Shwe Kha Yee Travel

Shwe Kha Yee Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Kha Yee Travel, Passport and visa service, Pinlaung.

ပြည်တွင်းပြည်ပလေယာဥ်လက်မှတ် (Air Ticket ) , ဗီဇာဝန်ဆောင်မှု ( Visa Service ), ဟိုတယ်ဘိုကင် ( Hotel Booking ) , ပြည်တွင်းကားလက်မှတ် ( Bus Ticket ) , လေဆိပ်ကြိုပို့ ဝန်ဆောင်မှု ( Airport Transfer )

✈ ပြည်တွင်းခရီး ထွက်ဖို့ ယုံလည်းယုံကြည်ရမယ့် စျေးလည်းသက်သာမယ့် လေယာဥ်လက်မှတ် ရှာနေတယ်ဆို Shwe Kha Yee Travel ရှိနေပါတယ်န...
02/05/2026

✈ ပြည်တွင်းခရီး ထွက်ဖို့ ယုံလည်းယုံကြည်ရမယ့် စျေးလည်းသက်သာမယ့် လေယာဥ်လက်မှတ် ရှာနေတယ်ဆို Shwe Kha Yee Travel ရှိနေပါတယ်နော်

မေလအတွက် စျေးနှုန်းလေးတွေလည်း တင်လိုက်ပါပြီရှင့်
လေယာဥ်လက်မှတ်စုံစမ်းလိုသူများ

အောက်ပါ Viber နံပါတ်များ သို့ဆက်သွယ်နိုင်ပါတယ်
09650257722 / 09750121180
#ရွှေခရီး #လေယာဥ်လက်မှတ်အရောင်းဌာန #လေယာဥ်လက်မှတ် #ပြည်တွင်းလေကြောင်းခရီးစဥ်များ

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏 မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ (၂၀၂၅) ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော  ကဆုန်...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် ကဆုန်လပြည့်နေ့ (၂၀၂၅) ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခါသမယတွင် ပရိသတ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ရွှေခရီးမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲ

24/04/2026

Yangon ✈️ Bangkok လေယာဥ်လက်မှတ်အတွက် စိတ်ချရဆုံးရွှေခရီးရှိတယ်နော်
အသေးစိတ်မေးမြန်းလို့ပါက page messenger သို့ စုံစမ်းမေးမြန်နိုင်ပါတယ်ရှင့်

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဧပြီလ (၁၇) ရက် (နှစ်ဆန်းတစ်ရက်) နေ့မှ စ၍ မြန်မာပြည်သူ၊ ပြည်သားမျ...
17/04/2026

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဧပြီလ (၁၇) ရက် (နှစ်ဆန်းတစ်ရက်) နေ့မှ စ၍ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားပါစေကြောင်း

Shwe kha Yee Travel မှ

ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ....

📢 FYI ၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံး...
08/04/2026

📢 FYI

၂၀၂၆ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Myanmar Citizen ခရီးသည်များအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1️⃣ လေယာဥ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်
2️⃣ Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ပါသည်။
3️⃣ ခရီးစဥ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ပါသည်။

Crd to MAI

#လေယာဥ်

✈️📣 MAI မှ ခရီးဆောင်အိတ်အလေးချိန်များမူလအတိုင်းပြန်လည် သယ်ဆောင်နိုင်ပြီး ပြည်တွင်းခရီးစဥ်များလည်းပြန်လည်ပြေးဆွဲသွားမှာဖြ...
27/03/2026

✈️📣 MAI မှ ခရီးဆောင်အိတ်အလေးချိန်များမူလအတိုင်းပြန်လည် သယ်ဆောင်နိုင်ပြီး ပြည်တွင်းခရီးစဥ်များလည်းပြန်လည်ပြေးဆွဲသွားမှာဖြစ်ပါတယ်နော်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို ၂၆ရက်နေ့၊ မတ်လ ၂၀၂၆ မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပါသည်။

MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ အောက်ပါအတိုင်း
• Economy Class အတွက် 30KG အထိ
• Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်ပါသည်။
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လဲ အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် MAI မှ operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်ရှင်။

#လေယာဥ်လက်မှတ်

 MAI ရဲ့  ပြည်ပခရီးစဥ်တွေအတွက် ခရီးဆောင်ဆအိတ် အလေးချိန် ယာယီကတ်သန့်ချက်မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြ...
23/03/2026



MAI ရဲ့ ပြည်ပခရီးစဥ်တွေအတွက် ခရီးဆောင်ဆအိတ် အလေးချိန် ယာယီကတ်သန့်ချက်

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို လျှော့ချသတ်မှတ်ထားကြောင်းအသိပေးလိုက်ပါတယ်ရှင့်

MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်မှာ (ကွမ်ကျိုး နှင့် ဆိုးလ်-အင်ချွန်း ခရီးစဉ်များမှလွဲ၍) အောက်ပါအတိုင်း ဖြစ်ပါတယ်
နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည် အကျုံး၀င်ပါမယ်ရှင့်
• Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
• Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
• Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
• Excess Baggage: အများဆုံး ၅ ကီလိုဂရမ်
• မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးထားပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါ​ကြောင်းကိုလည်း မျှ​ေ၀ပေလိုက်ရပါတယ်ရှင့်

