မင်္ဂလာပါသူဋ္ဌေးမင်း - အိမ်၊ခြံ၊မြေရောင်းဝယ်ရေး

  • Home
  • Myanmar
  • Maymyo
  • မင်္ဂလာပါသူဋ္ဌေးမင်း - အိမ်၊ခြံ၊မြေရောင်းဝယ်ရေး

မင်္ဂလာပါသူဋ္ဌေးမင်း - အိမ်၊ခြံ၊မြေရောင်းဝယ်ရေး မင်္ဂလာပါသူဌေးမင်း..အိမ်ခြံမြေရောင?

ပြင်ဦးလွင်မြို့ရဲ့ အေးချမ်းတဲ့လေနုအေးကို ခံစားရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း အနားယူချင်သူတွေအတွက် အထုပ်ဆွဲပြီး လက်တင်န...
03/06/2026

ပြင်ဦးလွင်မြို့ရဲ့ အေးချမ်းတဲ့လေနုအေးကို ခံစားရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း အနားယူချင်သူတွေအတွက် အထုပ်ဆွဲပြီး လက်တင်နေရုံ အသင့်ပြင်ဆင်ထားတဲ့ အိမ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေ။
လမ်းနှစ်ဘက်တင် ဒေါင့်ကွက်ဖြစ်လို့ လေဝင်လေထွက်နဲ့ သဘာဝအလင်းရောင် ကောင်းကောင်းရရှိမယ့် နေရာကောင်းလေးတစ်ခု ဖြစ်ပါတယ်။
📍 **တည်နေရာ**
ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ လက်ပံကုန်း။
# # # 🏡 အိမ်နှင့် မြေ အကျယ်အဝန်း
* **မြေအကျယ်:** 40 x 60 ပေ
* **အိမ်အကျယ်:** 32 x 34 ပေ
* **အရပ်အလှည့်:** အရှေ့အလှည့် နှင့် တောင်အလှည့် (လမ်းနှစ်ဘက်တင် ဒေါင့်ကွက်)
# # # 🛋️ အိမ်တွင်း ဖွဲ့စည်းပုံများ
မိသားစု နေထိုင်ရန်အတွက် နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်သပ်ရပ်ရပ် ဖွဲ့စည်းထားပါတယ်။
* ဧည့်ခန်း (Living Room)
* Master Bedroom (၂) ခန်း
* Single Bedroom (၁) ခန်း
* ဘုရားခန်း (Shrine Room)
* မီးဖိုချောင် နှင့် ထမင်းစားခန်း (Kitchen & Dining Room)
* အများသုံး ရေချိုးခန်း နှင့် အိမ်သာ (Common Bath & WC)
✨ အထူးပါဝင်သော အချက်များ
* ရေပူ၊ ရေအေး စနစ် တပ်ဆင်ထားပြီးဖြစ်ပါသည်။
* ရေအားကောင်းစေရန် Compressor ပါဝင်ပါသည်။
* ဘာမှ ထပ်မံပြင်ဆင်စရာမလိုဘဲ လက်တင်နေရုံ အသင့် နေထိုင်နိုင်ပါသည်။
💰 ရောင်းချမည့် ဈေးနှုန်းသိန်း ၄,၃၅၀ (ဈေးနှုန်း အလျော့အတင်း ညှိနှိုင်းနိုင်ပါသည်)
အသေးစိတ် သိရှိလိုပါက သို့မဟုတ် အိမ်လာရောက်ကြည့်ရှုလိုပါက အောက်ပါဖုန်းနံပါတ်သို့ ယခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
☎️ ဆက်သွယ်ရန်ဖုန်း:09-663596149

မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေ။
17/03/2026

မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေ။

မင်္ဂလာရှိသော နံနက်ခင်းပါ 🙏🙏🙏
29/01/2026

မင်္ဂလာရှိသော နံနက်ခင်းပါ 🙏🙏🙏

24/01/2026
22/01/2026

ရန်ကုန်ရောက်လို့ မြန်မာထမင်းဟင်း ကောင်းကောင်း စားချင်သူတွေအတွက် အကောင်းဆုံး မြန်မာထမင်းဆိုင် (၃၀)

Myint Lwin အကောင့်ကနေ တင်ထားတဲ့ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး မြန်မာထမင်းဆိုင် (၃၀) ကို ဖော်ပြပေးလိုက်ပါတယ်-

