ပြည်မြို့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Pyay City
  • ပြည်မြို့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှု
အက်​ဆစ်​ ကလိုရင်း ​ကျောက်​ချဉ်​ ဒုတ်ထှာ  ​​​​​​​လုံးလည်ပတ်ချာလိုက် မရှူနိုင် မကယ်​နိုင်ြ​ဖစ်​​ပြီး သံဓါတ်​များ​နေတဲ့​ရေက...
13/03/2019

အက်​ဆစ်​ ကလိုရင်း ​ကျောက်​ချဉ်​ ဒုတ်ထှာ ​​​​​​​လုံးလည်ပတ်ချာလိုက် မရှူနိုင် မကယ်​နိုင်ြ​ဖစ်​​ပြီး သံဓါတ်​များ​နေတဲ့​ရေကန်​ကို ထုံးအိတ်​20နဲ့အနယ်​ထိုင်​​စေပြီး အိုးထဲက သဲနဲ့ တန်​ဆာပလာကိုအက်​ဆစ်​နဲ့ပြန်​​ဆေးချ ရလဒ်​က​တော့ ​အမြင်​...။

18/02/2019

ရန်​ကုန်​- ပြည်​ကား​တွေ ခရီးသွားပြည်​သူ​တွေ နစ်​နာလာတာ တာဝန်​ယူမည့်​သူက ဗလါနတ္ထိ မသိချင်​​ယောင်​​ဆောင်​​နေပြီ ရန်​ကုန်​နဲ့ပြည်​ကို ကားစီးချိန်​ပိုကြာလာသလို တစ်​ခြားအ​ဝေး​ပြေးလိုင်းများထပ်​ ဝန်​​ဆောင်​မှုက ပိုညံ့လာသလားလို့ ကား​တွေကလည်း မီးခိုးလိုက်​​နေပါပြီ အ​ဝေး​ပြေးကားဆိုပြီး မြို့တိုင်းမှာ ကားရပ်​​နေတာက ဘာလဲမသိဘူး ​ သည်းခံပါ​လေ (admin armandilo).

26/06/2018

သိန်း 130 နှင့်​ဦးရာလူ​ရောင်းမည်​ ။အ​လျော့အတင်းပါးပါးရှိ။ 23'+60' ​အောင်​ဆန်းပြည်​သာယာအလွန်​ ​ရွှေမြရတနာ​ဘုန်းကြီး​ကျောင်း​အနီး ​ အရှုပ်အရှင်းမရှိ ​​​​။ စုံစမ်းရန်​- 09970903958 ။ date post- 26.6.2018 ။

30/08/2016

အေးမေတ္တာရပ်ကွက်ထဲမှာ အေးအေးဆေးဆေး နေချင်ရင် ဖုန်းဆက်နော် 80 သိန်း လောက် ရှာပေး ပါမယ်။

07/09/2014

''လေမဖြတ်အောင် ဓါတ်စာဆောင်''

လေဖြတ်ရောဂါကို အသက်(40)ကျော်လာသည်နှင့် လူတိုင်း ကြောက်ရွံ့နေကြရသည်၊၊ လေဖြတ်၊လေငန်းရွဲ့စောင်း၊ ကိုယ်တစ်ခြမ်းသေသည်မှ အချို့တွင် အိပ်ရာမှပင်မထနိုင်၊၊ကျင်ကြီး၊ကျင်ငယ် အိပ်ရာထဲနှိုက်သွားကြရသလို၊ ရှင်လျက်နှင့်သေနေသူ ဘ၀ ရောက်ရ်ျ စိတ်သွားတိုင်း ကိုယ်မပါ လိုရာမရောက်၊ စိတ်ဒုက္ခ၊ကိုယ်ဒုက္ခသာမက မိသားစုပါ၊ ဒုက္ခကူးစက်သည့် စိတ်ပျက်စရာ၊ ကြောက်စရာ ရောဂါတစ်မျိုးဟု ဆိုရပါမည်၊၊အချို့ သောသူများ လေဖြတ်သည်နှင့်အသက်ပါ တစ်ခါတည်း ပါသွားကြရသည်၊၊ မသေဘဲ အိပ်ရာထဲ လဲရ်ျ မထနိုင်သူများလည်း စိတ်ပိန် လူပိန် ဘ၀နေ၀င်ချိန် အိပ်ရာထဲမှာသာ စောင့်နေကြရရ်ျ ဘ၀ရှုံးသူများ ဖြစ်ကြရတော့သည်၊၊ ထိုရောဂါကို ကြိုတင်ကာကွယ် သတိရှိလျှင် လေမဖြတ်နိုင်၊ လေဖြတ်ရောဂါ ဖြစ်မှာကို မစိုးရိမ်ရပါဟု မကွေးမြို့နယ် ကြာကန်ရွာသစ်(ညောင်ပင်သာ)ကျေးရွာမှ တိုင်းရင်းဆေးဆရာကြီး ဆရာအောင်မြိုင်ထံမှ လေ့လာသိရှိရသဖြင့် အများပြည်သူအကျိုးငှာ ရေးသားဖော်ပြလိုက်ရပါသည်၊၊
ဆရာကြီး ဦးအောင်မြိုင်မှ လေမဖြတ်အောင် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန် နံနက်စာနဲ့ ညအိပ်မ၀င်မှီ အစာနဲ့အဝေးချိန်မှာ ပြုလုပ်ပါ၊၊ အဓိကတော့ ဓါတ်စာပေါ့၊၊ (1)သဘောင်္ရွက်တို့ မြုပ်စားရမယ်၊၊
(2)တစ်ပတ် အနည်းဆုံး(3)ကြိမ် ကြက်သွန်ဖြူ နိုင်နိုင်နှင့် ရှောက်သီးသုပ်စား၊၊
(3)အိပ်တဲ့အခါ လက်ကို ခေါင်းမအုံးပါနှင့်၊၊
(4)နံနက်အိပ်ရာထခါနီးရင် ခြေ လက် နှစ်ချောင်း ကို ပက်လက်ကနေ စက်ဘီးနင်းသလိုဖြည်းဖြည်းလုပ်ပေး၊၊ဒါကြိုတင်ကာကွယ်နည်းပဲ၊ဟု ပြောပြပါသည်၊၊ရွာစဉ်တစ်လျှောက် ဆေးကုသ ပေးလျက်ရှိသည့် ဆရာကြီး ဦးအောင်မြိုင်ပြောပြ သောနည်းအတိုင်း လေဖြတ်ရောဂါ(ကြောက်စရာ ရောဂါဆိုးကို)ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အများအကျိုး အလေးထားရ်ျ ရေးသားပေးပို့အပ်ပါသည်၊၊
ကိုယ်ကျန်းမာရ်ျ စိတ်ချမ်းသာကြပါစေ၊၊
စိုးတင့်(စာကြည့်တိုက်)ကြာကန်
(ဆေးနည်းပြောပြသော ဆရာကြီး ဦးအောင်မြိုင်အားရိုကျိုးဂါရ၀ပြုလျက်)

''ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ''တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ ...
01/09/2014

''ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ''

တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ မရှိလောက်အောင်ပင် လူသိများလှပါသည်၊၊ သို့သော် ရှားစောင်းလက်ပပ် ၏် အစွမ်းထက်လှသော ဂုဏ်သတ္ထိထူးများနှင့် ဆေးအသုံးကို ပြည့်စုံအောင် သိသူကား ရှားပါးလှပေ၏။ရှားစောင်းလက်ပပ်ပင်ကို ကျွန်ုပ်မိဘများ၏ ဇာတိမြေ ဖြစ်သော အညာဒေသတစ်ဝိုက်တွင် သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့နိုင်ပေသည်၊၊ရှားစောင်းလက်ပပ်ပင်သည် အပူဒဏ်ကို ကြံ့ကြံခံနိုင်သော သဘာဝရှိသည့် ထူးခြားသော အပင်တစ်မျိုးဖြစ်သည်၊၊ အပင်၏ တစ်ဖက်တစ်ချက်တွင် လွှသွားကဲ့သို့ ဆူးလေးများ ပါရှိကာ အခွံ၏အတွင်းထဲတွင်တော့ အင်မတန် အေးမြ စိုစွတ်သော ရှားစောင်းလက်ပပ် အနှစ်ခေါ် ဂျယ်ရီအတုံးလေးများကို ထူးခြားစွာတွေ့ရလေသည်၊၊ရှားစောင်းလက်ပပ်၏ ထူးခြားချက်မှာ အပင်ကိုနုတ်ရ်ျ ရက်ပေါင်းများစွာ ပစ်ထားစေကာမူ အပင်သည် ညှိုးခြောက်မသွားပဲ ရှင်သန်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေသည်၊၊ထိုသို့ရက်ရှည်လများ ပစ်ထားသော်လည်း ညှိုးခြောက်မသွားပဲ တာရှည်ခံခြင်းမှာ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်ရီတုံးကလေးများ၏ အစိုဓါတ် ကို ရေရှည်ထိန်းထားနိုင်သော ဂုဏ်သတ္ထိတို့ကြောင့်ဖြစ်သည်၊၊ ထို့ကြောင့် ရှေးသမားအကျော်တို့က ရှားစောင်းလက်ပပ်ပင်ကို မသေဆေးပင်ဟုလည်းခေါ်ကြသည်၊၊
ရှားစောင်းလက်ပပ်ပင်ကို ရှေးအခါကပင် သမားတော်အကျော်အမော် တို့က မီးယပ်ဆေး၊နုနာရောဂါ ပျောက်ဆေးများအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြသည်၊၊စာရေးသူကိုယ်တိုင်လည်း ရှားစောင်းလက်ပပ်ချက်ဆေး မှီဝဲသောကြောင့် မည်သည့်ဆေး၊ မည်သည့်ဆရာ ၀န်နှင့်မှ ကုသရ်ျ မပျောက်ကင်းခဲ့သော အဒေါ်ဖြစ်သူ၏ လက်မှ ကြွက်နို့များနှင့် တင်ပါးမှ ၀ဲခြောက်များ ပျောက်ကင်းခဲ့သည့်အကြောင်းကို ကျွန်ုပ်၏ ပထမ စာအုပ်ဖြစ်သော ''အသက်ကယ်ဆေးပင်များ'' ရေးသားဖော်ပြခဲ့ဖူးလေသည်၊၊ ထို့အပြင်ယင်းစာအုပ် နှိုက်ပင် ရှားစောင်းလက်ပပ်ကို မှီဝဲသောကြောင့် ခန္ဒာ ကိုယ်တစ်ခုလုံး ခံစားနေရသော ယားနာများနှင့် ခုခံအားကျဆင်း မှုရောဂါပါ သက်သာလာခဲ့ကြောင်း ဝေဒနာသည်တစ်ဦး၏ ကိုယ်တွေ့ကို ရေးသား ဖော်ပြခဲ့ပါသည်၊၊
ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများ နှင့် ဆေးအသုံးများကား ကျယ်ဝန်းလှပါ၏။
ရှားစောင်းလက်ပပ်ဂျယ်ရီ(4)လက်မ၊ (5)လက်မ ခန့်ကို နေ့စဉ် မှန်မှန်မှီဝဲပါက တစ်လအတွင်းတွင် သွေးထဲ နှိုက်ရှိသော သကြားဓါတ်များ ပုံမှန်ပြန်ဖြစ်ကာ ဆီးချို၊ သွေးချို ရောဂါ သက်သာ သွားမည်ကို စာဖတ်သူကိုယ်တိုင်သုံးစွဲကြည့်လျှင် ကိုယ်တွေ့သိရပေမည်၊၊ ထိုရှားစောင်းလက်ပပ်ဂျယ်ရီကို နှစ်ရှည်လများဆက်လက် မှီဝဲပါက ဆီးချို ၊ သွေးချိုကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါများဖြစ်သည့် အာရုံကြောအားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ခန္ဒာကိုယ်ယားယံခြင်း၊ကျောက်ကပ်ပျက်စီးခြင်းဝေဒနာများကို ဟန့်တားကာကွယ် သက်သာပျောက်ကင်းနိုင်ပြီး ဆီးချို၊သွေးချို ရောဂါ များလည်း တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သည်၊၊
ထို့အပြင် ရှားစောင်းလက်ပပ် အပေါ်ခွံကို ခွာရ်ျ အတွင်းသား အနှစ်ဂျယ်ရီ ကို နေ့စဉ် တစ်နေ့ တစ်ကြိမ် မှီဝဲပါက အူလမ်းကြောင်းမကောင်းရ်ျ ၀မ်းကောင်းစွာ မသွားနိုင်သော ၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်၊၊ ထိုဝမ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းသောကြောင့် ၀မ်းချုပ်ရောဂါ ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သော လိပ်ခေါင်းရောဂါ၊ စအိုအိမ်(အစာဟောင်းအိမ်) ကင်ဆာရောဂါများ ကာကွယ်ပြီး ဖြစ်လေသည်၊၊ ထို့ပြင်ဝမ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ၀ါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်ရ်ျ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ
သွေးတိုးခြင်း၊ ခေါင်းနောက်ရ်ျ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ေ၀၀ါးရ်ျ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်ရ်ျ အထက်ပါ ဝေဒနာများကို ကာကွယ် ပြီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်ပေသည်၊၊ အချို့ သော လူများမှာ ၀မ်းချုပ်ရောဂါကို နှစ်ရှည်လများ ခံစားနေရပြီး ၀မ်းနုတ်ဆေးမှီဝဲမှ ၀မ်းသွားသဖြင့် နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေသူများကို ကျွန်ုပ် တွေ့ခဲ့ဖူး၏၊၊ ထိုသူများမှာ နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေရသော ဒုက္ခနှင့်အတူ ၀မ်းနုတ်ဆေးများတွင် ပါဝင်သော ပွေးကိုင်းကြောင့် ၀မ်းသွားခါနီးတွင် ၀မ်းဗိုက်ရစ်နာကာ အူနံရံမှ အကျိအချွဲ၊အမြှေးများ ၀မ်းနှင့် အတူ ကျဆင်းတတ်သဖြင့် အူများပါးလွှာတတ်ပြီး ကြာလျှင် အူရောင်ခြင်း ၊ အူတွင် အနာရောဂါ ဖြစ်ပွားခြင်းများ ဖြစ်တတ်လေသည်၊၊ ကနခို ပါဝင်သော ၀မ်းနုတ်ဆေးများဆိုလျှင် ပိုရ်ျ ပင်အန္တရာယ် များတတ်လေသည်၊၊ထိုသို့ ၀မ်းနုတ်ဆေးစားမှ ၀မ်းသွားသော၊ ၀မ်းနုတ်ဆေးကို နေ့စဉ် မှီဝဲနေရသောပုဂ္ဂိုလ်များအဖို့ ရှားစောင်းလက်ပပ်သည် နေ့စဉ် မှီဝဲသင့်သော ဘေးထွတ်ဆိုးကျိုးကင်းသည့် ဓါတ်စာဆေးဝါး တစ်မျိုးဖြစ်လေသည်၊၊
ရှားစောင်းလက်ပပ်၏ ထူးခြားသော နောက်ထပ်ဂုဏ်သတ္ထိတစ်မျိုးမှာ ခန္ဒာကိုယ်သွေးအတွင်း မြင့်မားနေသော Uric acid ကို ထိန်းချုပ်နိုင်ခြင်း နှင့် Uric acid များသူများ စားသုံးလျှင် သွေးအတွင်း Uric acid လျှော့ကျရ်ျ ပုံမှန်ဖြစ်စေခြင်းဖြစ်သည်၊၊ ထို့ကြောင့် Uric acid များရ်ျ ဖြစ်သော ဒူးနှင့် ခန္ဒာအဆစ်အမြစ်တို့ ရောင်ရမ်းကိုက်ခဲစေသည့် (gout) ဂေါက်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ဖြစ်ပွားပါက ပျောက်ကင်းစေခြင်းပင်ဖြစ်သည်၊၊
ယခုဖော်ပြ သော အကြောင်းအရာများမှာ စာရေးသူ လက်လမ်းမှီသမျှ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများကို စာဖတ်သူများသို့ မျှ ဝေခြင်းဖြစ်ပါသည်၊၊
ယခုစာရေးသူဖော်ပြမည့် ကင်ဆာ ရောဂါနှင့် ပက်သက်ရ်ျ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိထူးများမှာ အံ့သြဖွယ် ကောင်းလှပါသည်၊၊စာရေးသူ၏ အစ်ကို၊အစ်မ၀မ်းကွဲ လူနာမိတ်ဆွေတို့၏ ကိုယ်တွေ့လေးများ မဖော်ပြမှီ ဂျပန်နိုင်ငံမှ ဆေးသုတေသန ပညာရှင်တစ်စု၏ စမ်းသပ်မှုများကို ဦးစွာဖော်ပြလိုပါသည်၊၊ ဂျပန်နိုင်ငံမှ ဆေးပညာရှင်တစ်စုသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းသို့ ကင်ဆာဆဲ(လ်)များကို ထိုးသွင်းလိုက်ပါသည်၊၊ ထိုသို့ ထိုးသွင်းလိုက်သော ကင်ဆာဆဲ(လ်)များသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းနှိုက် ပွားများလာပါသည်၊၊ထိုကဲ့သို့ ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းမှ ပွားများလာသော ကင်ဆာဆဲ(လ်)များအတွင်းသို့ ရှားစောင်းလက်ပပ် သတ္ထုရည်(အနှစ်ရည်)ကို ထိုးသွင်းလိုက်သော အခါ ထိုရှားစောင်းလက်ပပ် သတ္ထုရည်များက ကြွှက်များကိုယ်တွင်းရှိ ကင်ဆာဆဲ(လ်) များကို ချေမှုန်းဖျက်စီးနိုင်ကြောင်း တွေ့ရှိရပါ၏၊၊
ထိုစမ်းသပ်မှု ရလဒ်အဖြေကြောင့် ရှားစောင်းလက်ပပ်ထဲတွင် ကင်ဆာရောဂါ ကို ကာကွယ် ကုသနိုင်သော ဒြပ်ပေါင်းပါဝင်ကြောင်း အတည်ပြုကောက်ချက်ချခဲ့ပါသည်၊၊ သို့သော်လည်း လူကိုတော့ မစမ်းသပ်ရသေးကြောင်းသူတို့ကဆို၏၊၊ ဂျပန် နိုင်ငံမှ ဆေးသုတေသန ပညာရှင်များ၊ ဆရာဝန်များ လူကို မစမ်းသပ်ရသေးမှီ စာရေးသူ၏ ဆွေမျိုးနှင့် မိတ်ဆွေ လူနာများ၏ ရှာစောင်းလက်ပပ်နှင့် ပက်သက်ရ်ျ ကိုယ်တွေ့များက အံ့သြဖွယ်ကောင်းလှပေသည်၊၊
