SOS Law Firm & Legal Service Group

SOS Law Firm & Legal Service Group Law Firm & Legal Service

စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင် သိထားရမည့်အချက်အလက်များ(၁) မြေငှားဂရန်မူရင...
22/06/2023

စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌

မြေကွက်အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်

ချုပ်ဆိုရာတွင် သိထားရမည့်အချက်အလက်များ

(၁) မြေငှားဂရန်မူရင်း (သို့)မြေပိုင်မြေဖြစ်ကပိုင်ဆိုင်မှုစာချုပ်မူရင်း

(၂) မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှထုတ်ပေးသည့်တစ်နှစ်သက်တမ်း(Up Date)ရှိအရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရန်သက်သေခံမြေပုံ(၂)ချပ်နှင့်ရာဇ၀င်(၁)မူရင်း

(၃) ကာလတန်ဖိုးစီစစ်ရေးအဖွဲ့မှသတ်မှတ်ထားသည့်ငွေသွင်းချလံမူရင်းနှင့်အခွန်တံဆိပ်ခေါင်းများ

ရုံးခွန်တံဆိပ်ခေါင်းရရှိရေးအတွက်

(က) သက်ဆိုင်ရာကာလတန်ဖိုးစီစစ်သက်မှတ်ရေးအဖွဲ့သို့ဂရန်(သို့)မြေပိုင်မြေပိုင်ဆိုင်မှုစာချုပ်၊အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုရန်မြေပုံရာဇ၀င်၊မြေကွက်ဓာတ်ပုံ(၃)ပုံ(ရှေ၊ဝဲ၊ယာ)၀ယျယူသူ၏နိုငျငံသားကတျနှငျ့အိမျထောငျစုစာရငျး၊ခငျပှနျး(သို့)ဇနီးနှင့်မိဘများကွယ်လွန်ကမှတ်ပုံတင်သွင်းထားသည့်အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊အရောင်းအ၀ယ်အရပ်ကတိစာချုပ်၊ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ကအထူးကိုယ်စားလှယ်လွှဲစာ ယင်းတို့၏မိတ္တူ(၆)စုံတင်သွင်းရပါမည်။

(ခ) တိုင်းကာလတန်ဖိုးစီစစ်သတ်မှတ်ရေးအဖွဲ့မှနှစ်ပတ်အတွင်းမြေကွက်အတွက်တန်ဖိုးသတ်မှတ်ပြီးကသက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနတွင်(၁၃.၈.၂၀၁၂)မှစ၍တံဆိပ်ခေါင်းခွန်(၄%)နှင့်၀ယ်ခွန်၃%ချလံရေးသွင်း၍သက်ဆိုင်ရာဘဏ်တွင်ငွေသွင်းရပါမည်။ယင်းဘဏ်ချလံဖြင့်မြို့နယ်အခွန်ရုံးတွင်တံဆိပ်ခေါင်းများထုတ်ယူရပါမည်။မြို့နယ်အခွန်ရုံးမှ၀င်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရအခွန်တောင်းခံလွှာ ပတစ (၀င)-၈ထုတ်ပေးပါသည်။

မှတ်ချက် # # မြေတန်ဖိုးသိန်း၁၀၀၀ကျော်ကနေပြည်တော်ရှိသက်ဆိုင်ရာဋ္ဌာန၏အတည်ပြုချက်ရယူရပါမည်။

(၄) မြေကွက်အရောင်းအ၀ယ်စာချုပ်(၁)စောင်

(၅) ရောင်းသူ၀ယ်သူသက်သေနှစ်ဦးတို့၏နိုင်ငံသားစီစစ်ရေးကတ်မူရင်း

(၆) ကိုယ်စားလှယ်လွှဲစာဖြင့်ချုပ်ဆိုကပေးအပ်ထားသည့်ကိုယ်စားလှယ်လွှဲစာ(sp/GP)ပေးသူယနေ့တိုင်သက်ရှိထင်ရှားရှိကြောင်းနှင့်ယင်းကိုယ်စားလှယ်လွှဲစာအားပြန်လည်မရုတ်သိမ်းသေးခြင်းမှန်ကန်ကြောင်းတရားရုံးကျမ်းကျိန်လွှာမူရင်း