၁။ ခိုင်စိုးစိုး သုဝဏ္ဏလမ်းဆုံ - သူက သုဝဏ္ဏဘက်မှာတော့နာမည်ကြီးပဲ ကားနေရာဘယ်တော့မှမရဘူး။ လိပ်စာက သံသုမာလမ်းမကြီးပေါ် သုဝဏ္ဏလမ်းဆုံနားမှာ မင်မင်က အဲ့ဆိုင်က ဆိတ်ရိုးပဲကြိုက်တယ် ပုဇွန်ထုပ်ကြိုက်တယ်။ လုဝယ်လုစားရတာ၊ ၁၂:၃၀ လောက်လာရင် အိုးဆေး ရမယ်။ ဟင်းမစုံတော့ဘူး။ မြောက်ဒဂုံမှာ ခုဆိုင်ခွဲတခုထပ်ဖွင့်ထားတယ် Customer Service လဲကောင်းတယ်။

၂။ ဇဝန ထမင်းဆိုင် သင်္ဃန်းကျွန်း - ဒီဆိုင်ကတော့ နာမည်လဲကြီးသလိုစျေးလဲကြီးတယ်။ ဒါပေမယ့်အရသာကရှယ် သူ့ဆိုင်က လေးထောင့်ကန်လမ်းမပေါ်မှာ Radio New Frequency မျက်စောင်းထိုးလောက်မှာ အဲ့ဆိုင်ရောက်ရင်အမြဲစားဖြစ်တာက ဆိတ်သားလုံးရယ် ငါးမြင်းဗိုက်သားရယ် ဆိတ်ဦးနှောက်ရယ် ဘဲပေါင်းရယ် ငါးသလောက်ပေါင်းရယ် စျေးနည်းနည်းကြီးတာကလွဲလို့ စားကောင်းချက်ကလက်လန်တယ်။

၃။ မြကန်သာဦးအုန်း မြန်မာထမင်းဆိုင် - ဒီဆိုင်ကတော့ ငါးပိကြော်နာမည်ကြီးတယ်။ အရမ်းကြိုက်တယ် ဦးအုန်းကြီးက ကိုဗစ်ကာလတုန်းကဆုံးသွားတယ်။ သူ့ဆိုင်ကအရသာကောင်းတယ် ဦးအုန်းဆိုင်က ပုဇွန်ထုပ်ချက်နဲ့ ဝက်အချိုချက်ကြိုက်တယ်။ သူက ဆန်းဒေးတရက်ပိတ်တယ် အရသာလေးလေးပင်ပင်နဲ့ စားကောင်းတယ်။ ရန်ကုန် တိရစ္ဆာန်ရုံ ဗိုလ်မင်းရောင်လမ်း ဝင်ပေါက်နားမှာဆိုင်အသစ်ဖွင့်ထားတယ်

၄။ ပွင့် သန်လျင် - သန်လျင်ကညနရုံးနားက ပွင့် ထမင်းဆိုင်က အဲ့ဆိုင်က ငါးဘတ်မွှေကောင်းတယ်။ စျေးတော့နည်းနည်းများတယ်။ သူလဲကားအပြည့် စျေးကြီးတဲ့အထဲပါတယ်။ အရသာကောင်းတယ် သန့်ပြန့်နေတယ် အဲယားကွန်းလဲပါတော့ စားရတာ သက်တောင့်သက်သာရှိတယ်။

၅။ လှမြန်မာ ရွှေဘ ထမင်းဆိုင် - ဒီထမင်းဆိုင်က ကိုယ့်ဖေးဘရိတ် အရသာကရှယ်၊ ငါးဘတ်မွှေရယ် ဘဲဥဟင်းရယ်နောက်ပြီး ပုဇွန်ဘော့ကျိတ်လေးတွေရယ် ကြိုက်တယ်။ သူ့ဆိုင်က ဘာစားစားကောင်းတယ် ဦးဝိစာရလမ်း Denko ဘေးကဝင်ရတယ်။

၆။ နွေမ ထမင်းဆိုင် သာကေတ - သာကေတမြင်တော်သာလမ်းက နွေမထမင်းဆိုင်စားကောင်းတယ် အိမ်ချက်လေးနဲ့တူတယ်။ သူ့ဆိုင်က ငါးခူ မကျဉ်းချက်လေးစားကောင်းတယ်။ တခြားဟင်းတွေလဲကောင်းပါတယ်။