စာရေးသူ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူနှင့် ဇနီးသည်မှာ နှစ်ဦးစလုံး မန္ထလေးတိုင်းရင်းဆေးသိပံ မှ အောင်မြင်ရ်ျ တိုင်းရင်းဆေး ဒီပလိုမာ ရရှိခဲ့ကြသူများဖြစ်သည်၊၊ သူတို့ နှစ်ဦးစလုံး ကျောက်ပန်းတောင်းတွင် အခြေချ နေထိုင်ရင်း တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားလေသည်၊၊ လွန်ခဲ့သော လေး ၊ ငါး ၊ခြောက်နှစ်ခန့်က စာရေးသူအစ်ကို၏ ဇနီးဖြစ်သူ မချို မှာ အသည်းကင်ဆာရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရပါသည်၊၊ သို့သော သေမည်ဟု ထင်ထားသော မချိုမှာ အသေပဲ ယခုအချိန်တွင် အသည်းကင်ဆာရောဂါ ပျောက်ကင်းသက်သာရ်ျ လူကောင်းပကတိဖြစ်နေပေပြီ၊၊ မချို ၏ အသည်းကင်ဆာ ရောဂါ သက်သာသွားပုံကိ စိတ်ဝင်စားလှသဖြင့် စာရေးသူ ကျွှန်ုပ်က မချိုထံသို့ ဖုန်းဆက်ရ်ျ မေးမြန်းကြည့်မိ၏၊၊
''မချို အသည်းကင်ဆာ ဖြစ်တာ ဘာဆေးမှီဝဲပြီး သက်သာပျောက်ကင်းသွားတာလဲ၊ ကျွန်တော်သိချင်လို့ပါ''
'' မချို ကအသည်းကင်ဆာဖြစ်ပြီးတော့ ရေဖျဉ်းသုံးကြိမ်စွဲတယ်၊၊ ဒီတော့ အသည်းကင်ဆာအတွက်ရော ရေဖျဉ်းအတွက်ပါ သောက်ရတဲ့ ဆေးတွေက များတော့ များတာပေါ့၊၊ ဒါပေမယ့် အသည်းရောင် အသားဝါ ဘီပိုးနှင့်အသည်းကင်ဆာအတွက် ဆေးတစ်မျိုးကို ပြောရမယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်လို့ ပြောရမှာပဲ၊၊ ရှားစောင်းလက်ပပ်ကို အခွံနွာပြီး အတွင်းက အနှစ်ဂျယ်ရီကို နေ့တိုင်းစားတယ်၊၊ရှားစောင်းလက်ပပ်အခွံနဲ့ ဂျယ်ရီကြားက စိမ်းဝါ၀ါအရောင်၊ မုန့်ချက်တဲ့ အနှစ်သားက ပိုပြီး အစွမ်းထက်တယ်၊၊မချိုကတော့ ရှားစောင်းလက်ပပ်ဂျယ်ရီ နေ့စဉ် မှီဝဲတယ်၊၊
ရှားစောင်းလက်ပပ်အနှစ်ကိုကို နေ့စဉ်မှီဝဲလို့ အသည်းကင်ဆာ သက်သာ ပျောက်ကင်းတာ နောက်တစ်ယောက်ရှိသေးတယ်၊၊သူကတော့ မချိုသမီးရဲ့ သူငယ်ချင်းရဲ့ အဖေပဲ၊၊
သူက စီပိုးဘက်ကနေ ကင်ဆာကို ကူးသွားတာ၊၊သူကအခု မန္တလေးမှာနေတယ် ၊သူ့ရဲ့ အသည်းရောင် အသားဝါ စီပိုးရော အသည်းကင်ဆာပါ ရှားစောင်းလက်ပပ်အနှစ်ကို နေ့စဉ် မှီဝဲရင်းနဲ့ပဲ သက်သာပျောက်ကင်းသွားတယ်၊၊'''
ကျွှန်ုပ်၏ အစ်ကိုဝမ်းကွဲ၏ ဇနီးဖြစ်သူ အသည်းကင်ဆာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရသော ၊ယနေ့ လူကောင်းပကတိ ဖြစ်နေပြီ ဖြစ်သောမချို ၏ သတင်းစကားများဖြစ်သည်၊၊
ရှားစောင်းလက်ပပ်၏ အစွမ်းဖြင့် အသည်းကင်ဆာ ပျောက်ကင်းကြောင်း သတင်းစကားသယ်ဆောင်လာသူ နောက်တစ်ဦးကတော့ ဒေါ်သန်းသန်းဝင်း ဆိုသော အသက်(60)ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်၊၊ ဒေါ်သန်းသန်းဝင်း က သူမ၏ မိတ်တွေ တစ်ဦး ရှားစောင်းလက်ပပ် အစွမ်းဖြင့် အသည်းကင်ဆာ သက်သာပျောက်ကင်းသွားပုံကို အောက်ပါ အတိုင်းပြောပြလေသည်၊၊
'' ကျွန်မရဲ့ အသိတစ်ယောက် အသည်းကင်ဆာဖြစ်တာ ရှားစောင်းလက်ပပ်အ နှစ်ကို ခြစ်ပြီး ထန်းဖိုဦးထန်းလျက်ရည်လေးနဲ့ ရောပြီး နေ့စဉ်စားတာ၊ အခုတော့ အသည်းကင်ဆာ ရောဂါ ပျောက်ကင်းသွားပါပြီ၊၊ ''
ထိုသတင်းစကားကို သယ်ဆောင်လာသူ ဒေါ်သန်းသန်းဆိုသူမှာ လှိုင်သာယာ မြို့နယ် မင်းရဲကျော်စွာ လမ်းတွင်နေထိုင်သူဖြစ်သည်၊၊
ဂျပန်နိုင်ငံမှ ဆရာဝန်များ၊ဆေးသုတေသနပညာရှင်များသည် ရှားစောင်းလက်ပပ်သည် ကင်ဆာ ရောဂါ ကို သက်သာပျောက်ကင်းစေကြောင်း အစွမ်းသတ္ထိကို ကြွက်များဖြင့် စမ်းသပ်ပြီး လူကို မစမ်းသပ်မှီ စာရေးသူတို့ မြန်မာနိုင်ငံနှိုက် ရှားစောင်းလက်ပပ်၏ အစွမ်းကြောင့် အသည်းကင်ဆာ ရောဂါ ဝေဒနာ ပျောက်ကင်းသူ သုံးဦးခန့် ရှိပေပြီ၊၊ စာရေးသူ လက်လှမ်းမမှီသော၊ မသိရှိသော နေရာများနှိုက် ကင်ဆာရောဂါ ဝေဒနာသည် ဘယ်နှစ်ဦး သက်သာပျောက်ကင်းနေမည်ကို မသိရှိပါ၊၊
စာရေးသူကိုယ်တိုင်လည်း ကင်ဆာရောဂါ ဝေဒနာကို ကာကွယ်ရန်နှင့် ခံစားနေရသော ဆီးနှင့် ကျောက်ကပ် ရောဂါ ဝေဒနာသက်သာစေရန်အတွက် ရှားစောင်းလက်ပပ်ဂျယ်ရီကို နေ့စဉ် မှီဝဲလျက်ရှိပါသည်၊၊ ဘေးထွတ်ဆိုးကျိုး အင်မတန်နည်းပါးပြီး ရောဂါ ဝေဒနာပေါင်းစုံအတွက် အစွမ်းထက်လှသော ရှားစောင်းလက်ပပ်ကို နေ့စဉ်မှီဝဲမည်ဆိုပါက အကျိုးအနန္ထ ကျေးဇူးများလှကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်၊၊
ဗအုပ်ခိုင်
(သဘာဝသမားတော်)

