23/07/2026
မောင်ဘတူ နှင့် မသက်စု
( ၅ ရန်ကုန် ၇၈၅ ) တွင်
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လမ်းညွှန်ထားသည်-
“မြန်မာ့ဓလေ့ထုံးတမ်း အမွေခန်းဥပဒေတွင် လူတစ်ယောက်သေဆုံးလျှင် ၎င်း၏အမွေပစ္စည်း များကို အမွေခံအစီအစဉ်အရ မည်သူမည်ဝါတို့သည် အမွေခံ၊ အမွေစားဖြစ်ရမည်။ ၎င်းတို့၏ အမွေဝေစုသည် မည်၍မည်မျှ ဖြစ်ရမည် စသည်ဖြင့် အတိအကျ သတ်မှတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် အမွေရှင်သေဆုံးသည်နှင့် တစ်ပြိုင်နက် ဆက်ခံခွင့်ရရှိသည့် အမွေခံအမွေစားသည် အမွေခန်းဥပဒေအရ သတ်မှတ်ထားသည့် အမွေဝေစုကို တစ်ဦးချင်း အနေဖြင့် သီးခြားဆက်ခံပြီး ဖြစ်ပေသည်။ အမွေခံအားလုံးတို့က စုပေါင်းပြီး ဆက်ခံရရှိခြင်း မဟုတ်ပေ။ အဆိုပါ အခွင့်အရေးကိုလည်း “အပြီးအပိုင် ရရှိသည့် အကျိုးခံစားခွင့်” ဟုခေါ်ဆိုပေသည်။