၇။ သံလျှက်စွန်းက မော်လမြိုင်ဒေါ်ရီ - သူ့ဆိုင်မှာအကြိုက်ဆုံးက ငရုတ်သီဆားထောင်းနဲ့ ငါးပိရည်ကြို အရမ်းကြိုက်တယ်။ ကြက်သားအာလူးဟင်းလေးလဲကြိုက်တယ်။ ကြက်ကြော်လေး ကြော်ထားတာ ကြွပ်ရွနေရောပဲ။ သူက အိမ်ဆိုင်လေးနဲ့တူတယ် တော်တော်စားကောင်းတယ်။ အခုက ခြံစည်းရိုးကြီးခတ်ထားတော့ နည်းနည်းတော့ သွားရခက်တယ်။

၈။ အောင်သုခ မြန်မာထမင်းဆိုင် - အခုလိုစျေးတွေတက်တဲ့ကာလမှာ စျေးသက်သက်သာသာနဲ့ ရောင်းပေးတယ်။ အရသာက အရင်ကလောက် ရင်ထဲမရောက်တော့ဘူး။ ဒါပေမယ့်သူတို့ဆိုင်က တည်ပေးတဲ့ ဟင်းချိုရည်လေးကတော့ အခုထိကောင်းတုန်း။

၉။ ရန်ကင်းက ဒေါ်ငွေကြည် - ရန်ကင်းလမ်းမ ရန်ရှင်းလမ်းသွယ် ၇ ထဲက မော်လမြိုင် ဒေါ်ငွေကြည် ။ ၁၉၈၈ အရေးအခင်းကာကတည်းက ဖွင့်တာ အရသာကောင်းတယ်။ စျေးတော့ နည်းနည်းများတယ် ကိုယ်တော့ အရမ်းကြိုက်တဲ့ အထဲမှာ မပါဘူး။

၁၀။ ဇွဲ ဘုရင့်နောင် - သူက ဘုရင့်နောင်လမ်းဆုံအကျော်လေးပဲ ထိုင်စားရတယ်။ စားပွဲဝိုင်းနဲ့ သူချက်တဲ့ပုံစံက အိမ်ချက်လိုမျိုးပဲ စားလို့ကောင်းတယ်။ အဲ့ဆိုင်က ငါးရံ့အူကြိုက်တယ်။ လက်ရည်တပြင်တည်းစားရတာဆိုတော့ မိုက်တယ် စျေးတော့နည်းနည်းပြင်းတယ်။

၁၁။ စက်ဆန်း New Day ဆီဆိုင်ဘေး လမ်းကြားထဲက မွန်မ မြန်မာထမင်းဆိုင် - အဲ့ဆိုင်ကငါးသလောက်ပေါင်း ငါးခေါင်းကောင်းတယ် ဆိုင်အနေအထားနဲ့ ယူတဲ့စျေးများတယ်ထင်လို့ မစားဖြစ်တာတော့ကြာပြီ။

၁၂။ အလုံဆင်မင်းစျေးနားက ဝင်းမေတ္တာ - ဒီဆိုင်ကတော့ စျေးကြီးပါတယ် ဆိုတဲ့ ဆိုင်တွေထက် နည်းနည်းစျေးပိုကြီးတယ်။ ဒါပေမယ့်သူက ဆီအသန့်သုံးတယ်။ စားရတာအဆင်ပြေတယ်။ အရသာကောင်းတယ် ရင်ထဲတော့ထိမနေဘူး လမ်းကြုံရင်တော့ဝင်စားဖြစ်တယ် ကောင်းတဲ့ဆိုင်ထဲမှာပါတယ်။

