်းတည်ရှိနေသမျှကာလပတ်လုံး
ခုခံကာကွယ်ပိုင်ခွင့်ကလဲ ဆက်လက်တည်ရှိ
နေပါတယ်၊ အန္တရာယ်ပြုသူ အန္တရာယ်မပြုနိုင်
သည့်အချိန်တွင် ကာကွယ်ခုခံပိုင်ခွင့် ရပ်စဲ
သွားပါတယ်။ ဆက်လက်လုပ်နေရင်တော့
ဥပဒေကစောင့်နေမှာ ဖြစ်ပါတယ်။

လက်တီးနဲ့ထိုးတာကို ဓားနဲ့ပြန်ကာကွယ်
ခုခံလို့တော့ မရဘူးပေါ့။

ဒီလောက်ဆို ကျေနပ်ပါစေဗျာ. .၊

ဥပဒေပညာဖြင့် -
"ကျေးဇူးရှင် မိဘနှစ်ပါးနှင့်ဆရာသမား
များကို ကျေးဇူးဆပ်ပါသည်"

ဦးကျော်ငြိမ်းအောင်
(တရားလွှတ်တော်ရှေ့နေ)
တာချီလိတ်မြို့။

လိုအပ်သူများအတွက်
30/07/2024

လိုအပ်သူများအတွက်

Address

No. 8/120, Makarhokham Quarter
Tachileik
06271

Alerts

Be the first to know and let us send you an email when ဦးကျော်ငြိမ်းအောင် Tachileik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share