ကိုဟိန်း - Ko Hein

ကိုဟိန်း - Ko Hein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကိုဟိန်း - Ko Hein, Passport and visa service, Bago.

 ိုက်ပါဦးဟ ဘယ်ကောင်တွေလဲ
29/05/2024

ိုက်ပါဦးဟ
ဘယ်ကောင်တွေလဲ

ကျွန်တော်ပဲခူးသား------------------**credit to ဆရာတင်ညွှန့်Page မှ ကူးယူဖော်ပြပါသည်။🙏ကျွန်တော်ပဲခူးသား------------------...
18/05/2024

ကျွန်တော်ပဲခူးသား
------------------
**credit to ဆရာတင်ညွှန့်Page မှ ကူးယူဖော်ပြပါသည်။🙏

ကျွန်တော်ပဲခူးသား
------------------
ကျွန်တော်သည် ပဲခူးသားစစ်စစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ မင်္ဂလာလမ်း ချက်မြှုပ်
ပဲခူးသားဖြစ်ရခြင်းကို ဂုဏ်ယူပါ၏
သို့သော်
ရန်ကုန်တက္ကသိုလ်ရောက်စဉ်က မွန်ပြည်နယ် ရင်းငြိမ်မှ မွန်မလေးတစ်ယောက်နှင့် သူငယ်ချင်းဖြစ်မိသည်။ အလွန် ပွင့်လင်းစွာ ပြောဆိုတတ်သည့်သူမက အတန်းမတက်မီ ကော်ရစ်ဒါတွင်
“တစ်ခုလောက် မေးချင်လို့”
“ဘာများလဲ”
“ယူတို့ ပဲခူးမှာ ဟင်္သာဖိုက ဟင်္သာမကို ဘာဖြစ်လို့ ကျောပေါ်တင်ထားရတာလဲ”
သူမ မေးပုံကို ကောင်းကောင်းသိသည်။ မျက်နှာကပြုံးစစနှင့်မို့ ဖြစ်သည်။ ကျွန်တော်က ဖြေသည်
“အဲဒါလား ပဲခူးသားတွေက မိန်းမတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြတာ”
“အို ဟုတ်လဲ ဟုတ်ပဲနဲ့”
“ဟုတ်တယ် ... ပဲခူးသားတွေက မိန်းမသိပ်ချစ်တတ်တာ”
“ဟုတ်ပါဘူး မိန်းမကြောက်တာများ”
သူမက ထိုသို့ပြောကာ အခန်းထဲ ဝင်သွားသည်။ ထိုနေ့က စပြီးသူမက ကျွန်တော့်ကိုတွေ့လျှင်
“ပဲခူးသား” ဟုခေါ်သည်။
ချစ်ခြင်းကို ကိုယ်စားပြုပြီး ခေါ်သလား၊ ကြောက်ခြင်းကိုကိုယ်စားပြုပြီး ခေါ်သလား ကွဲပြားစွာမသိ။ သို့သော် ပဲခူးသားဟု ခေါ်လျှင် သူမမျက်နှာလေးက ပြုံးနေတတ်သည်။ ကျွန်တော်ကတော့ စိတ်ထဲတွင် ခိုးလိုးခုလု ဖြစ်နေသည်။ သူမအပြုံးကို “လှောင်ပြုံး” ဟု ထင်နေသည်။
ကျွန်တော်ပဲခူးဆောင်တွင် နေခဲ့သည်။ အဆောင်နေ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို “ပဲခူးသား” ဟုသာ ခေါ်ကြသည်။
သူတို့ “ပဲခူးသား” ဟု ခေါ်ပုံက တစ်မျိုး
ပဲခူးဆောင်ကို စရောက်တော့ အခန်းနီးချင်း သူငယ်ချင်း ကိုလေးဝင်းက ကျွန်တော့်ကို ကဗျာတစ်ပုဒ် ရွတ်ပြသည်။ ကဗျာမှာ လေးချိုးဖြစ်ပြီး ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကလည်း သင်ဖူးသည်။ သခင်ကိုယ်တော်မှိုင်း၏ အညာမင်္ဂလာဆောင်ဖွဲ့ လေချိုးကြီးမှ ကိုလေးဝင်းက သူကြိုက်သည့် အပိုဒ်လေးကို ရွတ်ပြကာ စတတ်သည်မှာ
“ပဲခိုး ဘူတာမှာလေ၊ ငနဲသူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ဒဂေါက်ဖာကလဲ တစ်လုံးပါတဲ့” ဆိုသည့် အပိုဒ်ကိုဖြစ်သည်။
သူဘာကြောင့် ထိုအပိုဒ်ကို ရွတ်ကာ ကျွန်တော့်ကိုနောက်ပြောင်ရကြောင်းကို သိနေသည်။ သူ မကြာခဏ ပြောတတ်သည်မှာ ပဲခူးဘူတာက သူခိုးလူညာတွေ အကြောင်း။