၁၃။ စေတနာရှင် မြန်မာထမင်းဆိုင် - ဒီဆိုင်က လှိုင်ဓမ္မာရုံလမ်းထဲက အရင်က ပျဉ်ထောင်အိမ်လေး အခုတော့တိုက်ကြီးနဲ့ဖြစ်သွားပြီ။ အရင်ကိုယ်တွေ ဝိုင်အိုင်တီကျောင်းသားဘဝကတည်း ကစားခဲ့တဲ့ ဆိုင်လေး အဲ့ဆိုင်က အရင်စားတုန်းက အရသာတော့မမီတော့ဘူး။ စေတနာရှင်ဆိုတဲ့အတိုင်း ဆိုင်ရှင်အမလင်မယားက အရမ်းသဘောကောင်းတယ် ကျောင်းသားဘဝကဆို ထန်းလျက်ဖြူတွေ ပါဆယ်ပါဆွဲတာလဲ ပြုံးပြုံးပြုံးပြုံးပဲ သူငယ်ချင်းတွေအချင်းချင်းစကြတယ် မင်းတို့လုပ်တာ စေတနာရှင်ကနေ ဦးစိတ်တိုနဲ့ မျောက်ညိုဖြစ်တော့မယ်ဆိုပြီး။

၁၄။ ကုန်းမြင့်သာ စားတော်ဆက် - သူကတော့ ကိုယ်တွေလူပျိုဘဝကတည်းကစားခဲ့တဲ့နေရာပါ အရသာကတော့အခုအထိကောင်းတုန်းပါပဲ အထူးသဖြင့် စီးပွားရေးကိစ္စ နေ့လည်စာ စားရင်း စကားပြောမယ်ဆို ဒီဆိုင်ကိုသဘောကျတယ် အဲ့ဆိုင်က အမဲနှပ်ကြိုက်တယ် အခုရွှေတောင်ကြားထဲမှာ ဆိုင်အသစ်ထပ်ဖွင့်ထားတယ်။

၁၅။ မြင့်မိုရ် မေတ္တာလမ်း တောင်ဥက္ကလာ - One Stop Mart ရှေ့ကဆိုင်လေး စျေးတော်တော်တန်ပြီး အရသာလဲကောင်းတယ် စေတနာပါတယ် ခံစားရတယ်။ စားကို စားကြည့်သင့်ပါတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။

၁၆။ မေတ္တာရိပ် မေတ္တာလမ်း တောင်ဥက္ကလာ - မေတ္တာရိပ်ထမင်းဆိုင်လေးက ဆိုင်နာမည်အတိုင်းအေးအေးချမ်းချမ်းလေး အရသာလဲကောင်းစျေးလဲသင့် သန့်ရှင်းသပ်ရပ်တယ် မြန်မာထမင်းဟင်းသဘောကိုက လုစားအလှုမှာစားရသလိုစားချင်တော့ အကြိုက်တော့ သိပ်မတွေ့လှဘူး အတွဲနဲ့ဆိုရင်တော့ထိုင်ဖြစ်တယ်

၁၇။ တိုင်းရင်းသား - ဒီဆိုင်က ထိုင်လို့ကောင်းတယ် မန်းလေးကမိတ်ဆွေလာရင် အာပုံဝယ်ဝယ်ပြန်သွားတယ် စီးပွားရေးကိစ္စ နေ့လည်စာ စားလို့ကောင်းတဲ့နေရာလေးပါ။

၁၈။ ဇနက မြန်မာထမင်းဆိုင် အောင်ဇေယျလမ်း - လူငယ်တွေဦးစီးတဲ့ The Lord အဖွဲ့ကလုပ်တာဆိုတော့ အစစအရာရာ အဆင်ပြေစားကောင်းတယ်သူ့ရဲ့အားသာချက်က ဟင်းတော်တော်စုံစုံရတယ်။

၁၉။ ဓနုဖြူဒေါ်စောရီ ကန်လမ်း - ကန်လမ်းက ဓနုဖြူဒေါ်စောရီဆိုင်ကြိုက်တယ် အရသာထိထိမိမိရှိတယ် ခံစားရတယ်။

၂၀။ ရွှေညာသူမြန်မာထမင်းဆိုင် - အလုံ ကွင်းကျောင်းလမ်းက ရွှေညာသူ ဆိုင်လည်းကောင်းတယ်။ သူ့ဆိုင်က ဟင်းအရံပေးတဲ့ နှမ်းဖတ်ချဉ်သုတ်က အညာအရသာအတိုင်း။ သူ့ဆိုင်က ဆိတ်ပဲကနာမည်ကြီး။ ငရှဉ့်ချက်လည်းရတယ်။