23/08/2014

"အစာအိမ်တွင် အနာဖြစ်ရ်ျ အဖတ်စားမရ ဖြစ်နေခဲ့သော်''

တမာပင်ရဲ့ အခေါက်အစို လက်တစ်ဝါးစာလောက်ကို ဓါးနှင့် ခုတ်ဖဲ့ပြီး နုပ်နုပ်စဉ်း နေပူလှန်းရမည်၊၊
ခြောက်သွားလျှင် နုညက်အောင် အမှုန့်ထောင်းပြီး ပိတ်စပါးပါးနှင့် စစ်ယူရမည်၊၊ ပြီးရင် ပျားရည် စစ်စစ်ကို သင့်တော်ရုံထည့်ပြီး မပျစ်မကျဲ ရောမွှေရ်ျ သောက်ရမည်၊၊ ပျားရည်များရင် ပိုကောင်းသည်၊၊ တစ်ကြိမ်သောက်ရင် ကော်ဖီဇွန်း တစ်ဇွန်းစာကို ရေနွေးနဲ့ သောက်ရမယ်၊၊ နံနက် ၊နေ့လယ်၊ ညနေ၊ ညဉ့်အိပ်ခါနီးတိုင်း ပုံမှန်သောက်ပေးရင် တစ်လမပြည့်ခင် ထူးခြားသက်သာပြီး ပျောက်ကင်းသွားလိမ့်မည်၊၊အစာအိမ်မှာ အနာဖြစ်နေမှန်း သိရသော ဝေဒနာရှင်များ အကုန်အကျ သက်သာစွာနှင့် အသုံးပြုနိုင်ကြစေရန် ရေးသားလိုက်ရပါသည်၊၊

မောင်ကျော်(ဘီးလင်း)

''သွားဖွားပြီးမိခင်သုံးစေချင်''''ဘုရားသခင်သည် နေရာတိုင်းမှာ မရှိနိုင်သဖြင့် မိခင်များကို ဖန်ဆင်းသည်'' ဟု မှတ်သားရဖူးသည်၊...
20/08/2014

''သွားဖွားပြီးမိခင်သုံးစေချင်''

''ဘုရားသခင်သည် နေရာတိုင်းမှာ မရှိနိုင်သဖြင့် မိခင်များကို ဖန်ဆင်းသည်'' ဟု မှတ်သားရဖူးသည်၊၊ မိခင်နှင့် စပ်လျဉ်းရ်ျ မိခင်ကို တင်စားမှုအမျိုးမျိုး၊ မိခင် ကျေးဇူးကို ဖွဲ့နွဲ့မှု အမျိုးမျိုး ကို အမြင် အမျိုးမျိုး နှင့် ရေးသားဖွဲ့ ဆိုကြသည်၊၊ မြေကမ္ဘာပေါ်တွင် အမျိုးသမီးတို့သာ သီးသန့်ခံစားရသော "အာဝေဏိက" ဒုက္ခငါးပါးတွင် သားဖွားခြင်း(၀ါ) ကိုယ်ဝန်ဆောင်ခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်၊၊ မိခင်လောင်း အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ကတည်းကတိုင် ဆောင်ရန် ရှောင်ရန် အချက်တွေများသလို မီးဖွားပြီး တော့လည်း "မှိုတစ်နှစ်၊ မျှစ်သုံးလ" ဆိုသလို ရှောင်ကြဉ် ရတဲ့ အရာတွေ အများကြီးပါ၊၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပြီး သားဖွားပြီးနောက် ခံစားရတဲ့ ဝေဒနာ တစ်မျိုးကတော့ သားအိမ်ကိုက်ခဲခြင်းပဲ ဖြစ်ပါတယ်၊၊ မီးဖွားပြီးစ သွေးနု သားနု ဖြစ်တာကြောင့် တွေ့ရာ ရမ်းကုဆေးများ နဲ့ ကုသလို့ မသင့်တော်ပါဘူး၊၊ အဲဒီ အခါ -ပရဆေးဆိုင်တိုင်းမှာ ၀ယ်လို့ရတဲ့ ရှိန်းခို (1)ရွေးသားလောက် တစ်နေ့တစ်ကြိမ် နှုန်းနဲ့ (3) ရက်လောက် ဆက်စားပေးပါ၊၊ အထက်ပါဆေးသည် သားအိမ် ကိုက်ခဲမှု ကို သာမက သားဖွားလမ်းနာကျင်မှုကို သက်သာ ပျောက်ကင်းစေ သော ဆေးလည်း ဖြစ်ပါသည်၊၊
သဒ္ဒါ(ဥပဒေ)