“ပဲခူးဘူတာရောက်လို့ကတော့ ငါးချဉ်ဆို မဝယ်နဲ့ဟေ့ကောင်တွေ ... ပဲခူးသားတွေ လူလည်ကျပုံက လက်မောင်းလောက်ရှိတဲ့ ဖက်ထုပ်ကြီးထဲမှာမှ ငါးချဉ်လေး လက်တောင့်လောက်ထည့်ပြီးရောင်းတာကွ။ ငါဆိုရင် ပဲခူးဘူတာမှာ ခံခဲ့ရတာ။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ငနဲသူခိုးလူညာတွေလို့ဆိုတာ ထင်ပါရဲ့” ဆိုကာ နောက်ပြောင်တတ်သည်။
သူက ကျွန်တော့်ကို “ဟေ့ ပဲခူးသား” ဟု ပြုံးစစနှင့် ခေါ်လိုက်တိုင်းလည်း စိတ်ဆင်းရဲရပါသည်။ သူ့အဓိပ္ပာယ်က လူညာဟု ဆိုလို့သည့်သဘောများလား ခံစားရသည်။
နောက်တစ်ခုရှိသေးသည်
ပဲခူးသားတွေကလည်း ပဲခူးသားတွေပင်
ဦးနေဝင်းခေတ်က သတင်းစာမျက်နှာဖုံးတွင် သတင်းထူးကြီးတစ်ခု ပါလာသည်။ ပဲခူးသား ဆေးလိပ်ခုံ ပိုင်ရှင် သူဌေးသားတစ်ဦးက နိုင်ငံတော်ကို “ရှားပါးသည့် ရေဆင်” လှူဒါန်းခြင်းဖြစ်သည်။ ထိုစဉ်က သတင်းစာတွေ ထဲတွင် “ရေဆင်” သည် ပြောစမှတ်တစ်ခုဖြစ်သွားည်။ ကြွက်သာသာအကောင်လေးက နှာမောင်းလေးနှင့် ပုံကိုလည်း ဖော်ပြသည်။ မည်သို့အစွမ်းထက်သည်ကိုလည်း ချီးကျူးဂုဏ်ပြု ရေးသားကြသေးသည်။
လူမစွမ်းနတ်မသည်ကို ခံချင်ကြသူတွေက သူတို့ခေတ်မှာမှ ဆင်ဖြူတော်ပေါ်လာသယောင်၊ ထူးဆန်းတာတွေ ဖြစ်လာသယောင်၊ ရှေးအတီတေ ရာဇဝင်စာအုပ်တွေထဲက စာတွေဖတ်ပြီး ကြောင်တောင်တောင်လုပ်တတ်ကြ သည်မှာ အထူးအဆန်းတော့မဟုတ်။
ထိုခေတ်က ရေဆင်သည် မည်မျှ စွမ်းကြောင်း ဗာရာဏသီချဲ့သူတွေ ရှိသလို၊ ရေဆင်ဆိုသည့် ကြွက်သာသာ ကောင်လေးမှာ ဆင်ကြီးတွေတောင် ကြောက်ရသည်ဟု ချဲ့ကား၍ပြောဆိုသူတွေလည်းရှိသည်။
နောက်မှ အရှက်တွေ ကွဲကုန်သည်။ သေသေချာချာ ဓာတ်မှန်တွေဘာတွေ ရိုက်ပြီးစစ်ဆေးလိုက်သည့် အခါတွင် ကြွက်သေကို အကြံအဖန်လုပ်ကာ နှာမောင်းတွေထည့်ပြီး ဆင်ဖြစ်အောင် လုပ်သည့် သတင်းတွေ ပေါ်လာသည်။
ကျွန်တော်တို့ သိရသလောက် ထိုရေဆင်ကိုလှူသည့် ဆေးလိပ်ခုံပိုင်ရှင် သူဌေးသားကလည်း ဂဃနဏ ဘာမျှ သိသည်မဟုတ်။ သူ့ကိုလည်း အခြားတစ်ယောက်က “ရေဆင်” ဆိုကာ ဂျင်းထည့်သွားသည်ကို သူက မျက်နှာလို မျက်နှာရလုပ်ကာ နိုင်ငံတော်ကို ပေးလှူသည်ဆိုမှ အရှက်တွေကွဲကုန်ကြသည်။ လှူသူကလှူ၊ ယူသူကယူ ကြွက်ကို ရေဆင်ဟု အမွှမ်းတင်သူကတင် တစ်ချိန်ကထွင်လုံးတွေပင်။
ထိုအချိန်တွင်လည်း ပဲခူးကဟုဆိုလိုက်သည်နှင့်
“ဟာ ... ကြွက်ဆင်” ဆိုသည့် နောက်ဆက်တွဲစကားဖြင့် ပြောင်လှောင်ခြင်းကိုလည်း ခံခဲ့ရဖူးသည်။
သို့သော် မည်သူတွေက ဘာပြောပြော၊ မည်သို့ဆိုစေ ကျွန်တော်က ပဲခူးသားဖြစ်ခြင်းကို ဂုဏ်ယူသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်
မည်သူ့ထံကမှ ခိုးလည်းမခိုး
မည်သူ့ကိုမျှ လိမ်လည်းမလိမ်ခဲ့သောကြောင့်ဖြစ်သည်။
ပဲခူးသားတွေ မိန်းမချစ်သလား၊ ကြောက်သလား ဆိုသည်ကိုတော့ ....
တင်ညွန့်
၁၀.၇.၂၀၂၂