၂၁။ ၃၇ လမ်း ‌အပေါ်ဘလောက်က ၂၀၃ ထမင်းဆိုင် - ဒီဆိုင်ကတော့စားလိုက်တာနဲ့ အိမ်ကိုလွမ်းသွားစေတယ်။ နှစ်ပေါင်း ၄၀ ကျော်ရှိပြီ ဝက်နံရိုး အချိုချက်က စားနေကြအရမ်းကြိုက်ပေမယ့် ရောက်တာနောက်ကျလို့ ကုန်၊ ငါးသလောက်ပေါင်းကလဲ အရိုးတွေပါစားလို့ရတယ် ကြက်သွန်နီချိုချိုလေးနဲ့ ပဲကြီးနှပ်နဲ့ စားပြီး မင်မင်တော့ ရောက်ရှိချက်က စားပီး အိမ်ပြန်အိပ်တော့တာပဲ။

၂၂။ မြောက်ဥက္ကလာ တံတားအဆင်းက မွန်မလေး - မွန်မလေးက စားကောင်းစျေးတန် လူ အမြဲအပြည့် နောက်ပိုင်းအဲ့ဘက်လမ်းမကြုံတာနဲ့ မရောက်ဖြစ် ဘာစားစားကောင်းတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။

၂၃။ ခါလာကြီး ဇီးရိုးမိုင် - ခါလာကြီးစားဖူးရင် တော်ရုံဆိုင်က အမဲနှပ်မတိုးတော့လောက်အောင်စ ားကောင်းပါတယ် အရံဟင်း ၂၀ လောက်ချပေးတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။

၂၄။ ဗဟိုလမ်း အာရှတော်ဝင်မျက်စောင်းထိုးက စွဲ - သူကတော့ နှစ်ပေါင်း ၂၄ နှစိလောက်ရှိပါပြီ မြန်မာထမင်းဟင်းတွေစားကောင်းတယ်။

၂၅။ လှိုင်ကားဝယ်ရောင်းဝင်းထဲက မိသားစု ထမင်းဆိုင်

၂၆။ စက်ဆန်း ရွှေညောင်ပင် - အရသာသင့် စျေးနှုန်းသင့်ပါတယ်

၂၇။ ကန်တော်လေး ပိတောက်ရွှေဝါ - ဆိတ်သားအလွန်မိမိုက် ငါးခေါင်းရှယ် မနုသနီသောက်လို့ကောင်း ထမင်းစားချိန်မှာ မြိန်သွား စေမယ်။ ဟင်းအမယ်အားလုံး အရမ်းကောင်းတယ် ကြက်သားလဲ နူးအိ။ ၂ ဆိုင်ရှိတယ်။ ၉၃ လမ်းထဲကဆိုင်က ပိုစားကောင်းတယ်။

၂၈။ စမ်းချောင်း ဦးပြောင် - ငါးရံ့ခေါင်း ရှယ်၊ ပဒုမ္မာလမ်း ဦးပြောင်။

၂၉။ အလုံဝေဘောဂီလမ်းထဲက ရွှေဖူးခိုင် - စျေးသင့်ပြီး အိမ်ချက်စားကောင်းတယ်။

၃၀။ ရေတာရှည်လမ်း ကို သွားတဲ့ ယုဇန Hotel ဘေးက လမ်းထဲက ဦးမှန်း မြန်မာထမင်းဆိုင်

#ရန်ကုန်
#မြန်မာထမင်းဆိုင်

[ပြင်ဦးလွင်၊ သဲဖြူချောင်း မြေကွက်ကောင်းများ ရောင်းရန်ရှိသည်] 📍​မိုးကုတ်လမ်းမကြီးဘေး၊ မော်ကွန်းဗီလာအနီးမှာ ပိုင်ဆိုင်မှုခ...
20/01/2026

[ပြင်ဦးလွင်၊ သဲဖြူချောင်း မြေကွက်ကောင်းများ ရောင်းရန်ရှိသည်] 📍
​မိုးကုတ်လမ်းမကြီးဘေး၊ မော်ကွန်းဗီလာအနီးမှာ ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေကွက်ရှာနေပါသလား?
✅ လန (၃၉) ကျပြီးသား (ရာနှုန်းပြည့် စိတ်ချရ)
✅ ဈေးနှုန်း - ၆၉၀ သိန်း မှ စတင်၍ (ဈေးနှုန်းမျိုးစုံရှိ)
✅ အသုံးချမှု - စီးပွားရေးလုပ်မလား? အိမ်ဆောက်မလား? အမြတ်အစွန်းအတွက် သိမ်းထားမလား?
​📞 အသေးစိတ်ကို အခုပဲ ဖုန်းဆက်မေးမြန်းလိုက်ပါ-
09663596149 (သို့မဟုတ်) Viber 09784536029 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
​ #ပြင်ဦးလွင်အိမ်ခြံမြေ #သဲဖြူချောင်း #မိုးကုတ်လမ်းမကြီး