15/08/2014

ငှက်ဖျားပျောက်ဆေးက်ျ (9)မျိုး
(1)၊၊.............၊၊ ငှက်ဖျားအတွက် ဆေးမခက်ဟူသော ဆေးနည်းတစ်နည်းမှာ ဆေးအမယ်များကို န၀င်းဖြင့်ကူသော ဂမ္ဘီရ ဆေးနည်းတစ်လက်ပင်ဖြစ်ပါသည်၊၊
(က) မြန်မာကုက္ကိုရွှက်(9)ရွှက်
(ခ)မိဿ လင်ဥ အလွှာပါး(9)လွှာ
(ဂ) ငရုတ်ကောင်း(9)စေ့
၎င်း(3)မျိုးကို မဖောက်ထုံး အနည်းငယ်ရောရ်ျ ထောင်းပြီး ကြိုက်ရာ ခြေမကို ဆေးအုပ်ပြီး ပတ်တီး စည်းထား ပါ၊၊အဖျားတက်မည် လက္ခဏာ ပြချိန် အဖျားတက်ချိန်တွင် နာရီဝက်ခန့်ဆေးစည်းထားပြီး ရေချွှေးအောင်းပေးရမည်၊၊ (2)ကြိမ် (3)ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့် ငှက်ဖျားရောဂါ အမြစ်ပြတ်ရ်ျ လုံးဝ ပျောက်ကင်းသွားပါမည်၊၊

(2)၊၊.............၊၊
ငှက်ဖျားရောဂါအတွက် ဒုတိယ ဆေးနည်းမှာ
(1)ရှမ်းဆေးခါးကြီးရွက်
(2)ငရုတ်ကောင်းစေ့
(3)ကွမ်းရွှက်
(4)မြင်းခွာရွက်
(5)တောပင်စိမ်းပင်
၎င်းဆေးအမယ်(5)မျိုး ပဉ္စငါးပါးကို စုပေါင်းပြီး နေလှန်းရ်ျ အမှုန့်ပြုလုပ်ပါ၊၄င်းအမှုန့်များကို ဆီးကင်းခန့်လုံးပြီး တစ်နေ့လျှင် နံက်၊နေ့လယ်၊ ည တစ်လုံးစီစားသုံးပေးခြင်းဖြင့် ငှက်ဖျားေ ပျောက်၏၊၊

(3)၊၊............၊၊
ငှက်ဖျားရောဂါအတွက် တတိယဆေးနည်းမှာ မြန်မာကြက်ဥစစ်စစ်တစ်လုံးကို ငရုတ်ကောင်းစေ့လောက် အပေါက်ဖေါက်ပါ၊၄င်း ဖေါက်ပြီးသား ကြက်ဥထဲသို့ ငရုတ်ကောင်းစေ့ကို ရောဂါဖြစ်သူ၏ အသက် ထက် တစ်စေ့ပိုပြီးထည့်ပါ၊၊၄င်းကြက်ဥကို ထမင်းအိုးထဲသို့ ထည့်ရ်ျ နှပ်ပါ၊၊ထမင်းနပ်သည်နှင့် ၄င်းကြက်ဥကို ဆယ်ပြီး နံက်တစ်လုံး ညတစ်လုံး(3) ရက်ဆက်တိုက် စားပေးခြင်းဖြင့် ငှက်ဖျားရောဂါ ပျောက်ကင်းပါသည်၊၊

(4)၊၊...........၊၊
ငှက်ဖျားရောဂါအတွက် စတုတ္ထဆေးနည်းတစ်လက်မှာ..
(1)ပင်စိမ်းရွက်
(2)ငရုတ်ကောင်း
(3)မြင်းခွာရွက်
(4)ပျားရည်အနည်းငယ်
၎င်းလေးမျိုးကို ရောရ်ျ ကြိတ်ပြီး ရွေးစေ့ခန့် အလုံးလေးများဖြစ်အောင် လုံးပြီး နံက်နှင့် ည တစ်နေ့ (2)ကြိမ် တစ်ကြိမ်လျှင်(3)လုံးခန့်စားပေးခြင်းဖြင့် ငှက်ဖျားရောဂါ ပျောက်၏၊၊

(5)၊၊..............၊၊
ငှက်ဖျားရောဂါအတွက် ပဉ္စမဆေးနည်းမှာ ဆင်တုံးမနွယ်၊ဥ၊ ဥနှဲ၊ ဂွေးတောက်မြစ် ၄င်းတို့ကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ပါ၊၊တောင်မရိုးခေါက် အမှုန့်များနှင့်ရောပြီး ၄င်းဆတူရောထားသော အမှုန့်များကို နေ့စဉ် တစ်နေ့လျှင် နံက်၊နေ့လယ်၊ (3)ကြိမ်ကို တစ်ကြိမ်လျှင် မန်ကျည်းစေ့နှစ်စေ့ခန့် သောက်သုံးပေးခြင်းဖြင့် ငှက်ဖျားရောဂါ ပျောက်ကင်းစေပါသည်၊၊

(6)၊၊..............၊၊
ငှက်ဖျားရောဂါအတွက်ဆဠမဆေးတစ်နည်းမှာ ကြက်ဟင်းခါးရွက် လက်တစ်ဆုပ်စာကို ဆုံတွင်ထောင်းပြီး အရည်ညှစ်ပါ၊၊ယင်းသတ္ထုရည်လက်ဖက်ရည် ဇွန်းကြီး တစ်ဇွန်းစာတွင် တော အရက် စစ်စစ် တစ်ဇွန်းရောပြီး ကြေးဇွန်းထဲတွင်ထည့်ပြီး ဖယောင်းတိုင်မီးနှင့် ဆူလာသည်အထိ အပူပေးပါ၊၊ သောက်နိုင်သော အနေအထားအထိ ရှိလာပါက ငှက်ဖျားတက်မည်အချိန်မတိုင်ခင်ကြိုတင်ရ်ျ သောက်ပေးခြင်းဖြင့် အဖျားတက်ခြင်းမှခြားလာပြီး ကင်းရှင်းစွာ ပျောက်ကင်းသွားပါမည်၊၊

