Shwe Yamin Aye - ဥပဒေ

Shwe Yamin Aye - ဥပဒေ Everyone is equal before law🖤

11/07/2026

အခုလက်ရှိထိ ဥပဒေကျောင်းသား
ကျောင်းသူလေးတွေအတွက် အခွင့်အရေး
ရှိသေးတာမလို့ လ က်လွှ တ်မခံကြနဲ့နော်

VOX - Voice of Justice Legal Network



10/07/2026

အမနဲ့ Volunteer တွေအကုန်လုံးက
မျှော်နေတာမလို့ အပြေးလာခဲ့ကြနော်

VOX - Voice of Justice Legal Network



အိမ်ထောင်ရေးဖောက်ပြန်မှုတွေအရမ်းများလာတဲ့ခေတ်မှာ အိမ်ထောင်သည်တွေအနေနဲ့ မဖြစ်မနေသိကိုသိရမဲ့ #တစ်လင်တစ်မယားစနစ်ကျင့်သုံးခြ...
09/07/2026

အိမ်ထောင်ရေးဖောက်ပြန်မှုတွေအရမ်းများလာတဲ့ခေတ်မှာ အိမ်ထောင်သည်တွေအနေနဲ့ မဖြစ်မနေသိကိုသိရမဲ့
#တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ

TELEGRAM -



09/07/2026

အားလုံး အတွက် သတင်းကောင်းလေးလာပါပြီ
ဥပဒေကျောင်းသူကျောင်းသားလေးတွေအတွက်
VOX Legal Network ရဲ့ပညာဒါန BATCH-5 က
ပြန်စနေပါပြီရှင့်

VOX - Voice of Justice Legal Network
မှာအသေးစိတ်စုံစမ်းနိုင်ပါတယ်



02/07/2026

ဥပဒေတက်ဖို့အမှတ်မမှီကြရင်လည်း
စိတ်မကောင်းမဖြစ်ကြနဲ့အုံး။
ရှေ့နေ၊တရားသူကြီး၊ဥပဒေအရာရှိမှ
မဖြစ်ရရင် ရှေ့နေ၊တရားသူကြီး၊
ဥပဒေအရာရှိနဲ့ဖြစ်ဖို့ကြိုးစားလို့ရသေးတယ်
ကလေးတို့ရေ ⚖️😁

အရမ်းရိုးသားပြီးချစ်တတ်ကြတာမလို့
Highly Recommend ပါ ဟဲဟဲ🤭



အွန်လိုင်းလိ မ်လ ည်မှုတို က်ဖျ က်ရေးဆိုင်ရာဥပဒေမူကြမ်း⚖️⚖️   #အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေမူကြမ်း
01/07/2026

အွန်လိုင်းလိ မ်လ ည်မှုတို က်ဖျ က်ရေးဆိုင်ရာ
ဥပဒေမူကြမ်း⚖️⚖️


#အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေမူကြမ်း

28/06/2026

ကဲ G12 အောင်စာရင်းလည်း
ထွက်ပြီးပြီဆိုတော့ ဥပဒေမေဂျာကို
ရွေးချယ်သင့်တဲ့အကြောင်းအရင်း 5ချက်ကို
အမကနေသေချာရှင်းပြပေးမယ်နော်

1.စီနီယာမမတွေချောလို့
1.စီနီယာကိုကိုတွေချောလို့
3.ရုပ်ချောတဲ့သူတွေပဲတက်ကြလို့
4.law family ကဆိုအကုန်ချောလို့
5.ရုပ်ချောချောနဲ့အဖွဲ့ဝင်အသစ်ဖြစ်လာဖို့

မနာလိုသူတွေကတော့မဟုတ်ဘူးပြောကြမှာပဲ
ဒါပေမဲ့ ဒါကကမ္ဘာကြီးတည်နေသ၍
မပြောင်းလဲမဲ့အမှန်တရား🥱


တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသား ကျောင်းသူများအတွက် ကျွန်မတို့ရဲ့ဥပဒေ ဘာသာရပ် (Law Major) အကြောင်းလေး ရှင်းပ...
28/06/2026

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသား ကျောင်းသူများအတွက် ကျွန်မတို့ရဲ့ဥပဒေ ဘာသာရပ် (Law Major) အကြောင်းလေး ရှင်းပြ ပါရစေ....