02/05/2024

စိတ်ကဆိုးလာပြီ ဟုတ်တယ် ဘာမှန်းသိဘူး xD

ရှော
29/01/2024

ရှော

13/01/2024

လူတိုင်းကြောက်တဲ့ဆရာကြီးတွေဘဲရွေးဖြုတ်မှာ

ညီလေးဖုန်းကမှန်လဲလို့မရတော့ဘူး အသစ်တာဝယ်လိုက်တော့နော် xD  Crd photo
29/11/2023

ညီလေးဖုန်းကမှန်လဲလို့မရတော့ဘူး အသစ်တာဝယ်လိုက်တော့နော် xD
Crd photo

15/09/2023

သူများတွေအိုင်ဖုတ်၁၅ဘာညာပြောနေကြသော်လည်းမိမိမှာမုန့်တီသွားသောက်ရင်အကြော်ထည့်ဖို့ပိုက်ဆံမလောက်ကြောင်းတွေးမိသောအခါ😔😔😔

⚠️⚠️⚠️ဒါနဲ့၁၈နှစ်မပြည့်သေးသောသူများမှန်ရှေ့မှာပန်းသီးပါတဲ့ဖုန်းနဲ့ဓါတ်ပုံရိုက်ချင်တယ်ဆို T Mobile BAGO မှာ i phone 6 plusလေးရှိပါတယ်နော်လာကြည့်လို့ရပါတယ်အရှုံးမရှိပါဘူးphမဝယ်ဖြစ်ခဲ့ရင်တောင်ကောင်လေးချောချောလေးတွကြည့်ရတာနဲ့တင်တန်ပါတယ် xD

ယူတို့အဆင်ပြေရင် ကျေနပ်ပါတယ်🤪🤪🤪
01/07/2022

ယူတို့အဆင်ပြေရင် ကျေနပ်ပါတယ်
🤪🤪🤪

Address

Bago

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959454761794

Website

Alerts

Be the first to know and let us send you an email when ကိုဟိန်း - Ko Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share