(၇) ကိုယ်စားလှယ်လွှဲစာအားကန့်ကွက်ချက်မရှိကြောင်းစာချုပ်ရုံးတာ၀န်ခံ၏ထောက်ခံချက်

(၈) ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်မှာရန်ကုန်/မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းဖြစ်ကကာလတန်ဖိုးအပေါ်တံဆိပ်ခေါင်းခွန်(၇%)ထမ်းဆောင်ရန်၊ကျန်ဒေသအားလုံးကာလတန်ဖိုးအပေါ်တံဆိပ်ခေါင်းအခွန်(၅%)ထမ်းဆောင်ရမည်။
(ပြောင်းလဲမှုလဲရှိနိုင်ပါသည်)

စာ သား -Crd

08/06/2023

◾လယ်ယာမြေ #ပုံစံ၇ မှ➡️မြေဂရန်သို့လျှောက်ထားရန် နည်းလမ်း📍

◾လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိထားသော မြေကွက်ကို အမည်ပေါက် ခြံဂရန် လုပ်ကိုင်လိုသည့် အတွက် အရင်ဆုံးဆောင်ရွက်ရန်မှာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀(ခ) အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယောမြေကို အခြားနည်း ဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်မြေစီမံခန်ခွဲမှု အဖွဲ့၏ ထောက်ခံချက်ကို အရင် ရအောင် လျှောက်ထားရန်လိုပါသည်။

➡️လျှောက်ထားရန်ရုံးမှာ

မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန( ယခင်အခေါ်(မြေစာရင်းရုံး) တွင် လျှောက်ထားရပါမည်။ လျှောက်ထားရမည့် ပုံစံမှာ ပုံစံ(၁၄) ဖြစ်ပါသည်။ ၂၀၁၂ လယ်ယာမြေဥပဒေ စာအုပ်ကို ဝယ်လိုက်လျှင် နည်းဥပဒေများပါတစ်ခါတည်းပါရှိပါသည်။ ဆိုင်ရာရုံးသို့ သွားလျှင် ၄င်းတို့က ဆောင်ရွက်ပေးပါလိမ့်မည်။

ထိုသို့လျှောက်ထားသည့်အခါ လယ်မြေအားအခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ထုတ်ပေးပါလိမ့်မည်.

ထိုအမိန့်ကိုရသည့် အခါတွင် မှ ပုဂ္ဂလိကဂရန်မြေ၊ စက်မှုမြေငှားဂရန်ရယူလိုသူတို့သည် သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ လိပ်စာတပ်၍

(က) လျှောက်ထားသူအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်

(ခ) လျှောက်ထားမြေတည်ရှိရာရပ်ကွက်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ

(ဂ) လျှောက်ထားမြေ၏ အလားလေးရပ်( အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရှိ မြေများ)

(ဃ) လျှောက်ထားသော မြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံ၏ အရွယ်အစားနှင့် ဆောက်လုပ်မည့် ပစ္စည်း အမျိုးအမည်များ၊( တိုက်အိမ်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သစ်တိုင်အိမ်)

(င) လျှောက်ထားသောမြေကို မည်ကဲ့သို့ အသုံးချရန် ရဉ်ရွယ်ချက်( ဥပမာ အဆောက်အအုံဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလုပ်ငန်းလုပ်ကိုင်ရန်)

(စ) လျှောက်လွှာနှင့်အတူ လျှောက်ထားသောမြေ၏ အကျယ်အဝန်းအလား(၄) ရပ်နှင့် မြေအမျိုးအစား သို့မဟုတ် ပိုင်ဆိုင်ခွင့် ဖော်ပြရန် ထိုမြေပုံ(၂)ပုံအနက် (၁) ပုံမှာသက်သေခံနိုင်ရန်အတွက် သတ်မှတ်ရုံးခွန်တံဆိပ်ခေါင်းကပ်ပြီး၊ လယ်မြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး က လက်မှတ်ရေးထိုးထား သည့် ပုံစံ(၁၀၅) မြေပုံ(၂) ပုံဖြစ်ရမည်။