(7)၊၊.............၊၊
ငှက်ဖျားရောဂါအတွက်သတ္ထမဆေးနည်းမှာ
ခုံညင်းသီးတစ်လုံးကို မီးကျွမ်းအောင်ဖုတ်ပြီး ညက်အောင်အမှုန့် ပြုလုပ်ပါ၊၊ ၄င်းအမှုန့် ကို သုံးပုံပုံပြီး ဖီးကြမ်းငှက်ပျောသီးမှည့်တစ်လုံးကို ထိပ်ဖြတ်ပြီး အတွင်းသာတစ်ဝက်ခန့်ထုတ်ပြီး ခုံညင်းမှုန့်တစ်ပုံကို ငှက်ပျောသီးအတွင်းထည့်ရ်ျ ထုတ်ထားသော ငှက်ပျောသီးအတွင်းသားများကို ပြန်လည်ထည့်ပြီး ထိပ်မှ ပိတ်ရျ်ျ မီးကင်ပါ၊၊မီးကင်ရာတွင် အရည်ကျသည်အထိ ကင်ပါ၊၊ ငှက်ဖျားသမားများ ငှက်ဖျား တက်ခါနီး တွင်း ၄င်းငှက်ပျောသီးပူပူနွေးနွေးလေးတစ်လုံးကို စားပေးရမည်၊၊စားပြီးပါက ရေနွေးပူပူ တစ်ဝသောက်ပြီး ချွေးထုတ်ခြင်းဖြင့် ငှက်ဖျားချွေးပုပ်များ ထွတ်ရ်ျ လာပါမည်၊၊ သုံးရက်ဆက်တိုက်ဖျားလျှင် သုံးရက်ဆက်တိုက် ငှက်ပျောသီးကို စားပေးခြင်းဖြင့် ငှက်ဖျား ရောဂါ အမြစ်ပျက်ရ်ျ ပျောက်ကင်းပါမည်၊၊

(8)၊၊...........၊၊
ငှက်ဖျားရောဂါအတွက်အဠမ ဆေးနည်းမှာ ကြက်ဟင်းခါးရွက်ပဉ္စငါးပါးကို ရေစင်ကြယ် စွာဆေးပြီး သတ္ထုရည် ပြုလုပ်ပါ၊၊ထင်းပေါင်းဆီခေါ် ကျပ်ခိုးကို ၄င်း ကြက်ဟင်းခါး သတ္ထုရည်ဖြင့် သုံးခွက် တစ်ခွက်တင် စစ်ယူပြီး ဖျားနေသောသူအား တိုက်ပေးပါ၊၊ (3) ရက်ကို ဆေး(3)ခွက် သောက်ပေးခြင်းဖြင့် ရောဂါ ပျောက်ကင်းပါသည်၊၊

(9)၊၊............၊၊
ငှက်ဖျားရောဂါအတွက်န၀မဆေးနည်းမှာ ပုတ်သင်ညိုခေါ် ရာသီအလိုက် ရောင်ပြောင်းတက်သော ပုတ်သင်ကိုခေါင်းဖြတ်ရ်ျ အရေဆုပ်ပြီး ၀မ်းတွင်းကလီစာများကိုထုတ်ပစ်ပြီး နုပ်နုပ်စဉ်းရ်ျ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဖြင့် ကြွပ်အောင် ကြော်ပါ၊၊ ဆီနှင့် ကြော်ရာတွင် ဆားလုံးဝ၊ နနွင်းလုံးဝ မထည့်ရပါ၊၊၊ အဖြူကြော် သဘောမျိုးဖြင့် ငှက်ဖျားမတက်ခင် တစ်ကောင်လုံးကြော်ပြီးသားကို ရေနွေးပူဖြင့် ကုန်အောင်စားပေးခြင်းဖြင့်(3)ကြိမ်မျှ စားပေးခြင်းဖြင့် ငှက်ဖျား ပျောက်ကင်းပါသည်၊၊
၎င်းဆေးနည်းများသည် ငှက်ဖျား ရောဂါ ရှင်တို့အတွက် လွယ်ကူသော ဆေးနည်းများ ဖြစ်ပါသည်၊၊ မြန်မာကုထုံး ဆေးမြီးတိုများ ဖြစ်သလို ငွေကုန်ကြေးကျ မျများသော ဆေးနည်းများဖြစ်သဖြင့် အထင်မသေးသင့်ပါ၊၊ ကြိုက်နှစ်သက်ရာ ဆေးနည်းများဖြင့် ကုသကြည့်ပါက ရောဂါ ပျောက်ကင်း ပါသည်ဟု ဆရာကြီး ဦးမင်းဌေး၏ ''တိုင်းရင်းဆေးအကျိုး က်ျ(9)မျိုး''ကို ရေးသားဖော်ပြ ပေးလိုက်ရပါသည်၊၊
ငှက်ဖျားရောဂါ ဖြစ်ခြင်းမှ အသက်ဆုံးရှုံြးုခင်းများ ကင်းဝေးကြပါစေ၊၊
အာရောဂျံပရမံလာဘံ
ဧရာမြေ-ကျော်ဝေ

12/08/2014

'လည်ချောင်းကင်ဆာသုံးကြည့်ပါ''

ဆေးအမည်က ဆေးအိုးပုတ်ပင် အရွှက်ကို သုံးခွက်တစ်ခွက်တင်ကျိုသောက်ပေးနိုင်သည်၊၊
အပင်ကတောင်ခြေတွေမှာ ပေါက်လေ့ရှိသည်၊၊အပွင့်လေးတွေက ပုဏ္ဍရိတ်အသီးသာသာကလေး ကြီးသည်၊၊လည်ပင်းလေးသိမ်ပြီး အိုးနှုတ်ခမ်းလေးလိုရှိနေလို့ ကလေးကစားစရာ အိုးပုတ်လေးတွေနဲ့တူသည်၊၊ဆေးဘက်ဝင်တာမှန်လို့ေ၇ှးလူကြီးများက ဆေးအိုးပုတ်လို့
ခေါ်ခဲ့ကြတာဖြစ်မယ်၊၊အရွှက်ပုံစံက ကရဝေးရွှက်လိုရှည်မျောမျောဖြစ်ပြီး ကျောဘက်မှာ အလျားလိုက် အကြောသုံးကြောရှိသည်၊၊

မြန်မာအမည်=ဆေးအိုးပုတ်ပင်
အင်္ဂလိပ်အမည်=Malabar goose berry
ရုက္ခဗေဒအမည်= Melastona Haarengong
အမြစ်အခေါက်=လည်ချောင်းနှင့် ခံတွင်းရောဂါများအတွက်သုံးသည်၊၊
အပွင့်=မီးယပ်သွေးဝမ်း၊နာတာရှည် ၀မ်းပျက်ရောဂါနှင့် အသားနု တက်ဆေးများတွင်သုံးသည်၊၊အာယုဗ္ဖေဒ (A YURVEDIC) အတွက် အမြစ်ကိုအသုံးများကြသည်၊၊သွားကိုက်ရောဂါ၊ အကြောအဆစ်နာနှင့် သွားတိုက်ဆေးများ ဖော်စပ်ရာတွင် လည်းကောင်း၊အာရုံကြောအားနည်းခြင်း၊သွေးကြောများပုံမှန်မဖြစ်ခြင်း၊ အမျိုးသားများ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း၊ ဆီးချိုရောဂါ ၊ဆီးလမ်းကြောင်းရောဂါ၊ နှလုံးရောဂါ၊ ဆီးလမ်းကြောင်းရောဂါ၊၀က်ရူးပြန်ရောဂါ၊ ကိုယ်လက်အင်္ဂါသေခြင်းများတွင် အသုံးပြုသည်၊၊ ၀က်ရူးပြန်ရောဂါအတွက်ဆေးအိုးပုတ်ပင်၏ အမြစ်နှင့် ဒဟတ်သကိုင်းအမြစ်တို့ကို ရောစပ်ရ်ျကုသနိုင်သည်၊၊