ဒီစာကိုဖတ်ခြင်းဖြင့် မိမိရွေးချယ်ရန် သင့်မသင့် သိရှိပြီး ရွေးချယ်နိုင်ရန် များစွာ အထောက်ကူပြုမယ်လို့ မျှော်လင့်ပါတယ်....
ပထမဆုံးအနေနဲ့ LAW ဆိုတဲ့ စကားလုံးလေးအကြောင်း ရှင်းပြချင်ပါတယ် ...
L = Land ကုန်းမြေပေါ် မြေအောက်တွင် ရှိသော
A = Air လေထဲတွင်ရှိသော
W = Water ရေပေါ် ရေအောက်တွင် ရှိသော
မည်သူမဆို အကျုံးဝင်သက်ရောက် စေရမည်လို့ အဓိပ္ပါယ်ရပါတယ်...

နောက်ပြီး ဥပဒေ ဆောင်ပုဒ်တစ်ခုကတော့
The Legal Profession Is A Noble Profession တဲ့
ဥပဒေပညာသည် အကျင့်သိက္ခာ နှင့်ပြည့်စုံသော ပညာ ဖြစ်သည် .. ဆိုပြီးဖြစ်ပါတယ်...

ဥပဒေပညာကတော့ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုဖြစ်ပါတယ်။ ဘွဲ့ကြိုသင်တန်း အတွက် တခြား ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်တွေက ၄နှစ် တက်ရပေမယ့် ဥပဒေပညာ ကျတော့ ၅နှစ် တက်ရပါတယ်။

၅နှစ်တက်ပြီးရင်တော့ ဥပဒေပညာဘွဲ့ (LL.B )ကို ရပါတယ်။ နောက်ပြီး ဒီဘွဲ့ကြိုသင်တန်းမှာကျတော့ တခြား အထူးပြုဘာသာရပ်တွေလို ဒုတိယနှစ်ကို ထူးချွန်စွာ အောင်သွားရင် ဂုဏ်ထူးတန်းဆိုပြီး မဖွင့်ပါဘူး။ ပဉ္စမနှစ်(နောက်ဆုံးနှစ်) ပြီးမှ မဟာတန်း နဲ့ မဟာအရည်အချင်းစစ်သင်တန်းဆိုတဲ့ ဘွဲ့လွန်သင်တန်းတွေပဲ ရှိတာပါ။ ၇ နှစ် တတ်ပြီးရင်တော့ ( LL.M) ကိုရပ်တယ်...တခြား သိပ္ပံဘာသာရပ်တွေလို Practical နဲ့ Tutorial ၂ခုလုံး မလုပ်ရပဲ Tutorial တစ်ခုထဲပဲ လုပ်ရပါတယ်။

ကျောင်းပြီးလို့ ဘွဲ့ရရင်လည်း အလုပ်အကိုင် အခွင့်အလမ်းက မရှားပါဘူး။ ဘွဲ့ရရင် ရှေ့နေချည်းပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ ကိုယ်က အစိုးရဝန်ထမ်းအလုပ် စိတ်ဝင်စားရင် တရားသူကြီး၊ ဥပဒေအရာရှိ၊ ဝန်ကြီးဌာနတွေမှာ ဦးစီးအရာရှိတွေ၊ဒုရဲအုပ်တွေ တက္ကသိုလ်ဆရာ/ဆရာမတွေ စစ်ဘက်ဆိုင်ရာ စိတ်ဝင်စာရင်လည်း စစ်တရားရုံးတွေမှာ ဝင်လျှောက်လို့ ရပါတယ်။ တခြား အပြင်ကုမ္ပဏီတွေမှာ ဥပဒေအကြံပေးတွေ law firm တွေမှာလည်း လုပ်လို့ရပါတယ်။ အပြင်စီးပွားရေး လုပ်မယ် ဆိုရင်လည်း ကိုယ်က ဥပဒေနဲ့ကျောင်းပြီးထားတော့ သူများက ကိုယ့်ကို လိမ်လို့ ပတ်လို့မရဘူးပေါ့။