(ဆ) လျှောက်ထားသည့်မြေ၏ ရာဇဝင် မြေစာရင်းပုံစံ(၁၀၆) ( လယ်ယောမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရှိ ၁ - က မှတ်ပုံတင်စာရင်းစာအုပ်မှ ကောက်နှုတ်ချက်မိတ္တူမှန်(၁) စောင်)

(ဇ) ဆောက်ထားမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံပုံစံ(၂) ပုံ၊ ပုံစံမှာ ရှေ့မြင် Front Elevation နှင့်ဘေးမြင် Side Elevation ဖြစ်ရမည်။

(ဈ) ဂရန်အသစ်လျှောက်ထားခြင်းဖြစ်ပါက မြေကွက်ရရှိကြောင်း မြေပေးမိန့်ပါရှိရမည်။

(ည) အရောင်းအဝယ်ပြုလုပ်ထားသော မြေကွက်ဖြစ်ပါက အခွန်တံဆိပ်ခေါင်းကပ်ပြီးသော တရားဝင်မှတ်ပုံတင်ထားသည့် စာချုပ်စာတမ်း မိတ္တူပါရှိရမည်။

(ဋ) ဂရန်၊အငှားဂရန်၊ စက်မှုမြေငှားဂရန် နှင့် လိုင်စင်လျှောက်လွှာပေါ်တွင် သတ်မှတ်ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားပါရှိရမည်။

(ဌ) မြေငှားဂရန်သက်တမ်းတိုး/ အသစ်လဲ လျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ် ပူးတွဲပါရှိရမည်။

(ၓ) မြေငှားဂရန်အမည်ပြောင်းလျှောက်ထားခြင်းဖြစ်ပါက မူရင်းမြေငှားဂရန်စာချုပ်ပါရှိရမည့်အပြင် မူလပိုင်ရှင်ထံမှ လျှောက်ထားသူသို့ မြေလွှဲပြောင်းပေးခဲ့သည့် တရားဝင်အထောက်အထား စာချုပ်စာတမ်းများ ပါရှိရမည်။ ( အရောင်းအဝယ်ပြုလုပ်ရယူခဲ့ပါက တရားဝင်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပါရှိရမည်။

◾ပုဂ္ဂလိကဂရန်/ စက်မှုမြေငှားဂရန်အတွက် ဌာနမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ

(၁) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားလာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှုရှိ / မရှိ စိစစ်ပြီး ပြည့်စုံမှုရှိပါက အမှုတွဲမှတ်ပုံတင်စာရင်းစာအုပ်တွင် မှတ်တမ်းတင်စေရန်နှင့် အမှုတွဲဖွင့်လှစ်မည်ဖြစ်ပါသည်။ အချက် အလက်များ မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည်။ ( အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၁၅)

(၂) အမှုတွဲဖွင့်လှစ်ပြီးပါက အမှုတွဲတွင် ပါရှိသော လျှောက်ထားသူတင်ပြသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ / မရှိ စိစစ်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး( လက်ထောက် ကော်လိတ္တော် အရာရှိ) ထံ ပေးပို့ရမည်ဖြစ်ပါသည်။

(၃) မြို့နယ်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက်အလက်များကို စိစစ်တင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သို့ အမှုတွဲ ပေးပို့ရမည် -

(၁) လျှောက်ထားမြေရာဇဝင်၊(၁ - က စာရင်းအရ)

(၂) လျှောက်ထားမြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသော မြေကွက်ဟုတ် / မဟုတ်၊

(၃) လျှောက်ထားမြေကို နိုင်ငံတော်အစိုးရက အသုံးပြုရန် သတ်မှတ်လျာထားခြင်းရှိ / မရှိ၊

(၄) လျှောက်ထားမြေ၏ နယ်နိမိတ်သတ်မှတ်တိုင်းတာထားခြင်းရှိ / မရှိ၊

( အောက်မ်ြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ / ၁၁၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၆၂ )

