27/07/2024
ဒီနေ့မှာတော့ Dubai real estate ရဲ့ Return On Investment (ROI) အပေါ်သက်ရောက်တဲ့အချက်၅ချက်ကိုဖော်ပြပေးသွားမှာပါ။
ROI ဆိုတာဘာလဲဆိုရင်တော့ မိမိရင်းနှီးမြှုပ်နှံလိုက်တဲ့ အရာပေါ်မှာပြန်ရတဲ့ အကျိုးအမြတ်ကိုဆိုလိုတာဖြစ်ပါတယ်။
လွယ်လွယ်မှတ်ရရင်တော့ ROI %များလေ အမြတ်များလေ ပါပဲ။ အချက်အလက်တွေကိုလေ့လာကြည့်ရအောင်
✓ Investment strategy
Dubai real estate market မှာ invest လုပ်တဲ့ပုံစံတွေအမျိုးမျိုးရှိပါတယ်။
◦ Buy-and-hold
ဒါကတော့ဝယ်ထားပြီးစျေးတက်တဲ့အချိန်ထိ အကြာကြီးကိုင်ထားတဲ့သဘောပါ။မြန်မာကလူတွေတော်တော်များများလုပ်ကြတဲ့ပုံစံပါပဲ။ သူကတော့စျေးကွက်အပေါ်မူတည်ပြီး ROI%ကွာခြားနိုင်ပါတယ်။
◦ Buy-to-rent(Rentals)
ဒါကတော့အခန်း သို့မဟုတ် အိမ် ကိုဝယ်ပြီးပြန်ငှါးတာပဲဖြစ်ပါတယ်။ သူကတော့ ရေရှည်အတွက် ပုံမှန်ဝင်ငွေတစ်ခုရနေနိုင်တဲ့ပုံစံပါ။ ROI အနေနဲ့ကတော့ တစ်နှစ်ကို 5%-10% လောက် ပုံမှန်ရနေနိုင်ပါတယ်။ ဥပမာအားဖြင့် မိတ်ဆွေက 1 million dollars တန်တဲ့အိမ်ကိုဝယ်ပြီးပြန်ငှါးမယ်ဆိုရင် တစ်နှစ်အတွင်း $50000ကနေ $100000ကြားပြန်လည်ရရှိနိုင်ပါတယ်။
◦ Flipping and Resale
ဒါကတော့ ဝယ်ပြီးတာနဲ့ အကြာကြီးကိုင်ထားတာမဟုတ်ပဲ စျေးတက်တာနဲ့ ချက်ချင်းပြန်ရောင်းထုတ်တဲ့ပုံစံပါ။ သူကတော့ စျေးကွက်အခြေအနေနဲ့ နေရာပေါ်မူတည်ပြီး ROI 15%ကနေ 50% အထိရနိုင်ပါတယ်။ ဒါပေမယ့်မကျွမ်းကျင်ပဲလုပ်ရင် ရှုံးနိုင်ခြေရာခိုင်နှုန်းရှိပါတယ်။
✓ Location
ဒုတိယအချက်ကတော့နေရာအနေအထားပဲဖြစ်ပါတယ်။နေရာကောင်းရင်ကောင်းသလိုစျေးရနိုင်ပါတယ်။ ဒူဘိုင်းမှာဆိုရင် မိသားစုနားအေးပါးအေးနေလို့ရတဲ့နေရာတွေ မြို့လယ်မဟုတ်တဲ့နေရာတွေမှာဆိုရင် ၂၀၂၄ ပထမ ၄လပတ် အတွက် အမြင့်ဆုံးရရှိခဲ့တဲ့နှုန်းတွေကတော့
◦ Apartments
Dubai silicon Oasis >9.3%
Jumeirah village circle(JVC)>8.5%
Dubai production city>8.3%
◦ Villas
JVC>7.2%
DAMAC Hills>6.9%
Dubailand >6.3%
ဒီလို ROI အချိုးအစားအထိပြန်ရခဲ့ပါတယ်။
✓ Size of property
Property အကြီးအသေးပေါ်မူတည်ပြီးတော့လည်း အကျိုးအမြတ်ကွာတာရှိပါတယ်။ ဒူဘိုင်းမှာတော့ တစ်ချို့နေရာတွေမှာ project အသေးတွေမှာရင်းနှီးမြှုပ်နှံတာက ပိုပြီးအကျိုးအမြတ်ပိုရနိုင်တာရှ်ပါတယ်။ Project သေးတဲ့အတွက် ရင်းနီးမြှုပ်နှံရတဲ့ပမာဏကလည်း သေးပါတယ်။ အဲ့တော့ အမြတ်ကိုရာခိုင်နှုန်းနဲ့တွက်ရင် project အသေးတွေကပိုရတာကိုတွေ့ရပါတယ်။ နေရာအတူတူမှာ studio room(only one room) နဲ့ 3 bedroom apartment ကို ယှဉ်ပြီးရင်းနှီးမြှုပ်နှံမှုလုပ်ရင် Studio room ရဲ့ ROI က 3 bedroom apartment ထက် 1%-1.5% လောက် အမြတ်ပိုရတာတွေ့ရပါမယ်။ ဥပမာအားဖြင့် Dubai Hills Estate နေရာမှာဆိုရင်
Studio room>7.9%