ဥပဒေပညာက မခက်ပါဘူး။ စာ အများကြီးကျက်ရပေမယ့် အတန်းချိန် မှန်မှန် တက်၊Tutorial ပုံမှန်ဖြေရင် အဆင်ပြေပါတယ်။ ဥပဒေပညာဟာ ဥပဒေပြဌာန်းချက် တွေကိုပဲ အလွတ်ကျက် နေရတဲ့ဘာသာမဟုတ်ဘဲ လေ့လာသင်ယူထားတဲ့ ဥပဒေတွေကို အမှုတွေမှာ လက်တွေ့ ဘယ်လိုအသုံးချမှာလဲ တွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းဥပဒေသာမက အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကိုပါ လေ့ကျင့်သင်ကြားပေးတဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။ ကိုယ်တော်ရင် တော်သလို နိုင်ငံခြားတက္ကသိုလ်တွေဆီမှာလည်း scholar တွေ လျှောက်လို့ရပါတယ်။ ကျောင်းတွင်း ကျောင်းပြင် club တွေ အဖွဲ့စည်းတွေမာ ဝင်ရောက် နိုင်ပါတယ်...

ကျောင်းမှာမကြာမကြာ သရုပ်ပြ တရားရုံးတွေလည်း လုပ်ပါတယ်။ အဲ့ဒီပွဲကို Law ကျောင်းသားတွေပဲ ကိုယ်တိုင် သရုပ်ဆောင်လုပ်ရတော့ တကယ့် တရားခွင်ထဲက အတိုင်းပဲ မြင်တွေ့ရတော့ တရားရုံးနဲ့ ပတ်သက်ပြီး မစိမ်းတော့ဘူးပေါ့။ နောက်ပြီး တစ်နှစ်တစ်ခါ လွှတ်တော်ကို လေ့လာရေးခရီးစဉ် အနေနဲ့ သွားရတော့ ဗဟုသုတတွေလည်း ရပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူသွားရတာဆိုတော့ ပျော်စရာလည်း ကောင်းပါတယ်...

ကျောင်းပိတ်သွားရင်လည်း Internship program တွေလည်း လုပ်တော့ ဥပဒေတွေကို လက်တွေ့ကျကျ လေ့လာရတာပေါ့။

ကိုယ်က ဥပဒေကို နားလည်တော့ သူများ ကိုယ့်ကို မတရားတာ လုပ်လာရင် ဥပဒေအရ ဘယ်လို ကာကွယ်ရမယ် ဥပဒေကို တက်ကျွမ်းနားလည်ထားတော့ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဥပဒေဗဟုသုတတွေ ပြန်လည်ဝေမျှနိုင်တဲ့ အတွက် ဥပဒေပညာကို ရွေးချယ်လိုက်တာက လုံးဝ မမှားပါဘူး။

ကျွန်မအတွက်ကတော့ ဥပဒေ ပညာကို ရွေးချယ်ခဲ့ရခြင်းအတွက် ပတ်ဝန်းကျင်မာ ကိုယ်ဟာ ဥပဒေ ကျောင်းသားတစ်ယောက်ဖြစ်တယ် ဆိုတဲ့ အသိနဲ့တင် အရာရာမှာ ကျွန်မဂုဏ်ယူမိနေပါတယ်...

မောင်လေးညီမလေး တို့အနေနဲ့ မိမိ ရွေးချယ်ရမည့် မိမိ တတ်ရောက်ရမည့် ဘာသာရပ်အကြောင်း သေချာလေ့လာရွေးချယ်နိုင်ပြီး မှန်ကန်သော ရွေးရွယ် မှုများ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ....



အပတ်စဉ် ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ရန်သတ်မှတ်ကြေညာ၊ နေပြည်တော် မတ် ၂၂    ...
22/03/2026

အပတ်စဉ် ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏
ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ရန်
သတ်မှတ်ကြေညာ၊ နေပြည်တော် မတ် ၂၂


18/03/2026

FOURTH YEAR ချင်းအတူတူတောင်
တစ်ခုကတော့ရက်ရက်စက်စက်ပဲ

Paper 6 ခုလို့ကြားတယ်🤪


Address

Pathein

Telephone

+959268279528

Website

Alerts

Be the first to know and let us send you an email when Shwe Yamin Aye - ဥပဒေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category