(၅) လျှောက်ထားမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ ရှိ / မရှိ၊

(၆) လျှောက်ထားမြေကို ဂရန်၊ အငှားဂရန်၊ လိုင်စင် စသည်များ ထုတ်ပေးခဲ့ခြင်း ရှိ / မရှိ၊ အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန်ဖြစ်သည်။။

(၇) လျှောက်ထားမြေကို လျှောက်ထားသူ အပြင် အခြားသူများက မြေပုံကူးယူခြင်း၊ လျှောက်ထားခြင်းများ ရှိ / မရှိ၊

(၈) လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများဆောက်လုပ်ထားခြင်း ရှိ / မရှိ၊

(၉) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် မြေငှားခ၏ ၇၅ % ကျသင့်ငွေကို ဖော်ပြရန်၊

(၁၀) လျှောက်ထားမြေနှင့် အလားတူမြေပေါ်တွင် ရောင်းဈေး ၆ % ကျသင့်ငွေကို ဖော်ပြရန်ဇြစ်ပါသည်။( စက်မှုမြေငှားဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့်ငွေကိုဖော်ပြရန်)

(၁၁) လျှောက်ထားမြေအတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက်ဖော်ပြပေးရန်ဖြစ်ပါသည်။

(၁၂) လယ်ယာမြေစီမံခန်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ အထက်အပိုဒ်ပါ အချက်အလက်များအပေါ် စိစစ် ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေးပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန်၊ လိုင်စင်ချထား ပေးခြင်းကို ကန့်ကွက်ရန် ရှိ / မရှိ၊ ကန့်ကွက်လိုသူရှိက (၁၅) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကြော်ငြာရပါမည်။

(၁၃) သတ်မှတ်ရက်အတွင်း ကန့်ကွက်လွှာများရရှိပါက စုံစမ်းစစ်ဆေးပြီးကန့်ကွက်သည့် အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို ပယ်ခွင့်ရှိသည်။ ကန့်ကွက်ချက်သည် ခိုင်လုံမှု မရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ရက်ကုန်ဆုံးလျှင်သော်လည်းကောင်း၊ မြေငှားဂရန်ထုတ်ပေးခွင့်ပြုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး သည် ယင်းမြေနေရာသို့ သက်ဆိုင်ရာမြေတိုင်းစာရေးနှင့်အတူ ကိုယ်ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ ပြန်လည်ပေးပို့ရပါမည်။

(၁၄) ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ(၁) ဧက အောက်ဖြစ်ပါက အမှုတွဲကို စိစစ်၍ မြေငှားဂရန် ထုတ်ပေးနိုင်ပါသည်။ ( အထက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ - ၅၁ (ခ) နှင့် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေနည်းဥပဒေ -၉ )

(၁၅) လျှောက်ထားမြေသည် မြေဧရိယာ(၁)ဧက အထက်မှ (၅) ဧက အထိဖြစ်ပါက တိုင်းဒေသကြီး / ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး ( ကော်လိတ္တော်အရာရှိက) မြေငှားဂရန်ထုတ်ပေးနိုင်ပါသည်။

(၁၆) မြေဧရိယာ ၅ ဧက အထက်လျှောက်ထားပါက တိုင်းဒေသကြီး / ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ရုံးချုပ်) သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။

(၁၇) ပြည်ထောင်စုဝန်ကြီး၏ခွင့်ပြုချက်ရရှိပါက အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ - ၅၁၊ (ခ)(ဂ) အရ အောက်မ်ြနမာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေ - ၉(ဂ) အရ နှစ်ရှည်မြေငှားဂရန် ပေးရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး( ကော်လိတ္တော်အရာရှိ) အား လုပ်ပိုင်ခွင့်အပ်နှင်းရန်ဖြစ်ပါသည်။

◾CRD-ဆရာကြီးမိုးထက်(၁၄.၇.၂၀၂၀)အားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

08/06/2023

ရွာမြေဆိုတာ ဘာလဲ၊ ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံ ဖော်ပြ ပေးလိုက်ပါပြီနော်။

တနည်းအားဖြင့် ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။

ဒါဆို...ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲ?