3 bedroom>6.7%
ဒီလိုမျိုးအမြတ်ကွာတာတွေ့ရပါတယ်။ အဲ့တော့ မိမိရင်းနှီးမြှုပ်နှံတဲ့ project ရဲ့ အရွယ်အစားကလည်း အကျိုးအမြတ်ပေါ်ကွာဟမှုရှိပါတယ်။
✓ Developer
ဒူဘိုင်းမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် မိမိရွေးချယ်တဲ့နေရာ အဆောက်အအုံဟာ ဘယ် company ကဆောက်လုပ်တာလဲ ဆိုတာကလည်း မိမိရဲ့ အကျိုးအမြတ်အပေါ်သက်ရောက်မှုရှိပါတယ်။ ဆောက်လုပ်တဲ့ Company ရဲ့ Background သူ့ရဲ့ နာမည် သူ့ရဲ့ ဂုဏ်သတင်း ယုံကြည်ရမှု စတာတွေကလည်း စျေးနှုန်းအပေါ်သက်ရောက်မှုရှိပါတယ်။ ဒူဘိုင်းရဲ့ နာမည်ကျော် Developer တွေကတော့ DAMAC, Azizi, EMAAR, Sobha Realty, Ellington စတဲ့ Developer တွေကတော့ ယုံကြည်ရသလို ဂုဏ်သတင်းကောင်းတဲ့ Developer တွေပဲဖြစ်ပါတယ်။ နေရ အတူတူမှာ ပုံစံအတူတူဆိုရင်တောင် Developer ကြောင့် ရတဲ့အကျိုးအမြတ်က ကွာခြားမှုရှိနိုင်ပါတယ်။
✓ Post-handover payment plan
Dubai မှာ Property ဝယ်တယ်ဆိုရင် အရစ်ကျနဲ့ဝယ်လို့ရပါတယ်။ Off-plan လ်ု့ခေါ်တဲ့ဆောက်လက်စ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် company တွေက ပေးတဲ့ offer တွေကပိုကောင်းပါတယ်။ အဲ့လို Offer တွေ ကွာဟမှုကလည်း မိမိရဲ့ ROI အပေါ်သက်ရောက်မှုရှိစေပါတယ်။ ဥပမာအားဖြင့် တစ်ချို့သော Developer တွေက
ဆောက်လုပ်နေဆဲကာလအတွင်းမှာ ၆၀%ပေးသွင်းရပြီးအခန်းအပ်ပြီးတဲ့နောက် ကျန်တဲ့ ၄၀%ကို ၃နှစ်ကာလ အတွင်းပေးလို့ရပါတယ်။ ကုန်ကျစရိတ်အားလုံးကို တစ်စုတည်းပေးစရာမလိုပါဘူး။ ပြီးတော့ ဆောက်လုပ်ဆဲကာလအတွင်းမှာဝယ်ရင် စျေးပိုသက်သာပါတယ်။ ဆောက်လုပ်ဆဲကာလမှာ မိမိက AED 1 million(Dollar 3သိန်းကျော်ခန့်)တန်တဲ့အိမ်ကို ဝယ်ပြီး ဆောက်လုပ်ပြီးစီးတဲ့အခါပြန်ရောင်းရင် AED 1.3 million (Dollar 4သိန်းကျော်ခန့်)ပြန်ရနိုင်ပါတယ်။ ပုံမှန်တစ်စုတည်းငွေပေးချေပြီး AED 1 million တန်အခန်းကိုဝယ်ပြီးပြန်ငှါးတာထက် post-handover plan နဲ့ဝယ် ၆၀%ရာခိုင်နှုန်းသွင်းပြီး ဆောက်ပြီးတဲ့အချိန်ပြန်ငှါး တဲ့ပုံစံက မိမိအိပ်ထဲက AED 1 million တန်အခန်းကို AED 6သိန်းပဲပေးဝယ်ရပြီး ကျန်တဲ့ ပိုက်ဆံကိုအခန်းငှါးခကနေပေးလို့ရတဲ့အတွက် ပိုက်ဆံစိုက်ထုတ်ရမှု နည်းသွားပြီး ROI% များများပြန်ရစေတတ်ပါတယ်။
အထက်ပါအချက်အလက်တွေကတော့ ဒူဘိုင်း အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ မိမိရတဲ့အကျိုးအမြတ်က ဘယ်အချက်တွေပေါ်မူတည်ပြီး ကွာခြားသွားနိုင်လဲဆိုတာကို ပြောပြပေးထားတာပါပဲဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း ဒူဘိုင်းအိမ်ခြံမြေနဲ့ပတ်သတ်ပြီးသိသင့်တာတွေဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ ဖတ်ရှူပေးကြပါအုံး။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။