08/05/2026
✈️ ထိုင်းနိုင်ငံသွားမည့်သူများ သတိပြုရန် - လေဆိပ်ခွန် (PSC) စတင်တိုးမြှင့်မည်
ထိုင်းနိုင်ငံ လေဆိပ်အာဏာပိုင်အဖွဲ့ (AOT) မှ လာမည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ မှစတင်၍ နိုင်ငံတကာ ခရီးစဉ်များအတွက် လေဆိပ်ခွန် (Departure Tax) ကို လက်ရှိ ၇၃၀ ဘတ် မှ ၁,၁၂၀ ဘတ် အထိ တိုးမြှင့်ကောက်ခံသွားတော့မည် ဖြစ်ပါသည်။
📌 သိထားသင့်သည့် အချက်အလက်များ -
တိုးမြှင့်နှုန်း: တစ်ဦးလျှင် ၃၉၀ ဘတ် ပိုမိုကျသင့်မည်။
စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် (သို့သော် ၂၀၂၆ မတ်လ ၁၁ ရက်နောက်ပိုင်း ဝယ်ယူသည့် လက်မှတ်များတွင် စတင်ထည့်သွင်းတွက်ချက်မည်ဖြစ်သည်)။
သက်ဆိုင်သည့် လေဆိပ်များ: သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ ဖူးခက်၊ ချင်းရိုင် နှင့် ဟတ်ယိုင် (စုစုပေါင်း လေဆိပ် ၆ ခု)။
ပြည်တွင်းခရီးစဉ်များ: ပြည်တွင်းလေဆိပ်ခွန် ၁၃၀ ဘတ် မှာ ပြောင်းလဲမှုမရှိဘဲ အရင်အတိုင်းသာ ဖြစ်သည်။
✨ ဘာကြောင့် တိုးမြှင့်ရတာလဲ?
လေဆိပ်ဝန်ဆောင်မှုများ ပိုမိုမြန်ဆန်ကောင်းမွန်စေရန်၊ အလိုအလျောက် စစ်ဆေးရေးစနစ်များ အဆင့်မြှင့်တင်ရန်နှင့် လေဆိပ်အခြေခံအဆောက်အအုံသစ်များ (ဥပမာ- သုဝဏ္ဏဘူမိ လေဆိပ်ရှိ SAT-1 Terminal) အတွက် ရည်ရွယ်ပြီး နိုင်ငံတကာလေကြောင်းစံနှုန်းများနှင့်အညီ ပြင်ဆင်သတ်မှတ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
အကြံပြုချက်: ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် နိုင်ငံခြားခရီးစဉ်များ သွားရန်စီစဉ်ထားသူများအနေဖြင့် ခရီးစရိတ်တွက်ချက်ရာတွင် ဤလေဆိပ်ခွန်အသစ်ကိုပါ ထည့်သွင်းစဉ်းစားထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ 🧳🌍
Ref: Thai Enquirer