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားပြီး တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါနော်။

ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေကွက်အကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး။ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။

မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။

ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။

ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။

၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။

ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါ၀င်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံ ချက် လက်မှတ် ကို 3 (A )လို့သုံးရမှာ ဖြစ်ပါတယ်။

သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit : DVB

အားလုံးပဲမင်္ဂလာပါ SOS Law Firm မှကြိုဆိုပါတယ်SOS Law Firm မှာ တိုင်ပင်ဆွေးနွေးဆောင်ရွက်နိုင်တဲ့ ဝန်ဆောင်မှုများနှင့် ဦးစွ...
11/06/2020

အားလုံးပဲမင်္ဂလာပါ SOS Law Firm မှကြိုဆိုပါတယ်
SOS Law Firm မှာ တိုင်ပင်ဆွေးနွေးဆောင်ရွက်နိုင်တဲ့ ဝန်ဆောင်မှုများနှင့် ဦးစွာမိတ်ဆက်ပေးပါရစေ။ ပထမဆုံးအနေနဲ့
• အိမ်ခြံမြေနှင့်ပတ်သက်၍ အရောင်း အဝယ် အငှား ဆောင်ရွက်ပေးခြင်းနှင့် စာချုပ်စာတမ်းကိစ္စ၊
• ဂရန်ဖေါက်၊ ဂရန်သက်တမ်းတိုးခြင်း၊ အမည်ပေါက်ပြောင်းခြင်းနှင့် စည်ပင်ရုံးနှင့်သက်ဆိုင်သည့် ကိစ္စများဆောင်ရွက်ပေးခြင်း
• မြေပုံမြေရာဇဝင်အမျိုးမျိုးတို့ကိုရေးကူးပေးခြင်း၊ အိမ်ဆောက်မိန့် စက်ရုံဆောက်မိန့်များ ဆောင်ရွက်ပေးခြင်း
• လုပ်ငန်းလိုင်စင်အမျိုးမျိုးဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုဇယားပြောင်းဆောင်ရွက်ပေးခြင်း
• စာချုပ်အမျိုးမျိုးချုပ်ဆိုခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပေးခြင်း
• ကုမ္ပဏီလိုင်စင်မှတ်ပုံတင်ပေးခြင်းနှင့် ကုမ္ပဏီကြီးများအတွက် ဥပဒေဆိုင်ရာအကြံပေး ခန့်အပ်ခြင်းကိစ္စရပ်များတာဝန်ယူဆောင်ရွက်ပေးခြင်း
• ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း
• သတင်းစာကြော်ငြာရန်လိုအပ်သောကိစ္စရပ်များတွင် SOS Law Firm ၏ရှေ့နေများမှ တာဝန်ယူဆောင်ရွက်ပေးခြင်း
• ပြစ်မှုဆိုင်ရာမှုခင်းများ၊ တရားမမှုဆိုင်ရာမှုခင်းများ တိုင်ပင်ဆွေးနွေး လိုက်ပါဆောင်ရွက်ပေးခြင်း
• တရားရုံးကျမ်းကျိန်လွှာအမျိုးမျိုးဆောင်ရွက်ပေးခြင်း
• GP/ SP ကိုယ်စားလှယ်လွှဲစာအမျိုးမျိုးဆောင်ရွက်ပေးခြင်း
စသောဥပဒေဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပေးမှုကြောင့် တနည်းအားဖြင့်လူကြီးမင်းတို့၏ အောင်မြင်မှုလမ်းကြောင်းလျှောက်လှမ်းရာတွင် ဒုက္ခများလျော့နည်းစေပြီး ဆောင်ရွက်သော ကိစ္စရပ်တိုင်းအဆင်ပြေချောမွေ့ပါစေရန် SOS Law Firm မှမျှော်လင့်ပါကြောင်း။

ဆက်သွယ်ရန်- 09.898999012, 09.43048310
SOS Law Firm ရုံး- 85လမ်း 45လမ်းထောင့် မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SOS Law Firm & Legal Service Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share