မင်္ဂလာရှိသောနံနက်ခင်းပါ  "ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ အိမ်ခြံမြေ ရောင်းသူ၊ ဝယ်သူနှင့် အကျိုးဆောင်များအားလုံး စိတ်သွားတ...
20/01/2026

မင်္ဂလာရှိသောနံနက်ခင်းပါ
"ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ အိမ်ခြံမြေ ရောင်းသူ၊ ဝယ်သူနှင့် အကျိုးဆောင်များအားလုံး စိတ်သွားတိုင်း ကိုယ်ပါ၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ မိမိတို့ ရောင်းချလိုသော မြေကွက်နှင့် အိမ်ဂေဟာများ အမြန်ဆုံး အောင်မြင်စွာ ရောင်းထွက်ပါစေ။"

"အိမ်ခြံမြေ ရောင်းဝယ်ခြင်းဖြင့် ရရှိလာသော အကျိုးအမြတ်များသည် ရေတွက်၍မကုန်နိုင်အောင် များပြားပါစေ။ ငွေဝင်ကြမ်းပြီး လာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ။"

"ရောင်းသူနှင့် ဝယ်သူကြားတွင် ကြည်ဖြူစွာဖြင့် သဘောတူညီမှုများ ရရှိကြပါစေ။ ဝယ်ယူသူများအနေဖြင့်လည်း မိမိတို့ စိတ်တိုင်းကျပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အိမ်ဂေဟာကောင်းများကို ပိုင်ဆိုင်ခွင့်ရရှိပါစေ။"

"အိမ်ခြံမြေ အကျိုးဆောင်များအနေဖြင့် စကားလက်ဆောင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး စေတနာရှေ့ထား လုပ်ကိုင်ခြင်းကြောင့် လူချစ်လူခင် ပေါများကာ အလုပ်အကိုင်ကောင်းကြပါစေ။

"မင်္ဂလာရှိသော နံနက်ခင်းပါရှင်/ခင်ဗျာ...ယနေ့ကျရောက်သော နေ့သစ်မှာ အိမ်ခြံမြေအကျိုးဆောင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖ...
19/01/2026

"မင်္ဂလာရှိသော နံနက်ခင်းပါရှင်/ခင်ဗျာ...
ယနေ့ကျရောက်သော နေ့သစ်မှာ အိမ်ခြံမြေအကျိုးဆောင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
​မိမိတို့ ကိုင်တွယ်ထားသော အရောင်းအဝယ်ပတ်ကွက်များ အမြန်ဆုံး အောင်မြင်ပါစေ။
​စိတ်ရင်းစေတနာကောင်းမှုကြောင့် ဖောက်သည်ကောင်းများစွာနှင့် ဆုံစည်းရပါစေ။
​ဖုန်းတစ်ချက်ဆက်ရုံဖြင့် 'ရောင်းမယ်/ဝယ်မယ်' ဆိုသည့် သတင်းကောင်းများ ဆက်တိုက်ကြားရသော နေ့ထူးနေ့မြတ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။"

မင်္ဂလာနံနက်ခင်းပါ။
19/01/2026

မင်္ဂလာနံနက်ခင်းပါ။

မင်္ဂလာရှိသော နံနက်ခင်းလေးဖြစ်ပါစေ
16/01/2026

မင်္ဂလာရှိသော နံနက်ခင်းလေးဖြစ်ပါစေ

Address

အမှတ် (ဎ ၉၀) ချယ်ရီလမ်း၊ ရတနာနှင့်ပြည်သာယာ
Maymyo

Alerts

Be the first to know and let us send you an email when မင်္ဂလာပါသူဋ္ဌေးမင်း - အိမ်၊ခြံ၊မြေရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မင်္ဂလာပါသူဋ္ဌေးမင်း - အိမ်၊ခြံ၊မြေရောင်းဝယ်ရေး:

Share

Category