😍 အဲအေးရှား ရဲ့  သင်္ကြန် Promotion 🥳 58 USD  မှစတဲ့ သက်သာဆုံးစျေးနှုန်းဖြင့်  ရန်ကုန်မှ ဘန်ကောက် တိုက်ရိုက်ပျံသန်းနိုင်...
19/03/2026

😍 အဲအေးရှား ရဲ့ သင်္ကြန် Promotion 🥳

58 USD မှစတဲ့ သက်သာဆုံးစျေးနှုန်းဖြင့် ရန်ကုန်မှ ဘန်ကောက် တိုက်ရိုက်ပျံသန်းနိုင်မယ့်အပြင် ဖူးခက်၊ မနီလာ၊ မကာအို, တိုကျို နှင့် အခြားသော ခရီးစဉ်များစွာကို အသက်သာဆုံး ပျံသန်းလိုက်ပါနော်

🧐ပရိုမိုးရှင်း ကာလ : မတ်လ (၁၆) ရက်နေ့ မှ မတ်လ ( ၃၁) ရက်နေ့ ၂၀၂၆ အထိ
✈️ခရီးသွားကာလ: မတ်လ (၁၆) ရက်နေ့ ၂၀၂၆ မှ မတ်လ (၂၇) ရက်နေ့ ၂၀၂၇ အထိ

Air Asia နဲ့အတူပျံသန်းဖို့လေယာဥ်လက်မှတ်များစုံစမ်းလိုပါက Shwe Kha Yee Travel ကိုသာဆက်သွယ်လိုက်နော်

09650257722
09750121180


#လေယာဥ်လက်မှတ် #အထူးလျော့စျေး
#အဲအေးရှား

Mandalay ✈ Homalin Homalin ✈ Mandalay မန္တလေးနဲ့ ဟုမ္မလင်း အကြား ခရီးသွားများအဆင်ပြေစွာ သွားလာနိုင်ဖို့ Air Thanlwin လေက...
13/03/2026

Mandalay ✈ Homalin
Homalin ✈ Mandalay

မန္တလေးနဲ့ ဟုမ္မလင်း အကြား ခရီးသွားများအဆင်ပြေစွာ သွားလာနိုင်ဖို့ Air Thanlwin လေကြောင်းလိုင်းမှ ခရီးစဥ်များပြေးဆွဲပေးနေပါပြီရှင်

မန္တလေး – ဟုမ္မလင်း✈

ဟုမ္မလင်း-မန္တလေး✈

ခရီးစဉ်များကို Tue , Thu and Sun နေ့ရက်များတွင် ပျံသန်းပြေးဆွဲပေးနေပြီဖြစ်ကြောင်းကို တင်းကောင်းလေးပါးလိုက် ပါရစေရှင်

လေယာဉ် လက်မှတ်တွေကို စျေးသက်သက်သာသာနဲ့၀ယ်ယူလိုပါက Shwe Kha Yee Travel ကိုသာဆက်သွယ်လိုက်နော်

☎️ 09650257722, 09750121180
တို့ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါသည်။


#လေယာဥ်လက်မှတ်

Flyer တို့အတွက် မတ်လ ​စျေးနှုန်းလေးတင်ပေးလိုက်ပါပြီရှင့် ✈ March လအတွင်း ပြည်တွင်းလေယာဥ်လက်မီတ်စျေးနှုန်းများကိုအောက်ပါအ...
05/03/2026

Flyer တို့အတွက် မတ်လ ​စျေးနှုန်းလေးတင်ပေးလိုက်ပါပြီရှင့် ✈

March လအတွင်း ပြည်တွင်းလေယာဥ်လက်မီတ်စျေးနှုန်းများကိုအောက်ပါအတိုင်း ဖော်ပြပေးလ်ုက်ပါတယ်ရှင့်

ရက်အလိုက်စျေးအနည်းငယ်ကွာခြားမှုတော့ရှိပါမယ်ရှင့်

လေယာဥ်လက်မှတ်များကိုစျေးနှုန်းမှန်ကန်စွာဖြင့်၀ယ်ယူလိုပါက Shwe Kha Yee Travel ကိုဆက်သွယ်လိုက်နော်

#လေယာဥ်လက်မှတ်စျေးနှုန်းများ #ပြည်တွင်းလေယာဥ်လက်မှတ်

📢 အရေးကြီးအသိပေးချက် – ဒူဘိုင်းလေယာဉ် ခေတ္တရပ်နားခြင်းဒေသတွင်း လေကြောင်းလမ်းပိတ်ထားမှုများကြောင့် Myanmar Airways Intern...
01/03/2026

📢 အရေးကြီးအသိပေးချက် – ဒူဘိုင်းလေယာဉ် ခေတ္တရပ်နားခြင်း

ဒေသတွင်း လေကြောင်းလမ်းပိတ်ထားမှုများကြောင့် Myanmar Airways International (MAI) မှ ဒူဘိုင်းသို့/ဒူဘိုင်းမှ လေယာဉ်များကို ၂၀၂၆ credit to MAI

Address

Pinlaung

Website

Alerts

Be the first to know and let us send you an email when Shwe Kha Yee Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share