SHWE KHET LAW FIRM

SHWE KHET LAW FIRM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHWE KHET LAW FIRM, Lawyer & Law Firm, Amarapura.

😅
02/03/2025

😅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအ...
19/02/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ
ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၃/၂၀၂၅)

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)

အမှုစွဲဆိုခြင်း ရုံးခွန်အက်ဥပဒေကိုပြင်ဆင်ခြင်း
(1-4-2025)ရက်တွင် အတည်ပြုသည့် ပြင်ဆင်ချက်အရ
အမှုတန်ဘိုး ကျပ်သိန်း(၁၀၀၀)ထက်မပိုလျှင် - ၀.၅ ရာခိုင်နုန်း(အမှုတန်ဘိုး၏)
အမှုတန်ဘိုး ကျပ်သိန်း(၁၀၀၀)ထက်ပိုပြီး ကျပ်(၁၀၀၀၀)ထိ - ကျပ် (၁၀) သိန်း
အမှုတန်ဘိုး ကျပ်သိန်း(၁၀၀၀၀)ထက်ပိုပြီး ကျပ်(၃၀၀၀၀)ထိ -ကျပ် (၁၅) သိန်း
အမှုတန်ဘိုး ကျပ်သိန်း(၃၀၀၀၀)ထက်ပိုလျှင်- ကျပ် (၃၀) သိန်း

၁-၄-၂၀၂၅ မှစ၍  #မြန်မာ့အလင်းနှင့်  #ကြေးမုံသတင်းစာများ၏  #ပြင်ဆင်သတ်မှတ်သွားမည့်  #ကြော်ငြာခနှုန်းထားများ
15/02/2025

၁-၄-၂၀၂၅ မှစ၍
#မြန်မာ့အလင်းနှင့်
#ကြေးမုံသတင်းစာများ၏
#ပြင်ဆင်သတ်မှတ်သွားမည့်
#ကြော်ငြာခနှုန်းထားများ

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မိဘအမွေဆက်ခံခွင့် ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ❓မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆိုရင် အမွေရှင်သေဆုံးသွားတယ...
09/02/2025

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ
မိဘအမွေဆက်ခံခွင့် ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ❓

မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆိုရင် အမွေရှင်သေဆုံးသွားတယ်ဆိုရင်
ကျန်ရစ်သူ အမွေဆိုင်တွေဟာအပြီးအပိုင် အပ်နှင်းရရှိတဲ့ အခွင့်အ‌ရေး
(Vested Right) အရ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအနေနဲ့
အမွေဆက်ခံပိုင်ခွင့်ရရှ်ိမှာပဲဖြစ်ပါတယ်

အဲ့လိုချိန်ခါမှာဆိုရင် ဥပဒေအရ ကိုယ်က မိဘအမွေဆက်ခံခွင့်ရှိ/မရှိကို
ဘယ်လိုခွဲခြားမလဲဆိုရင်… 🧐

မိဘအမွေဆက်ဆံထိုက်သောသားသမီး ၆ မျိုး ‼️

(၁) သြရသ (သြောရသ) = ရင်၌ဖြစ်သောသား
(၂) ကိတ္တီမ = အမွေခံသားအဖြစ် အထင်အရှားမွေးစားသောသား
(၃) အပတဠ(ဒိဌိကာ) = ကောက်၍မွေးသောသား
(၄) ပုဗ္ဗကည(ဒွေပုပ္ပါကာရ) = မယားပါ လင်ပါ အထက်သား
(၅) ဟေဠိမ(ဟေတ္တမ) = အပြောင်မယားသား
(၆) ခေတ္တဇ = ကျွန်မနှင့် သင့်နေရာမွေးဖွားသောသား

မိဘအမွေမဆက်ခံထိုက်သော သားသမီး ၆ မျိုး ‼️

(၁) သွာနုတ္တ (သမာနုတ္တာ) = မိဘစကားကိုနားမထောင်သော ခွေးနှင့်တူသောသား
(၂) ဒိန္နက (ပရဒိန္န) = သူတစ်ပါးကပေး၍ ရသောသား
(၃) သဟောဎု (သဟေထ) = ဝယ်၍ရသောသား
(၄) ပုနာနုဗ္ဗဝ (ပုဏ္ဏာနုဂ္ဂတိ)= မိမိမယား သူတစ်ပါးနှင့်ရ၍ မွေးဖွားသောသား
(၅) ကိဠိတ (ကိဠိသာ). = ကစားမြူးတူးရာ ရသောသား
(၆) ဆာတဘတ္တ (ဆာတတ္တအရတ္တ) = ထမင်းငတ်မွတ်သည့်အခါ မှီခိုလာသောသား

ယေဘုယျအားဖြင့် ဒီလို ၆မျိုးစီခွဲထားပေမယ့် တစ်ခုချင်းစီရဲ့အောက်မှာမတူညီတဲ့ အသေးစိတ်အချက်လေးတွေလည်း ရှိပါသေးတယ်🥰

ဒါကြောင့် ဥပဒေဆိုင်ရာအကြံပြုချက်ဝန်ဆောင်မှုများကို ရယူလိုပါက ကျွမ်းကျင်ရှေ့နေများရှိတဲ့ ကျွန်မတို့ရဲ့ “𝐒𝐡𝐰𝐞 𝐊𝐡𝐞𝐭 𝐋𝐚𝐰 𝐅𝐢𝐫𝐦” ကိုဆက်သွယ်လိုက်ပါရှင်

☎️ 09694145639
🏠 YaTaNa Gu Street, Nga Toe Qrt
Amarapura Township, Mandalay

#ဥပဒေရေးရာအကြံပေး #အမွေ

Address

Amarapura

Telephone

+959694145639

Website

Alerts

Be the first to know and let us send you an email when SHWE KHET LAW FIRM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SHWE KHET LAW FIRM:

Share