အထူးမှတ်ရန်မှာ က်ျဆေးအိုးပုတ်ပင်သည် ဘေးထွတ်ဆိုးကျိုးမရှိဟု ဖော်ပြထားသည်၊၊

တိုးခ(ပြွန်တန်ဆာ)

''လမ်းဦးတိုက် အိမ် အကာအကွယ်ယူနည်းတစ်မျိုး''တစ်ရွှာတစ်ပုဒ်ဆန်းဆိုသလို အကာအကွယ် နည်းလမ်းအမျိုးမျိုးရှိပါသည်၊၊လမ်းဘက်ကို ထေ...
10/08/2014

''လမ်းဦးတိုက် အိမ် အကာအကွယ်ယူနည်းတစ်မျိုး''

တစ်ရွှာတစ်ပုဒ်ဆန်းဆိုသလို အကာအကွယ် နည်းလမ်းအမျိုးမျိုးရှိပါသည်၊၊
လမ်းဘက်ကို ထောင့်ချွန်းထားသော တြိဂံပုံ အုတ်အင်္ဂတေ သင်္ကေတ တစ်ခု ပြုလုပ်စေသည်၊၊
ထိုတြိဂုံ သင်္ကေတထဲတွင် သဲ၊ မြေဆွေး၊ ကျောက်စရစ်တို့ ထည့်စေသည်၊၊
ထို့ နောက် သိမ်(ဘုန်းကြီးကျောင်းတွင်ရှိသည်) ကိုးသိမ်မှ မြေလက်တစ်ဆုပ်စီ၊ဘုန်းတော်ကြီးကျောင်း (9) ကျောင်းမှ ရေ တစ်ခွက်စီ တောင်းယူထည့်သွင်းစေပြန်သည်၊၊
ချောင်း(9) ချောင်းမှ သဲလက်တစ်ဆုပ်စီ၊၊
တောင်(9)တောင်မှ ကျောက်ခဲတစ်လုံးစီ ထည့်သွင်းပေးရသည်၊၊
ထိုတြိဂံထဲ တွင် ကိုရံကြီးဂမုန်းပင်များ စိုက်ပျိုးစေသည်၊၊
နေ့စဉ်နံက် ၊ ည ရေမှန်မှန် လောင်းစေပြီး ရေလောင်းသည့်အခါ အောက်ပါ မန္တန်တော်ကို(9)ခေါက်ရွက်ဆိုစေပါသည်၊၊
''ဥုံ ဘုမ္မဌ ဒေ၀ံလာဘာမိ၊
ဥုံ ဘုမ္မဌ ဒေ၀ံ နာဘယံ အရောဂျံ ဓနံ
သုခံ လာဘံ ဘောဂဉ္စယာစာမိ သမ္မတ္ထိ ဒေဟိ
ဥုံ ရုက္ခဿ ဒေ၀ံ လာဘာမိ၊
ဥုံ ရုက္ခဿ ဒေ၀ံ နဘယံ အရောဂျံ ဓနံ
သုခံလာဘံ ဘောဂဉ္စ ယာစာမိ သမ္မတ္ထိ ဒေဟိ မင်္ဂလံ'''

ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)
လက္ခဏာဗေဒင် ပညာသုတေသီ...

08/08/2014

''ခုခံအားကျဆင်းရောဂါအတွက် အစွမ်းထက်သော ဂမ္ဘီရဆေးနည်း''

ဆေးနည်းကတော့ တစ်နေ့ကို ကြက်သွန်နီ (25) ကျပ်သားကို အခွံနွှာပြီးတော့ ကြက်သွန်နီမှာ ကပ်နေတဲ့ အမည်းရောင်မှိုတွေ ဘာတွေရှိနေရင် ရေစင်အောင်ဆေး၊၊အဲဒီ ကြက်သွန်နီ (25)ကြက်သားကို ငရုတ်ဆုံသန့်သန့်ထဲမှာ အရည်ထွတ်အောင်ထောင်း၊၊အဲဒီကြက်သွန်နီ သတ္ထုရည်ကို နေ့စဉ်သောက်ပေးရသည်၊၊ ထောင်းပြီးသားအဖတ်တွေကိုလည်း လွှင့်မပစ်ပဲ တစ်ကိုယ်လုံးကို အဲဒီ ကြက်သွန်နီထောင်းဖတ်တွေနဲ့ တိုက်ချပေးရမည်၊၊ ခန္ဒာကိုယ်ထဲမှာ ရှိတဲ့ ပိုး တွေ ကြာကြာမနေနိုင်ပါဘူး၊ မွှန်ပြီး အကုန်ထွတ်လာပါလိမ့်မယ်၊၊ကြက်သွန်နီ သည် HIV ပိုးတို့ကို မနိုင်ဟု ကျွှနုပ်မဆိုရဲပါ၊၊က်ျမျှ ကြီးမားသည့် ကမ္ဘာ့ ကပ်ရောဂါကြီးကို ကြက်သွန်နီကလေး ညှစ်သောက်ရုံဖြင့် ပျောက်ကင်းနိုင်ပါ့မလား၊၊အနာကြီးကျယ် ဆေးသိမ်ငယ်သည်ဟု ကျွှနုပ်မဆိုဝံ့ပါ၊၊ဝေဒနာသည်များအတွက် ဘေးထွတ်ဆိုးကျိုးကင်းသော ကြက်သွန်နီကို စမ်းသပ်ကြည့်သင့်လှပါသည်၊၊ ။

ဗအုပ်ခိုင်

Address

Pyay City

Telephone

09979500132

Website

Alerts

Be the first to know and let us send you an email when ပြည်မြို့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပြည်မြို့အိမ်ခြံမြေရောင်းဝယ်ရေးဝန်ဆောင်မှု:

Share